backup og meta

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ …… လည်ချောင်းတွေ ယားပြီး တဟွတ်ဟွတ် ဆိုးနေတဲ့ ချောင်းနဲ့ နှာတချေချေ ဖြစ်နေပြီဆို ဇာတ်လမ်းတော့ စပြီလို့ သိကြမှာပါနော်။ နှာရည်ကျတာ၊ ကိုယ်လက် နည်းနည်း ကိုက်ခဲလာတာဆို သေချာနေပါပြီ။ ဒါပေမယ့် ရိုးရိုး အအေးမိတာ ထင်ပြီး ကြက်စွပ်ပြုတ်ပဲ သောက်နေတာထက် ဘယ်အချိန်မှာ ဆရာဝန် ပြသင့်ပြီလဲ ဆိုတာ သိထားသင့်ပါတယ်။

    အအေးမိ၊ တုပ်ကွေး ဆိုတာ ရာသီဥတု အေးတဲ့အခါ အဖြစ်များတဲ့၊ ပြန့်ပွားလွယ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ အချိန်ဆို တတ်နိုင်ရင် အလုပ်၊ ကျောင်းမသွားသင့်သလို လူများတဲ့ ပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ မားကတ်တွေကို ရှောင်သင့်ပါတယ်။ အများအားဖြင့်တော့ လက္ခဏာတွေက သိပ် မပြင်းထန်တတ်ဘဲ ကိုယ်ခံအားနဲ့ သက်သာသွားတတ် ပေမယ့် အိမ်မှာပဲ သက်သာအောင် နေရာကနေ ၂၄ နာရီ အတွင်း အဖျား မကျဘူးဆိုရင် ဆေးခန်း ပြသင့်ပါတယ်။ ဝေဒနာ ပိုဆိုးလာပြီ ဆိုရင်တော့ ရောဂါပိုး ဝင်တာ တစ်ခုခု ရှိနေနိုင်ပါတယ်။

    တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ ဆိုတော့

  • အသက်ရှူရ အဆင်မပြေဘူး၊ ရင်ဘတ် အောင့်လာတယ်
  • အအေးမိ တုပ်ကွေး ဖြစ်တိုင်း အသက်ရှူရ ခက်တာ၊ ရင်ဘတ် အောင့်တာတွေ မဖြစ်စေလောက်ပါဘူး။ တကယ်လို့ ဒီလက္ခဏာတွေ ဖြစ်လာပြီ ဆိုရင်တော့ ပန်းနာရင်ကျပ် သို့မဟုတ် အဆုတ်ရောင် နမိုးနီးယားတို့လို ရောဂါပိုးဝင်တာတွေ ဖြစ်နေနိုင်ပါတယ်။

  • အဖျား မကျဘူး
  • အိမ်မှာ ဂရုစိုက်ရင်း ကိုယ်အပူချိန် မကျဘူး၊ မသက်သာဘူး ဆိုရင် ကုသမှု လိုအပ်နေတဲ့ ရောဂါ ကူးစက်ခံရမှု တစ်ခုခု ရှိနေနိုင်ပါတယ်။ယေဘုယျအားဖြင့် လူကြီး တစ်ယောက်ရဲ့ ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ဆိုရင် အဖျား ရှိတယ်လို့ ယူဆရပါတယ်။

    • မျိုချလို့ မရဘူး

    ဒါ ပုံမှန် မဟုတ်ပါဘူး။ လည်ချောင်းနာတယ် ဆိုတာက တစ်ခုခု မျိုချတိုင်း နည်းနည်း နာတာပဲ ရှိပေမယ့် ရေနဲ့အစာ ဘာမှ မျိုချမရလောက်အောင် နာကျင်နေတယ် ဆိုရင်တော့ ရောဂါပိုး ဝင်တာ ဒါမှမဟုတ် ထိခိုက်ထားတာ ရှိနေနိင်လို့ ဆရာဝန် ပြဖို့ လိုအပ်ပါတယ်။

    • ချောင်းတအားဆိုးတယ်

    မရပ်မနား ချောင်းဆိုးတာ ပြင်းထန်တယ်ဆိုရင် ဆေးဝါး အကူအညီ လိုအပ်နေပါပြီ။ တော်ရုံနဲ့ မသက်သာဘဲ ဆက်တိုက် ဆိုးနေတယ်ဆို ဆရာဝန် ပြပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒါမှ လိုအပ်သလို ပဋိဇီဝဆေးဝါးတွေကို ညွှန်ကြားပေးပါလိမ့်မယ်။

  • နှာစေးနှာပိတ်နဲ့ ခေါင်းကိုက်ဝေဒနာ မသက်သာဘူး
  • နှာစေးနှာပိတ်ခြင်းနဲ့ နှာခေါင်းကို ချွဲတွေနဲ့ ပိတ်ဆို့စေတဲ့ ဓါတ်မတည့်မှုတွေကြောင့် နှာခေါင်းလမ်းကြောင်းရောဂါပိုးဝင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အအေးမိသက်သာစေတဲ့ဆေးတွေနဲ့တင် မရတော့ဘူး၊ နှာစေးတာခေါင်းကိုက်တာ ဆိုးနေတုန်းပဲဆိုရင် ဆရာဝန်ကုသမှုကို လိုအပ်နေပါပြီ။

    ကိုယ့်မှာ အအေးမိတုပ်ကွေး ဖြစ်နေပြီဆိုနောက်ထပ်အရေးကြီးတာတစ်ခုက ကိုယ့်ဆီကနေ တခြားသူတွေဆီပြန့်ပွားမသွားအောင်ဆင်ခြင်ပေးဖို့ဖြစ်ပါတယ်။ဆေးခန်းကပြန်လာပြီး အိမ်မှာပဲနေရင်း မိသားစုဝင်တွေကို မကူးစက်အောင် နှာချေ၊ ချောင်းဆိုးတိုင်း တစ်သျှူး သို့မဟုတ် ပဝါနဲ့အုပ်ပါ၊ နှာခေါင်းစည်းသုံးပါ၊ မဖြစ်မနေအပြင်သွားရမယ်ဆို နှာခေါင်းစည်း တပ်သွားပါ၊ ရောဂါပိုးတွေ မပြန့်စေဖို့ လက်ကို မကြာခဏဆေးကြောပါ။

    မကုသရင် ပိုဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေတွေဖြစ်လာနိုင်တယ်

  • အဆုတ်ကို ရောဂါပိုး ဝင်ခြင်းဖြစ်တဲ့ နမိုးနီးယား ဖြစ်နေပြီဆိုရင် သေချာ ကုသသင့်ပါတယ်။ မကုသခဲ့ရင် အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။
  • ကြွက်သားမျှင်များ ရောင်ရမ်းခြင်း(myositis)
  • ဗဟိုအာရုံကြောစနစ် နဲ့ဆိုင်တဲ့ရောဂါတွေ၊
  • နှလုံး ရုတ်တရက် ရပ်ဆိုင်းခြင်း၊ နှလုံး ကြွက်သား ရောင်ရမ်းခြင်းလို နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ၊
  • နှလုံးကျပ်ခြင်း၊ ပန်းနာရင်ကျပ် သို့မဟုတ် ဆီးချိုသွေးချို လိုမျိုး နာတာရှည်ရောဂါတွေကို ပိုဆိုးစေတာတွေ ဖြစ်လာနိုင်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement