backup og meta

လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ

    သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။

    သို့သော် ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။

    ရောဂလေ့ကျင့်ခန်းများနှင့် လည်ပင်းဆစ်ချော်ခြင်း

    လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။

    အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။

    ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။

    အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။

    ကြွက်သားများကို သန်မာစေခြင်း

    ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။

    ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် ကျောရိုးကို အနေအထားမှန်စေခြင်း၊ လှုပ်ရှားမှုများကောင်းစေခြင်းတို့ကြောင့် လည်ပင်းဆစ်များလည်း ကျန်းမာလာခြင်းဖြစ်ပါသည်။

    ကြွက်သားများကို ဆန့်ထုတ်ခြင်း

    ရောဂလေ့ကျင့်ခန်း ပြုလုပ်နေစဉ်တွင် အနေအထားတစ်ခုတွင် ငြိမ်နေရခြင်းဖြစ်သည့်အတွက် ကြွက်သားများကို သန်မာစေရုံသာမက၊ ဆန့်ထုတ်ထားခြင်းကြောင့် အကြောများကို ပြေလျော့စေပါသည်။

    ထို့ပြင် ကြွက်သားများကိုဆန့်ထုတ်ထားခြင်းဖြင့် ပင်မကျောရိုးမဆီသို့ သွေးလည်ပတ်မှုကောင်းစေပြီး အလားတူပင် လည်ပင်းဆစ်နေရာများကိုလည်း သွေးပိုရောက်စေကာ နာကျဉ်ခြင်းကိုလည်း သက်သာစေပါသည်။

    ကိုယ်ဟန် အနေအထားနှင့် ဟန်ချက်ကို ထိန်းပါ။

    သင့် ခေါင်း၊ လည်ပင်း၊ ခါးနှင့် ပခုံးများကို အနေအထားမှန်အောင်း ဖြောင့်ဖြောင့်ထားခြင်းဖြင့် မှန်ကန်သော အနေအထားကို ရရှိစေပါသည်။

    မိမိကိုယ်ကို မိမိဂရုစိုက်တတ်လာခြင်း

    ရောဂလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် သင့်ခန္ဓါကိုယ်က လုပ်နိုင်သော အရာများ၊ မလုပ်နိုင်သောအရာများကို သိလာပြီး ထိုသို့ သင့်ကိုယ်သင်သတိထားမိလာခြင်းသည် အနာဂတ်တွင် သင့်ကျောရိုးကို ပိုဆိုးစေမည့် အရာများကို ကာကွယ်နိုင်သလို ပိုမဆိုးလာအောင်လည်း ထိန်းသိမ်းရာရောက်ပါသည်။

    သင်ပြုလုပ်နိုင်သော ရောဂလေ့ကျင့်ခန်းများ

    အချို့သော ညင်သာပြီး ဖြေးဖြေးပြုလုပ်ရသော ရောဂလေ့ကျင့်ခန်းများသည် အခုမှ စပြုလုပ်သောသူများ သို့မဟုတ် ခါးရိုးပြသနာရှိသူများအတွက် အထူးသင့်တော်ပါသည်။ ယင်းတို့မှာ

    · လျှံဂါ ရောဂ

    ထိုရောဂအမျိုးအစားသည် ကိုယ်ဟန်အနေအထားကို မှန်ကန်အောင် ပြုလုပ်ပေးနိုင်သည့်အတွက် သင့်ကိုယ်ဟန်အနေအထားများမှန်ကန်လာစေမည်ဖြစ်ပါသည်။

    · ဗီနီ ရောဂ

    ယင်းသည် အသက်ရှုသွင်း ရှုထုတ်ခြင်းများ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပြီး လည်ပင်းနှင့် ကျောနေရာတွင် နာကျင်သူများအတွက် သင့်တော်သော လေ့ကျင့်ခန်းဖြစ်ပါသည်။

    ရောဂလေ့ကျင့်ခန်း၏ သက်ရောက်မှုများနှင့် ဖြစ်နိုင်ချေများ

    ရောဂလေ့ကျင့်ခန်းသည် နည်းစနစ်မှန်ကန်စွာ နည်းပြသူတွင် သင်ကြားလျှင် အလွန်အကျိုးရှိပြီး စိတ်ချရသော လေ့ကျင့်ခန်းဖြစ်ပါသည်။

    ရောဂလေ့ကျင့်ခန်း၏ ထိခိုက်နိုင်ချေများသည် အင်မတန်နည်းပါးပါသည်။ သို့သော် ရှားပါးစွာပင် လေဖြတ်ခြင်း၊ အာရုံကြောများထိခိုက်ခြင်းတို့ကို ဖြစ်နိုင်ပါသည်။

    သင်သည် ကိုယ်ဝန်ရှိခြင်း၊ သွေးတိုးရောဂါရှိခြင်းစသည့် ကျန်းမာရေး အခြေအနေများရှိလျှင် ရောဂလေ့ကျင့်ခန်းကို အနေအထားပြောင်းလဲပြီး ပြုလုပ်သင့်ပါသည်။

    လည်ပင်းဆစ်ချော်ခြင်းအတွက် ရောဂလေ့ကျင့်ခန်းလုပ်မည့် အစီအစဉ်ရှိပါလျှင် အောက်ပါတို့ကို သိထားရမည်ဖြစ်ပါသည်။

    · ရောဂလေ့ကျင့်ခန်းသည် အပြောင်းအလဲတခုအနေဖြင့် ကုသခြင်းမျိုးမဟုတ်ပါ။ သင်လက်ရှိ ခံယူနေသော ဆေးကုသမှုများကို ရပ်ပြီး ရောဂလေ့ကျင့်ခန်းကိုသာလျှင် ပြုလုပ်ခြင်းမျိုးကို ရှောင်ကျဉ်ပါ။ သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး မှ ဆေးကုသမှုများကို ရပ်ခြင်း လျှော့ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။

    · ရောဂလေ့ကျင့်ခန်း မပြုလုပ်မီ သင့်ကျန်းမာရေး အခြေအနေကို ဆရာဝန်၊ ရောဂနည်းပြကို ပြောပြထားပါ။

    · သင့်ကိုယ်၊ ကျန်းမာရေး နှင့် သင့်စိတ်အခြေအနေသည် အခြားသူများနှင့် မတူညီနိုင်သောကြောင့် သင်ပြုလုပ်ရမည့်ရောဂလေ့ကျင့်ခန်းများလည်း ကွဲပြားနိုင်ပါသည်။ ထို့ကြောင့် သင်နှင့် သင့်တော်မည့် ရောဂလေ့ကျင့်ခန်းကို နည်းပြများ၊ ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ ပြုလုပ်ပါ။

    · ရောဂလေ့ကျင့်ခန်းမပြုလုပ်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ပါသည်။ ဥပမာအားဖြင့် သင်သည် အပူရောဂကို ကြိုက်နှစ်သက်သူဖြစ်ပါလျှင် ယင်းသည် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက် အပူချိန်တွင် ပြုလုပ်ရခြင်းမျိုးဖြစ်သည့်အတွက် မပြုလုပ်မီရေသောက်ထားခြင်းက သင့်ကို ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မည်။ သို့သော် နှလုံးရောဂါ၊ အဆုတ်ရောဂါများရှိလျှင် ထိုလေ့ကျင့်ခန်းကို မပြုလုပ်သင့်ပါ။

    ရောဂလေ့ကျင့်ခန်းမပြုလုပ်မီတွင် နည်းပြကောင်းကောင်းကို ရှာဖွေပါ။ သင့်ကို သင်ပြပေးသည့် နည်းပြအကြောင်းကို စုံစမ်းခြင်း၊ သူ့အောင်မြင်မှုများကို စုံစမ်းခြင်းများ ပြုလုပ်သင့်ပါသည်။

    အချုပ်ဆိုရသော် ရောဂလေ့ကျင့်ခန်းသည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဖြစ်သော လက္ခဏာများကို သက်သာစေပါသည်။ သို့သော် အချို့သော ပုံစံများသည် သင့်ကျန်းမာရေးနှင့် မသင့်တော်လျှင် မပြုလုပ်ပါနှင့်။

    ထို့ကြောင့် သင်နှင့် သင့်တော်သည့် ရောဂလေ့ကျင့်ခန်းပုံစံကို ရရှိနိုင်ရန် သင့်ကျန်းမာရေးအခြေအနေကို သင့်နည်းပြများ၊ ဆရာဝန်များအား ကြိုပြောပြထားရန် လိုအပ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement