backup og meta

တုပ်ကွေးနဲ့ဝေးဝေးနေရအောင်


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးနဲ့ဝေးဝေးနေရအောင်

    မိုးအေးအေးလေးနဲ့ အိပ်လို့ကောင်းသလို ကြည်လင်လန်းဆန်းစွာနိုးထရတဲ့ နံနက်ခင်းလေးက သဘောတွေ့စရာကောင်းတယ်နော်။ မိုးတွင်းက ပတ်ဝန်းကျင်လည်းအေးမြစိမ်းစိုလို့နေရတာကောင်းပေမယ့် မိုးအေးမှုနဲ့အတူပါလာတတ်တဲ့ တုပ်ကွေးကတော့ ခံရခက်သား။ ဒီတစ်ခေါက်မိုးတွင်း တော့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။

    မိုးတွင်းမှာ ဘာလို့ တုပ်ကွးအဖြစ်များတာလဲ……

    အေးမြတဲ့ရာသီဥတုမှာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရှင်သန်ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့အချိန်တွေမှာထက် အချိန်ကြာကြာပိုပြီး အသက်ရှင်နိုင်တာကြောင့်အေးမြတဲ့ရာသီဥတုတွေဖြစ်တဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာ အအေးမိတုပ်ကွေးအဖြစ်များကြတာပါ။

    တုပ်ကွေးနဲ့ခပ်ကင်းကင်းနေနိုင်စေမယ့် နည်းလမ်းတွေ

    တုပ်ကွေးကရှောင်လွှဲလို့ရတဲ့ရောဂါတစ်ခုပါ။ အခုပြောပြတဲ့နည်းလမ်းလေးတွေကို လိုက်နာလို့ မိုးတွင်းကို တုပ်ကွေးကင်းကင်းနဲ့ဖြတ်ကျော်ရအောင်လား။

    အာဟာရြပည့်ဝအောင်စားပါ

    ဒါကတော့ တုပ်ကွေးတင်မဟုတ်ဘဲရောဂါပိုးတိုင်းကို တိုက်ထုတ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအား ကောင်းပြီးရောဂါပိုးတွေကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်နဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။

    အိပ်ရေးဝပါစေ

    တစ်ညတာမှာ အနည်းဆုံး အိပ်ချိန်ကို ၇ နာရီလောက်တော့ရှိအောင်အိပ်ပေးပါ။ ညဉ့်နက်တဲ့အထိ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာမျိုးတွေ၊ အလုပ်လုပ်တာမျိုးတွေမလုပ်ပါနဲ့။

    တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

    နေ့စဉ်ပုံမှန်ရေချိုးပေးတာ၊ခြေသည်းလက်သည်းညှပ်တာနဲ့ခေါင်းလျှော်တာအပါအဝင် လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေကိုသေချာလေးဂရုစိုက်ပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာကရောဂါပိုးတွေကို ကာကွယ်တဲ့ ရိုးစင်းတဲ့နည်းလမ်းတွေထဲက တစ်ခုပါ။ အစားမစားခင်၊ အပြင်ကပြန်လာတိုင်း၊ရေအိမ်ကထွက်တဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောပေးပါ။

    နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ

    နေထိုင်ရာ အိမ်။ ရုံးခန်းတွေကို သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။ ဖုန်တွေဖယ်ရှားပါ။နေ့စဉ် ဖုန်း၊ရီမုခ် နဲ့ ဖုန်းတွေကနေစလို့နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ကော်ဇောတွေကိုလည်း သန့်ရှင်းဖို့ မမေ့ပါနဲ့။

    လေ့ကျင့်ခန်းလုပ်ပါ

    တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခံအားကောင်းစေနိုင်သလိုနေ့ရက်တိုင်းမှာ တက်ကြွလန်းနေစေမှာ အသေအချာပါ။ အနည်းဆုံး လမ်းလျှောက်တာလောက် ပုံမှန်လုပ်ပေးပါ။

    ကာကွယ်ဆေးထိုးပါ

    အထိရောက်ဆုံးနည်းလမ်းတစ်ုပေါ့။ တုပ်ကွေးရာသီမစလာခင်ကတည်း ကတုပ်ကွေးကာကွယ်ဆေးထိုးထားလိုက်တာက တစ်ရာသီလုံး စိတ်အေးလက်အေးနဲ့ တုပ်ကွေးကို ခပ်ကင်းကင်းနေနိုင်စေမယ့်နည်းလမ်းတစ်ခုပါ။

    ဆေးလိပ်နဲ့အရက်လျှော့သောက်ပါ

    အရက်နဲ့ဆေးလိပ်သောက်သုံးမှုက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် အခုလို ချမ်းစိမ့်စိမ့်ရာသီလေးမှာ တုပ်ကွေးပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ဆေးလိပ်ကိုလျှော့သောက်ပါ။

    မဖြစ်ခင်က ကာကွယ်ခြင်း ကကုသခြင်းထက်ထိရောက်တယ်ဆိုတော့ အခုပြောတဲ့နည်းလေးတွေအတိုင်း လိုက်နာလို့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေရအောင်လား…. Hello ဆရာဝန်ပရိသတ်ကြီးရေ………………………..

    Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement