backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Obesity (အဝလွန်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Obesity (အဝလွန်ခြင်း)

Obesity (အဝလွန်ခြင်း) အကြောင်းကို လေ့လာကြည့်ရအောင်လား ……

Obesity (အဝလွန်ခြင်း) ဆိုတာ ဘာလဲ။

အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အဆီဓာတ်အလွန်များတဲ့အခြေအနေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ လူနာရဲ့ ခန္ဓာကိုယ်ပိုင်းထိခိုက်စေရုံသာမက တခြားသော ရောဂါများဖြစ်တဲ့ နှလုံးရောဂါဆီးချိုသွေးချိုနဲ့ သွေးတိုးခြင်းတို့ကိုလည်း ဖြစ်နိုင်စေပါတယ်။

အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်များခြင်းဟာ မတူညီတဲ့ သဘောတရားနှစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတာဟာ အရပ်အမြင့်ကိုလိုက်ပြီး ဖြစ်နိုင်ပြီး အဆီများခြင်းကြောင့်သာမက ကြွက်သားကြီးထွားခြင်းနဲ့ ခန္ဓာတွင်း ရေများနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနှစ်ရပ်လုံးက ကျန်းမာရေးအခြေအနေပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။

Obesity (အဝလွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

BMI 25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ၊ 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့ခေါ်ပါတယ်။ BMI ဆိုတာ လူတစ်ယောက် ကိုယ်အလေးချိန်များနေလား ဆိုတာ သိအောင် တိုင်းတာနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီမှာ အလွယ်တကူတွက်နိုင်ပါတယ်။

BMI = ကိုယ်အလေးချိန် (kg) / (အရပ်အမြင့်(m) x အရပ်အမြင့် (m))

လူအများစုအတွက် ခန္ဓာတွင်း အဆီပို ဘယ်လောက်ရှိလဲ ဆိုတာကို သိရှိရန် BMI က ကူညီပေးပါတယ်။ ဒါပေမယ့် BMI က အဆီကို တိုက်ရိုက်တွက်ပေးတာ မဟုတ်ပါဘူး။ ဥပမာ တချို့လူတွေမှာ အထူးသဖြင့် ကိုယ်ကာယ ကြံ့ခိုင်အောင် ကစားနေသော အားကစားသမားတွေရဲ့ BMI က အဆီပို မရှိသော်လည်း သူတို့ရဲ့ ကြီးထွားနေတဲ့ ကြွက်သား အလေးချိန်ကြောင့် ဝတဲ့ အထဲ ရောက်နေတတ်ပါတယ်။ ထို့ကြောင့် BMI ကို အားကိုးနေရုံနဲ့ သင့်ရဲ့ အဝလွန်နေမှုကို မသိရှိနိုင်ပါ။ သင့် BMI နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အဝလွန်ခြင်းကြောင့် ဆိုးရွားတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ သွေးတိုးခြင်း၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် အဆစ်ရောင်ခြင်း၊ မောခြင်း၊ အိပ်နေရင်း အသက်ရှူမဝခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို လည်း ဖြစ်စေပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင် ဝနေပြီလို့ထင်လျှင် အထူးသဖြင့် ကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နဲ့ ချက်ချင်းသွား ပြသင့်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်က ဖြစ်လာနိုင်တဲ့ ရောဂါအခြေအနေတွေနဲ့ ကိုယ်အလေးချိန်လျှော့ချရန် အတူ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

Obesity (အဝလွန်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မျိုးရိုးဗီဇ
  • မိသားစု နေထိုင်မှု ပုံစံ
  • ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားသောက်တတ်တဲ့ အကျင့်
  • ဆေးလိပ်သောက်ခြင်း
  • အအိပ်နည်းခြင်း
  • တချို့ဆေးဝါးများ
  • အသက်အရွယ်
  • လူမှုနှင့် စီးပွားရေး ပြသနာများ
  • ကျန်းမာရေး ပြသနာများ

