backup og meta

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

တစ်နေကုန် အထိုင်များလို့ ဖြစ်ဖြစ်၊ အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ် ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံ ချင်လိုက်တာ၊ နှိပ်ပေးမယ့်သူက မရှိဘူးဆိုသူလေးတွေရှိလား။ ဒါဆို အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ ကို ပြောပြပေးမယ်နော်။ ဖတ်ရင်း ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ ညောင်းညာနေမှုတွေကို ဖြေလျှော့လိုက်ရအောင်လား…………….

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ က ဘာတွေဖြစ်မလဲ။ ဖတ်ရင်း လိုက်လုပ်ကြည့်လိုက်ရအောင်လား။

  • Butterfly wings

ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းတွေက ခါးရိုးနဲ့ ဇက်ကြောပါ။ ကိုယ်နေဟန်ထားမှန်စေဖို့ ထောက်ပံ့ပေးသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေမှာပါ။

ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။

ပြီးရင် လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ယှက်ပြီး ဦးခေါင်းနောက်ဖက်မှာ ထားလိုက်ပါ။ လေကို တဝရှူသွင်းပါ။ ပြီးရင် လက်ကနေ ဖိအားပေးရင်း ခန္ဓာကိုယ်ကို အရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းချရင်း အသက်ရှူထုတ်ပါ။ ခဏနေပြီး ဖြည်းဖြည်းချင်း ပြန်မတ်ပါ။ ပြန်မတ်ရင်း လေကို ရှူသွင်းပါ။

၅ ကျော့လောက် လုပ်ပေးပါ။

  • Cat cow

ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းက ခါးအောက်ပိုင်းပါ။ ခါးအောက်ပိုင်း တင်ပဆုံက ကြွက်သားတွေကို ပြေလျော့စေပြီး အနေအထား မှန်စေဖို့ပါ။

ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ပထမ လေ့ကျင့်ခန်းလိုပဲ ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။ လက်နှစ်ဖက်ကို ဒူးပေါ်မှာ သက်သောင့်သက်သာ အနေအထားနဲ့ ထားပါ။

ပြီးရင် လေကို ဝအောင် ရှူသွင်းပြီး ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ဖြည်းဖြည်းချင်း ကိုင်းလိုက်ပါ။ ခဏလေးနေပါ။ ပြီးရင်ပခုံးတွေကို ပြန်မတ်ပါ။ ပြန်မတ်နေချိန်မှာ လေကို ရှူထုတ်ပါ။

၈ ကျော့လောက် လုပ်ပေးပါ။

  • Chair twist

ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းနာကျင်တာကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။

လေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ဒီလေ့ကျင့်ခန်းအတွက် နောက်မှီပါတဲ့ ထိုင်ခုံက အဆင်အပြေဆုံးပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။

အရင်ဆုံး အရှေ့တည့်တည့်ကို မျက်နှာမူ ထိုင်ပြီး လေကို ရှူသွင်းပါ။ ပြီးရင်ခုံနောက်မှီကို ကိုင်ပြီး ခါးကို ဘယ်ဘက်ကို လှည့်ပါ။ စက္ကန့် ၃၀ နေပါ။ လေကို ရှူသွင်း ရှူထုတ် ၅ ကြိမ် လုပ်ပေးပါ။ ပြီးရင် ရှေ့တည့်တည့် ပြန်ထိုင်ပါ။ နောက်တစ်ဖက် လုပ်ပါ။

တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးပါ။

  • Side bend

ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး ဗိုက်ကြွက်သားနဲ့ ရင်ဘတ် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။

လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ မတ်မတ်လေး ထိုင်ပါ။ လက်တစ်ဖက်ကို ထိုင်ခုံ အထိုင်ပြားကို ကိုင်ပါ။ လေကို တဝရှူသွင်းပါ။ နောက်တစ်ဖက်ကို မြှောက်လို့ ဆန့်ကျင်ဘက်ကို ကိုင်းလိုက်ပါ။ စက္ကန့် ၃၀ လောက်နေပါ။ လေကို ရှူထုတ်ပါ။

ပြီးရင် ပြန်မတ်ပါ။ လေကို ရှူသွင်းပါ။ နောက်တစ်ဖက်ကို ကိုင်းပါ။ ၁၀ ကျော့စီလောက် လုပ်ပေးပါ။

  • Chair pigeon

ခြေဖဝါးတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခါးအောက်ပိုင်း ကြွက်သားတွေကို ပြေလျော့စေတယ်။

လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။ ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး အခြားတစ်ဖက်ပေါ် တင်လိုက်ပါ။ ဒူးပေါ်ကို ခြေချင်းဝတ်တင်လိုက်တဲ့ သဘောပါ။

ပြီးရင် ခြေထောက်ကို လက်နဲ့ ကိုင်ရင်း အသက်ကို ဝအောင် ရှူပြီး ခန္ဓာကိုယ်ကို အရှေ့ကို ကိုင်းနိုင်သမျှ ကိုင်းပါ။ စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ပြန်မတ်ပါ။ နောက်တစ်ကျော့လုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေကို လုပ်ရတာခက်တယ်ဆိုရင်တော့ Youtubeမှာ လေ့ကျင့်ခန်း နာမည်လေးတွေနဲ့ ရှာပြီး လုပ်ပုံလုပ်နည်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Back Exercises to Make You Feel Like You’ve Just Had a Massage https://elemental.medium.com/this-10-minute-self-massage-routine-will-make-you-feel-much-better-9b1bc2c1714c Accessed Date 6 November 2020

Getting the Right Massage for Low Back Pain https://www.spine-health.com/blog/getting-right-massage-low-back-pain Accessed Date 6 November 2020

ယခုပုံစံ

21/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement