မပြေးခင် အကြောလျှော့ပါ လို့ ပြောရတဲ့ အကြောင်းအရင်း
မပြေးခင်မှာ အကြောလျှော့ပါ လို့ ပြောရတာက မပြေးခင်မှာ အကြောလျှော့မယ် ဆိုရင် ကြွက်သားတွေအတွက် ကောင်းကျိုးများစေမှာ အသေအချာပါ။ မပြေးခင်မှာ အကြောလျှော့တာက ကြွက်သားတွေကို ပူနွေးစေပြီး သွေးလည်ပတ်မှုကိုကောင်းစေနိုင်တာကြောင့် ကြွက်သားတွေဒဏ်ဖြစ်တာမျိုး မဖြစ်နိုင်ပါဘူး။ ကြွက်သားတွေ တောင့်တင်းနေတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကြွက်သားတွေ စုတ်ပြဲတာမျိုးမဖြစ်စေဖို့ဆိုရင်လည်း မပြေးခင်မှာ အကြောလျှော့တာက အကောင်းဆုံးဖြစ်စေမှာပါ။ ဒါကြောင့် မပြေးခင်မှာ ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်လောက်အချိန်ပေးပြီး အကြောအရင်လျှော့ပါ။ ဒါမှ ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင်ရရှိမှု ကောင်းစေပြီး ခန္ဓာကိုယ်အတွက် အကျိုးများမှာပါ။
ကြွက်သားတွေကို ပြေလျော့စေပြီး လှုပ်ရှားမှုကောင်းစေတာကလည်း ခပ်သွက်သွက်လေးပြေးနိုင်အောင် အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ အဆစ်တွေထိခိုက်နိုင်ခြေကို နည်းစေသလို အဆုတ်ထဲကို လေဝင်ရောက်ရှိမှုလည်းကောင်းစေနိုင်ပါတယ်။
တစ်ခုသတိထားရမှာက အကြောလျှော့တဲ့အခါ နာကျင်တာမျိုး မဖြစ်စေဖို့ပါ။ အကြောလျှော့တာက သက်သောင့်သက်သာ မဖြစ်တာမှန်ပေမယ့် ခြေဖျားကို အတင်း လက်နဲ့ထိအောင် လုပ်တာမျိုးတော့ မလုပ်ပါနဲ့။ မီသလောက်ကနေစပါ။ တဖြည်းဖြည်းချင်းနဲ့ အဆင်ပြေလာမှာပါ။ အကြောလျှော့တဲ့အချိန်မှာ လေကို ရှူသွင်းရှူထုတ်လုပ်ဖို့ မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။