ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 1 min read
Share now

ဖိနပ်က လူတစ်ယောက် ကျန်းမာရေးအတွက် တော်တော်လေး အရေးပါပါတယ်။ ဖိနပ်ရွေးချယ်တဲ့အခါ ဖိနပ်က ခိုင်ခန့်ရဲ့လား။ မြဲမြံရဲ့လား ဆိုတာ အပြင် ဖိနပ်ကို ချုပ်လုပ်ထားတဲ့ အသားက သက်တောင့်သက်သာ ရှိရဲ့လားဆိုတာကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

နောက်ထပ် သတိထားရမှာ တစ်ခုက ဖိနပ်က ဆိုဒ်မှန်ရဲ့လားဆိုတာပါ။ ဖိနပ်ဆိုဒ်ကို ကြီးနေရင်လည်း ထိခိုက်နိုင်သလို ဖိနပ်ဆိုဒ် သေးနေရင်လည်း မကောင်းပြန်ပါဘူး။

ဒါများ ဘာအရေးလဲ ခြေထောက်နဲ့ တိုင်းဝယ်မှာပေါ့လို့တော့ မပြောပါနဲ့။ ဖိနပ်လေးက လှတယ်။ အွန်လိုင်းကနေပဲ မှာလို့ရမယ်ဆိုရင် ဆိုဒ်မှန်ပြီး ခြေထောက် ထိခိုက်မှု မဖြစ်အောင် ဘယ်လိုများ ဝယ်မလဲပြော။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။

ဖိနပ်ဆိုဒ် မှန်မှန်စီးပါ။

ဖိနပ်ဆိုဒ် မှန်မှန်စီးတာက လှပဖို့ရော ကျန်းမာဖို့ပါ အထောက်အကူပြုနိုင်ပါတယ်။ ဖိနပ်က ဆိုဒ်မှန်မှန် စီးရင်တောင် ဖိနပ်ပေါက်တဲ့ ဒဏ်ကို ခံရတာပဲလေ။

ဒီလိုမှ မဟုတ်ဘဲ ဆိုဒ်သေးတာကို စီးတဲ့ အခါ ခြေချောင်းလေးတွေ ခေါက်နေတာ၊ ကျပ်တာကြောင့် အသားပွန်းတာ၊ အရေပြား ပွန်းပဲ့တာကနေ ပိုးဝင်တာတွေ ဖြစ်နိုင်သလို ခြေထောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတား ဖြစ်စေတာမျိုး တွေ ခံစားရနိုင်ပါတယ်။

ဖိနပ်ဆိုဒ်က ကြီးနေမယ်ဆိုရင်တော့ ချော်လဲတာ၊ ထိခိုက်မိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ လေဒီလေးအနေနဲ့ ထိခိုက်မှု ကင်းပြီး ဖိနပ်ဆိုဒ် မှန်မှန်လေးကို လှလှပပ စီးနိုင်စေဖို့ ဒီနည်းလေးအတိုင်း တိုင်းကြည့်ပါနော်။

ဖိနပ်ဆိုဒ် မှန်မှန် ဒီလို တိုင်းမယ်။

ခြေထောက်နဲ့ ကွက်တိကျပြီး သက်တောင့်သက်သာဖြစ်အောင် ဖိနပ်ဆိုဒ်ကို အမှန်ကန်ဆုံး ဖြစ်အောင် ရွေးတော့မယ်ဆိုရင်

  • စာရွက်ဖြူပေါ်မှာ ခြေထောက်ကို သေချာ ချပါ။
  • ပြီးရင် ခြေမ ကစလို့ ဖနောင့်ထိ ပါအောင် ခြေထောက်ပုံ ဆွဲပါ။
  • ပြီးရင် ၁၂ လက်မ ပေတံကိုယူပါ။
  • ခြေမထိပ်ကနေ ခြေဖနောင့်ထိ အကွာအဝေးကို စင်တီမီတာ (cm) နဲ့ တိုင်းပါ။

ဘယ်ဆိုဒ်လဲ။

ရလာတဲ့ စင်တီမီတာ (cm) က

  • ၂၂ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၄
  • ၂၂.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၅
  • ၂၃ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၆
  • ၂၃.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၇
  • ၂၄ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၈
  • ၂၄.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၃၉
  • ၂၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၄၀
  • ၂၅.၅ စင်တီမီတာ (cm) ဆိုရင် ဆိုဒ်နံပါတ် ၄၁ ပါ။ တိုင်းတဲ့အခါ စာရွက်အဖြူပေါ်မှာ ခြေထောက်ပုံကို သေချာ ချဆွဲပြီး တိုင်းမှ ဆိုဒ်မှန်ပါမယ်။

ကဲ …… ကိုယ်တိုင်ရွေးရွေး၊ အွန်လိုင်းကမှာမှာ ဖိနပ်ဆိုဒ် မှန်မှန်လေး မှာပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖိနပ်တစ်ရံကို လှလှပပလေး စီးကြဦးစို့နော်….. လေဒီတို့ရေ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းဆိုတာ ပုံမှန်အားဖြင့် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန် မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေပါ။ ဒါကိုဓာတ်မတည့်ခြင်း (ALLERGY) လို့ခေါ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် စမုန်စပါးပင်ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

လေဒီလေး အတော်တော်များများ လစဉ်တိုင်း ရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ ရာသီလာတဲ့အချိန်ပေါ့။ ပင်ပန်းတဲ့ကာလတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူး ကြိုက်ကြလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read