backup og meta

ကလေးသွားပိုးစားခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသွားပိုးစားခြင်း

    ကလေးသွားပိုးစားခြင်း (Baby bottle tooth decay ) ဆိုတာဘာလဲ။

    ကလေးများမှာ ဖြစ်လေ့ရှိတဲ့ သွားပိုးစားခြင်းကို baby bottle tooth decay ကလေးသွားပိုးစားခြင်းလို့ခေါ်ပါတယ်။ အချိုအရသာ ထည့်သွင်းထားသော ဖျော်ရည်များ၊ နွားနို့၊ အသီးဖျော်ရည် အစရှိတဲ့ သဘာဝ အချိုဓါတ်ပါဝင်သော အရည်များ သောက်သုံးသောအခါထိုအချိုဓါတ်များသည် ကလေးများ၏ သွားများကြားထဲတွင် အချိန်အတော်ကြာတည်ရှိခြင်းဖြင့် ထိုသွားပိုးစားခြင်း (baby bottle tooth decay)ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ ထိုအချိုဓါတ်တွေနဲ့ အာဟာရပြုပြီး အက်စစ်တွေ ထုတ်လုပ်ခြင်းအားဖြင့် သွားများကို ထိခိုက်စေနိုင်ပါတယ်။ ရလဒ်ကတော့ ကလေးတွေမှာ ပြင်းထန်တဲ့ သွားပိုးစားခြင်း (baby bottle tooth decay) ကို ဖြစ်စေတော့တာပါပဲ။

    ရောဂါလက္ခဏာများ

    ကလေးသွားပိုးစားခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    လူကြီးတွေသွားပိုးစားတာနဲ့ မတူညီတာကတော့ လူကြီးတွေမှာ သွားပိုးစားခြင်းဟာ တိုက်ရိုက်မမြင်နိုင်တဲ့ နေရာတွေမှာ ဖြစ်လေ့ရှိပြီး ကလေးတွေမှာတော့ ရှေ့သွားတွေရဲ့ သိသာထင်ရှားတဲ့ နေရာများတွေမှာ ဖြစ်ပွားလေ့ရှိပါသည်။ ကလေးရဲ့သွားတွေဟာ ဖြည်းဖြည်းချင်း အားနည်းလာတဲ့ အချိန်တွေမှာ ပျက်စီးမှုတွေကို မမြင်ရသေးတာကြောင့် မိဘတွေကလည်း စိတ်အေးချမ်းသာစွာနေတတ်ကြပါတယ်။ သွားတွေကို ကာကွယ်ပေးထားတဲ့ကြွေလွှာပျက်စီးသွားပြီဆိုရင်တော့ အရုပ်ဆိုးစေမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ သွားပျက်စီးခြင်း အရှိန် ဟာ ပိုမြန်လာပါတော့တယ်။

    ကုသခြင်း

    အချို့ရိုးရှင်းသော ဂရုစိုက်မှုလေးတွေက ဒီပြဿနာမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ ခံတွင်းကျန်းမာရေးနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ဂရုစိုက်ပေးရမှာပါ။

  • ကလေးတွေကို အစာကျွေးပြီးတိုင်း သွားဖုံးများကို သန့်ရှင်းသော ဂွမ်းစ သို့မဟုတ် အဝတ်စဖြင့် သန့်ရှင်းပေးပါ။
  • ကလေးတွေ သွား စထွက်လာသည့်အချိန်မှစပြီး သွားတိုက်ဆေး အသုံးမပြုဘဲ သွားတိုက်ပေးပါ။
  • သွားမထွက်သေးတဲ့ သွားဖုံးနေရာတွေကိုတော့ သန့်စင်ပြီးဖိပေးပါ။
  • သွားတွေအားလုံးထွက်လာပြီဆိုရင်တော့ သွားကြားသန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ပေးပါ။
  • ဖလိုရိုက်ဟာ သွားပိုးပေါက်များဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အတွက် ကလေးတွေမှာ ဖလိုရိုက်ပမာဏ လုံလုံလောက်လောက် ရရှိအောင် ဂရုစိုက်ပေးပါ။ လက်ရှိသောက်သုံးနေသောရေတွင် ဖလိုရိုက်မပါဝင်ပါက လိုအပ်တဲ့ ပမာဏကို ဘယ်လိုရယူရမလဲဆိုတာ နီးစပ်ရာ ဆရာဝန် သို့မဟုတ် သွားဆရာဝန် တစ်ဦးဦးထံ မေးမြန်းသင့်ပါတယ်။