Obesity (အဝလွန်ခြင်း) ကို ဘာတွေကဖြစ်စေသလဲ

အဝလွန်ခြင်းက ကယ်လိုရီတွေ အများကြီး စုပ်ယူခြင်းကြောင့် ဖြစ်ရပါတယ်။ တချို့လူတွေမှာ အကြောင်းအရင်း သေချာမရှိဘဲ အဝလွန်လာတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ( မိဘနှစ်ပါးဆီမှ ကလေးအတွက် ကိုယ်အလေးချိန်များစေတဲ့ မျိုးရိုးဗီဇများ ပါလာခြင်း)၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များ( စိတ်ဖိစီးလျှင် စားခြင်း) သို့ လူမှု ယဉ်ကျေးမှု ပြောင်းလဲလာခြင်း ( စားစရာတွေ ပိုပေါလာခြင်း) တို့ကြောင့် လဲ ဖြစ်နိုင်ပါတယ်။

Obesity (အဝလွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အဝလွန်ခြင်းကို အတည်ပြုနိုင်ရန် ဆရာဝန်က လက်တွေ့စမ်းသပ်ခြင်း၊ ကျန်းမာရေး၊ စားသောက်မှုပုံစံ နှင့် လေ့ကျင့်ခန်းလုပ်မှု အတိုင်းအတာ တို့ကို မေးမြန်းပါလိမ့်မယ်။

ထို့နောက် ဆရာဝန်က သင့်ရဲ့ ကိုယ်အလေးချိန်နှင့် ဆက်နွယ်တဲ့ ရောဂါများ ရှိနိုင် မရှိနိုင်အား သိနိုင်ရန် အသုံးအများဆုံးသော နည်းလမ်းနှစ်ခုနှင့် သင့် ရဲ့ ကိုယ်အလေးချိန်ကို တွက်ပါမယ်။

  • သင့် အရပ်အမြင့် နှင့် ကိုယ်အလေးချိန်ကိုသုံးပြီး အောက်ပါတွက်နည်းနှင့် BMI တွက်ပါမယ်။ BMI = weight (kg) / (height (m) x height (m))။ ထုံးစံအရ BMI 25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ နှင့် 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့သတ်မှတ်ပါတယ်။
  • ခါးအတိုင်း ( သင့်ရဲ့ ခါးပတ်ပတ်လည်ကို ပေကြိုးနှင့် ဘယ်နှလက်မရှိလဲ တိုင်းပါတယ်။) ခါးအတိုင်းတိုင်း ခြင်းဖြင့် သင့်ရဲ့ ခန္ဓာတွင်း အဆီဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။
  • Obesity (အဝလွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    အစားလျှော့စားခြင်း၊ လေ့ကျင့်ခန်းနဲ့ ခွဲစိတ်မှု စသဖြင့် နည်းလမ်းများစွာ ပါတယ်။ အာဟာရ ဆရာဝန်တွေက သင့်အစားအသောက်ထဲမှာ အဆီနဲ့ ကယ်လိုရီနည်းအောင် ချိန်ဆပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ တစ်နေ့တာ ကယ်လိုရီပမာဏ ဘယ်လောက်လိုအပ်လဲဆိုတာ သိချင်ရင် ဒီမှာ တွက်ချက်ကြည့်လိုက်ပါ။

    တချို့ ဆေးတွေက ကိုယ်အလေးချိန်ကျအောင် လှုံ့ဆော်ပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ပြီး ဆရာဝန် ညွှန်ကြားချက်ရှိမှသာ ဆေးသောက်သင့်ပါတယ်။

    တက်ကြွတဲ့ လူနေမှု ဘဝပုံစံ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို လိုက်နာနိုင်မှသာ ကိုယ်အလေးချိန်ကျပြီး ကျန်းမာလာမှာပါ။ ကိုယ်အလေးချိန်အား ဖြည်းဖြည်းမှန်မှန် ချခြင်းဟာ ကိုယ်အလေးချိန်ပြန်တက်ခြင်းကိုလည်း ရှောင်ကြဉ်ရာရောက်ပါတယ်။ အာဟာရဆရာဝန်က သင့်ကို အောက်ပါနည်းလမ်းတွေ သင်ပေးပါလိမ့်မယ်။

    • ကျန်းမာတဲ့ အစားအသောက်တွေကို ဘယ်လိုရွေးစားမလဲ
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်များ
    • မသုံးခင် အာဟာရပါဝင်မှုတံဆိပ်ကို ဖတ်နည်းများ
    • အစာပြုလုပ်ခြင်း နည်းလမ်းသစ်များ
    • အစာစားချိန်

    စိတ်ဖိစီးလျှင် လမ်းဘေးစာ မစားမိအောင် စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ယောဂ၊ လေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်းနည်းလမ်းတွေ လည်း သိထားသင့်ပါတယ်။ ဆိုးရွားတဲ့ စိတ်ကျခြင်း သို့ စိတ်ဖိစီးခြင်းရှိနေလျှင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

    တချို့ဆေးတွေကတော့ ကိုယ်အလေးချိန်ကျစေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။

    တကယ်လို့ သင်ဟာ ဝနေလျှင် ( စံကိုယ်အလေးချိန် ၁၀၀ ရာခိုင်နှုန်း ထက်များနေလျှင် သို့ BMI 45 ထက်များနေလျှင် )၊ တခြား ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းများ အသုံးမဝင်လျှင် ခွဲစိတ်ကုရန် စဉ်းစားရပါတော့မယ် ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဝလွန်ခြင်း ကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဝလွန်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • သင့်ကျန်းမာရေး အခြေအနေကို ဆရာဝန်ကို ပြောပြပါ။
    • သင်သုံးတဲ့ ဆေးတွေ အကုန် ဆရာဝန်ကို ပြောပြပါ။ ဆေးတစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားနေရလျှင် ဆရာဝန်ကို ပြောပြပါ။
    • ပညာရှင်များ ဦးဆောင်တဲ့ ကိုယ်အလေးချိန်ချအဖွဲ့တွေထဲ ပါဝင်ပါ။
    • သင့် လက်ရှိ ကိုယ်အလေးချိန်၊ BMI နဲ့ ခန္ဓာကိုယ်အဆီတို့ကို နားလည် သိရှိထားပါ။
    • သင် အစားအသောက်လျှော့ လေ့ကျင့်ခန်း လုပ်နေတာတောင်မှ ကိုယ်အလေးချိန်တက်နေသေးလျှင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • ကိုယ့်အခြေအနေကိုယ် လေ့လာနားလည်ခြင်းဖြင့် ဘယ်အရာတွေကို လုပ်ဆောင်သင့်တယ် ၊ ထိန်းချုပ်သင့်တယ်ကို သိလာနိုင်ပါတယ်။
    • ဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးထားပါ။ ။ ကိုယ်အလေးချိန်ကျရန် အများကြီး မျှော်မှန်းထားလျှင် လွယ်လွယ်ကူကူ စိတ်ပျက် အားလျော့ သွားတတ်ပါတယ်။
    • ကုသမှု အစီအစဉ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်ပါ။
    • ကုသမှုတစ်လျှောက် ပြောင်းလဲမှု ကို မှတ်သားထားပါ။ ။ သင်လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ခန်းနှင့် စားခဲ့တဲ့ အစားအသောက်တွေကို မှတ်သားထားပါ။ ဒီလို မှတ်ထားခြင်းဖြင့် စားသောက်ခြင်း နဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ဖြစ်ပါလိမ့်မယ်။ သင်ဘယ်အစားအစာတွေ ရှောင်ရမယ် ဘယ်လိုလှုပ်ရှားမှုမျိုး မလုပ်သင့်ဘူးဆိုတာလည်း သိလာပါလိမ့်မယ်။ သင့်စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေကို မှတ်ထားပြီး ရှောင်ကြဉ်ပါ။ တကယ်ဗိုက်ဆာမှသာ စားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement