ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ဟန်ချက်ထိန်းနဲ့ အကြောဖြေလျှော့ လေ့ကျင့်ခန်းတွေက အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဟန်ချက်ထိန်းနိုင်ခြင်းက လှုပ်ရှားမှုတွေကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ကူညီပေးသလို ချော်လဲတာမျိုးကြောင့် မတော်တဆ ထိခိုက်တာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရိုးအဆစ်တွေ ထိခိုက်မှုကိုလည်း နည်းစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

မာဆတ်သွားကြမယ်

မာဆတ်သွားကြမယ် ဆိုလို့ ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့ အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။ မာဆတ်သွားကြမယ် မာဆတ်သွားကြမယ် ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိမှာပါ။ (၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း သင့်စိတ်နဲ့ ခန္ဓာမှာ တင်းကျပ်မှု၊ ဖိစီးမှုတွေရှိနေပြီ၊ နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓာကိုယ်ကနေ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။ အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ ခန္ဓာကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။ (၂) စိတ်ခံစားမှုကောင်းစေခြင်း အနှိပ်ခံခြင်းဟာ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ပြေးပြီး ဘယ်လို အကြောလျှော့မလဲ

ပြေးပြီး ဘယ်လို အကြောလျှော့မလဲ ပြေးလွှားခြင်းပြီးတဲ့နောက် မှာလုပ်ဆောင်တဲ့ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများ။ အကြောလျှော့ခြင်း- ဟာ ပြေးလွှားခြင်းအတွက် အရေးကြီးတဲ့ သွေးပူလေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်။ တကယ်တော့ အကြောလျှော့ခြင်းဟာ မပြေးခင်ရော၊ ပြေးပြီးချိန်မှာပါ အရေးကြီးပါတယ်။ ကျွန်ုပ်တို့အားလုံးသိထားတဲ့အတိုင်း ပြေးလွှားလေ့ကျင့်သူတစ်ယောက်အနေနဲ့ ပြေးလွှားပြီးချိန်မှာ မလုပ်သင့်တာလေးတွေရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ပြေးပြီး ပုံမှန်အနေအထားပြန်ရောက်အောင် လုပ်ရမယ့်အဆင့်ကို မလုပ်ဘဲကျော်လိုက်ခြင်း ပဲဖြစ်ပါတယ်။ အကြောလျှော့ခြင်းနဲ့ လမ်းလျှောက်ခြင်းဟာ အဲဒီအဆင့်မှာ ပါဝင်တဲ့ ပုံစံနှစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ကြပြီးနောက်မှာအိမ်ပြန်သွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလမ်းလျှောက်ခြင်းအပြင် အကြောလျှော့တာလေး အနည်းငယ်ထပ်ပေါင်း လုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ကြွက်သားလေးတွေကို ကြံ့ခိုင်ဖို့ နဲ့ ခန္ဓါကိုယ်ပျော့ပျောင်း နိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အဲလို အကြောလျှော့ဖို့ ကုန်သွားတဲ့အချိန်ဟာ အကျိုးရှိပါတယ်။   ဒါဆို ဘယ်လို အကြောလျှော့ကြမလဲ? Calf Stretch (ခြေသလုံးကြွက်သား အကြောလျှော့နည်း။) သင့်ရဲ့ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ပြီး […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ယောဂ၏ ကောင်းကျိုးများ

ယောဂ၏ ကောင်းကျိုးများ ယောဂ ကျင့်တဲ့အခါ သင့်စိတ်ရော၊ခန္ဓာပါ ပိုပြီး ကျန်းမာလာတယ်ဆိုတာ အမှန်တရားပါ။ အခု ဒီဆောင်းပါးလေးမှာတော့ သင်မသိလောက်သေးမယ့် ယောဂ၏ ကောင်းကျိုးများ ကို ဖော်ပြပေးသွားမှာပါ။ ယောဂ၏ ကောင်းကျိုးများ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ယောဂဟာ ခန္ဓာကိုယ်တစ်ခုတည်းကိုပဲ ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းမဟုတ်ပေမယ့် ယောဂကျင့်ခြင်းအားဖြင့် နာတာရှည်နာကျင်မှုဝေဒနာတွေဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာ၊ ကျောနာ၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာနဲ့ carpal tunnel syndrome လို့ခေါ်တဲ့ ခြေလက်တွေမှာ ဖြစ်လေ့ရှိသော ကြွက်သားနဲ့ အကြောဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂကျင့်ခြင်းဟာ သွေးပေါင်ကို ကျစေပြီး အိပ်မပျော်တာတွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ယောဂ ကျင့်ခြင်းရဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ အားကစားသမားတွေအတွက် စွမ်းဆောင်ရည် မြင့်မားလာခြင်း။ နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း။ ခန္ဓာကိုယ်ပျော့ပျောင်းခြင်း။ ဇီဝဖြစ်စဉ် […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

အကြောလျှော့လေ့ကျင့်ခန်း နှင့် ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ

အကြောလျှော့လေ့ကျင့်ခန်း နှင့် ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ အကြောလျှော့လေ့ကျင့်ခန်း အကြောလျှော့လေ့ကျင့်ခန်း က သင့် အဆစ်တွေကို ပျော့ပျောင်းစေပြီး အဆစ် တောင့်တင်းခြင်းကို ကာကွယ်ပေး တဲ့အပြင် လှုပ်ရှားမှုတွေ လေ့ကျင့်ခန်းတွေလုပ်နေစဉ် မှာလည်း အနာတရ ဖြစ်ခြင်းကို လျှော့ချပေး ပါတယ်။ ၅ မိနစ် ကနေ ၁၀ မိနစ် အထိ ညင်ညင်သာသာ အကြောလျှော့ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို သွေးပူစေပြီး လမ်းလျှောက်ခြင်း၊ ရေကူးခြင်းအစရှိတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ အတွက် အဆင်သင့် ဖြစ်စေပါတယ်။ တချို့ လူတွေကတော့ လေ့ကျင့်ခန်းလုပ်ပြီးမှ အကြောလျှော့တာကို ပိုနှစ်သက် ကြပါတယ်။ အဲဒါကလည်း အဆင်ပြေ ပါတယ်။ အကြောလျှော့လေ့ကျင့်ခန်းထဲမှာပါတဲ့ အချို့သော လေ့ကျင့်ခန်းတွေ ကတော့ - အခြေခံ အကြောလျှော့ခြင်း အားစိုက် အကြောလျှော့ခြင်း (ဥပမာ- […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်