    ကလေးများအတွက် ပုံမှန် သွားကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပေးပါ။ သွားဆရာဝန်တွေကတော့ ကလေးတွေအတွက် သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ special sealant coating တွေကိုပေးလေ့ရှိပါတယ်။ မကောင်းတဲ့အကျင့်ကို ပြုပြင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ တကယ်လို့ သင့်ကလေးဟာ အချိုရည်တွေ သောက်လေ့ရှိတာ သို့မဟုတ် သောက်ပြီးအိပ်လေ့ရှိတယ်ဆိုရင် ဒီအလေ့အထကို ခုပဲ ရပ်လိုက်ပါ။ ဒီရောဂါအခြေအနေဖြစ်လာခြင်းကို ရပ်တန့်နိုင်ဖို့အတွက် ဘူးထဲပါဝင်တဲ့အရည်တွေမှာ ရေကို အနည်းငယ်စီရောပြီး ၂ပတ် ၃ပတ်ခန့်ဖြည့်ဖြည်းချင်းတိုက်ပါ။ ဒီအချိန်တွေပြီးဆုံးသွားပြီဆိုရင်တော့ ဘူးထဲမှာ ရေသာထည့်ပြီးတိုက်လိုက်ပါ။ ငယ်သွားများကို ဂရုစိုက်ခြင်းသည် နောင်တစ်ချိန် ကျန်းမာ ခိုင်ခံ့သော သွားများရရှိစေရန် ဖြစ်သည် ဆိုတာကို မမေ့ပါနဲ့။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    ကလေးရဲ့သွားမှာ သွားပိုးပေါက်တွေဖြစ်နေတာကို သင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါကြောင့် သွားတွေထွက်လာပြီဆိုတာနဲ့ သွားကျန်းမာရေးစစ်ဆေးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့က အရေးကြီးတာပေါ့။ ဒါပေမယ့် မူမမှန်တာတစ်ခုခုတွေ့ပြီဆိုရင် သင့်ကလေးကို သွားဆရာဝန်ဆီအမြန်ဆုံးခေါ်သွားပါ။

    ကာကွယ်ခြင်း

    ဘယ်လိုကာကွယ်ရမလဲ

    သွားပိုးစားခြင်းကို ကာကွယ်ဖို့အတွက် အစာကျွေးတဲ့နေရာမှာ-

    • သင့်ကလေးရဲ့ နို့ဘူးထဲကို အသီးဖျော်ရည်၊ ပရိုတိန်းဖျော်ရည်၊ အချိုရည် ကဲ့သို့ သကြားပမာဏများသော အရည်များ မထည့်ပေးပါနဲ့။
    • သင့်ကလေးကို သိပ်ရာမှာ ရေထည့်ထားသော နို့ဘူးဖြင့်သာ သိပ်ပါ။ အသီးဖျော်ရည်၊ နို့ စတာတွေနဲ့ မသိပ်ပါနဲ့။
    • ၆လမှ၁နှစ်အရွယ်ကလေးကိုသာ နို့ဘူးသောက်တတ်ဖို့သင်ကြားပေးပါ။
    • ကလေးအိပ်ပြီဆိုတာနဲ့ နို့ဘူးကိုယူလိုက်ပြီး ချော့သိပ်တာကိုလည်းရပ်လိုက်ပါ။

    ဖျော်ရည်တွေ နို့တွေထည့်ထားတဲ့ နို့ဘူးနဲ့ လမ်းလျှောက်နေတာမျိုးကို ခွင့်မပြုပါနဲ့။ နို့သီးခေါင်းတုများကိုကြာရှည်စွာမသုံးစွဲပါနဲ့။ နို့သီးခေါင်းတုထိပ်မှာ ပျားရည်၊ သကြားရည် သုတ်လိမ်းခြင်းကိုလည်း ရှောင်ကြဉ်ပါ။

    ကလေး အသက် ၆လမှစပြီး ခွက်နဲ့ သောက်သုံးတတ်အောင် သင်ပေးပါ။ ၁၂လ မှ ၁၄လ အရွယ်မှာ နို့ဘူးဖြတ်ပါ။

    တစ်ရက်တစ်ရက် အစာစားချိန်တွေမှာ ဖျော်ရည်တွေကို ၆အောင်စထက်ပိုပြီးမတိုက်ပါနဲ့။

    ကလေးတွေရဲ့သွားတွေကို ဂရုစိုက်ပေးတဲ့အခါအသုံးဝင်မယ့်အချက်တွေကတော့

    ကလေးတွေရဲ့ ခံတွင်းမှာ စားကြွင်းစားကျန်များ မကျန်ရှိစေဖို့အတွက် အစားအစာကျွေးပြီးတိုင်း သွားနဲ့သွားဖုံးတွေကို သန့်ရှင်းသော အဝတ်စ သို့မဟုတ် ဂွမ်းစဖြင့် ညင်သာစွာ သန့်ရှင်းပွတ်တိုက်ပေးပါ။

    သွားစပေါက်သည့်အချိန်မှစပြီး သွားတိုက်ပေးပါ။ အနည်းဆုံး အိပ်ရာမဝင်ခင် တစ်ကြိမ် သင်နဲ့အတူ သွားတိုက်ပေးပါ။ ကလေးဟာ ငယ်လွန်းသေးတာ သို့မဟုတ် လမ်းလျှောက်တတ်စအရွယ်လေးဆိုရင် ဖလိုရိုက်မပါဝင်တဲ့ သွားတိုက်ဆေး အနည်းငယ်ကို သန့်ရှင်းတဲ့အဝတ်စထဲထည့်ပြီး သွားတွေကို ညင်သာစွာ ပွတ်တိုက်သန့်စင်ပေးပါ။ သင့်ကလေးက ပါးစပ်ထဲက သွားတိုက်ဆေးတွေကို အကုန်ထွေးထုတ်နိုင်ပြီဆိုရင် ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးကို ပြောင်းသုံးနိုင်ပါပြီ်။ အသက်အနည်းငယ်ကြီးတဲ့ကလေးတွေအတွက်တော့ နူးညံ့ပြီး နိုင်လွန်အမွေးတွေပါဝင်တဲ့ သွားတိုက်တံကိုသုံးပေးပါ။ သွားတိုက်ဆေး အနည်းငယ်သာသုံးပါ။ (ပဲစေ့ခန့်အရွယ်အစားထက်မပိုပါစေနဲ့)။

    ငယ်သွားတွေအားလုံး စုံပြီဆိုရင် ကြိုးမျှင်ဖြင့် သွားကြားသန့်ရှင်းခြင်း (flossing) ကို စတင်ပြုလုပ်သင့်ပါသည်။ (များသောအားဖြင့် အသက်၂နှစ်ခွဲလောက်မှာဖြစ်တတ်ပါတယ်)

    သင့်ကလေးက အသက် ၆လနှင့် ဖလိုရွိုက်ပါဝင်တဲ့ရေကိုသုံးပါ။ ဒါမှမဟုတ် ရေမှာ ဖလိုရွိုက်မပါဘူးဆိုရင် ဖလိုရွိုက်အားဖြည့်ဆေး (supplement)တွေကိုသုံးပါ။ ရေသန့်ဘူးသောက်မယ်ဆိုရင်တော့ ဖလိုရွိုက်ပါတာသေချာပါစေ။

    သင့်ကလေးရဲ့ သွားတွေကို ပုံမှန် ဂရုစိုက်ပေးပါ။ ငယ်သွားစုံတဲ့အချိန် သို့မဟုတ် အသက် ၂နှစ် နှင့် ၃နှစ် အရွယ်တွေမှာ သွားဆေးခန်းကိုခေါ်သွားပေးပါ။ (ဒီဖြစ်ရပ်၂ခုထဲက ဘယ်ဟာအရင်လာလာ သွားဆေးခန်းကိုခေါ်သွားပါ။)

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement