backup og meta

ခြေစွယ်လက်စွယ်ငုတ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေစွယ်လက်စွယ်ငုတ်နေပြီလား

    ကွဲတာရှတာလည်းမရှိဘဲခြေထောက်ကို အားပြုလိုက်တိုင်းနာတယ်။ လက်ချောင်းလေးတွေကလည်း ထိခိုက်ထားတာမျိုးမရှိဘဲ နာနေတယ်။မြင်မိတာဆိုလို့လည်းခြေချောင်းလက်ချောင်းလေးတွေဘေးမှာရောင်နေတာလောက်ပဲတွေ့ရတယ်။ ဘာဖြစ်တာလဲ မသိဘူးလို့များဖြစ်နေတာလား။ ဒါကခြေစွယ်လက်စွယ်ငုတ်နေတာဖြစ်ဖို့များပါတယ်။ ဒါဆို ဆရာဝန်သွားပြဖို့လိုမှာလား။ မလိုသေးပါဘူးနော်။ အရင်ဆုံးနေအိမ်မှာခြေစွယ်လက်စွယ်ငုတ်တာကိုပြုစုလို့ရမယ့် နည်းလမ်းလေးတွေကိုပြောပြပေးမယ်နော်။

    ခြေစွယ်လက်စွယ်ငုတ်တယ်ဆိုတာ

    ခြေသည်းလက်သည်းအစွန်းလေးတွေက အသားထဲနစ်ဝင်နေတာပါ။ ဒီလိုဖြစ်တဲ့အခါ နာကျင်မှုနဲ့အတူခြေသည်း လက်သည်းပတ်ဝန်းကျင်မှာရောင်ရမ်းတာ၊ နီမြန်းတာ၊ပြည်တည်တာလိုမျိုးတွေ့ရနိုင်ပါတယ်။ခြေစွယ်လက်စွယ်ငုတ်တာက လူတိုင်းလိုလိုမှာဖြစ်နိုင်ပါတယ်။

    ဒီအချက်လေးတွေကခြေစွယ်လက်စွယ်ငုတ်တာကိုဖြစ်စေနိုင်ပါတယ်နော်။

    • ခြေချောင်း၊ လက်ချောင်းလေးတွေကို တစ်ခုခုနဲ့ အားပြင်းပြင်းတိုက်မိတာ
    • ခြေသည်းလက်သည်းတွေကို အတွင်းနှိုက်ညှပ်တာ
    • ခြေသည်းလက်သည်းတွေကိုလေးထောင့်ကျကျခပ်တိုတိုညှပ်တာ
    • ဖိနပ်ကျပ်ကျပ်တွေဝတ်တာ
    • ခြေဗလာနဲ့ပြေးလွှားဆော့တာ၊ဘောလုံးကန်တာတွေကြောင့်ခြေစွယ် လက်စွယ်ငုတ်တတ်ပါတယ်။

    ဒီလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်

    ခြေစွယ်လက်စွယ်ငုတ်တဲ့အခါ

    • ခြေသည်းလက်သည်းတဝိုက်မှာရှိတဲ့ အရေပြားက ထိလိုက်တိုင်းနာနေမယ်
    • နီရဲရောင်ရမ်းနေမယ်
    • ခြေသည်းလက်သည်းအစွန်းလေးက အသားထဲနစ်ဝင်နေမယ်
    • ပြည်တည်နေမယ်

    နေအိမ်မှာပဲ ဘယ်လိုသက်သာအောင်လုပ်မလဲ

    ခြေစွယ်လက်စွယ်ငုတ်တာကိုနေအိမ်မှာပဲ သက်သာအောင်လုပ်လို့ရပါတယ်။ နည်းလမ်းလေးတွေကတော့ –

    ရေနွေးစိမ်ပေးပါ – ခြေစွယ်လက်စွယ်ငုတ်နေတဲ့ လက်ချောင်း၊ခြေချောင်းလေးတွေကိုရေနွေးထဲမှာ ၁၅ မိနစ် ကနေ မိနစ် ၂၀လောက် တစ်နေ့ကို ၄ ကြိမ် စိမ်ပေးပါ။ ဒီလိုစိမ်ပေးတာကခြေစွယ်လက်စွယ်ငုတ်တာကြောင့် နီမြန်းရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

    ခြေစွယ်လက်စွယ်ငုတ်နေတဲ့ခြေသည်လက်သည်းအောက်ကို ဂွမ်းစခပ်ပါးပါးလေးထည့်ထားပါ -ရေနွေးစိမ်ပြီးပြီဆိုရင်ခြေစွယ်ငုတ်နေတဲ့ ခြေသည်း ဒါမှမဟုတ် လက်သည်း အစွန်းအောက်ဘက်ကို ခပ်ပါးပါးဂွမ်းစသန့်သန့်လေးကို ထည့်ထားပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာကခြေစွယ်လက်စွယ်လေးတွေကို အရေပြားအပေါ်တက်လာစေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

    ပဋိဇီဝဆေးတစ်ခုခုလူးပေးပါ -ခြေစွယ်လက်စွယ်ငုတ်နေတဲ့နေရာကို ပဋိဇီဝဆေးတစ်ခုခုလူးပေးပြီး ပလာစတာ ဒါမှမဟုတ် ပိုးသတ်ထားတဲ့ ပတ်တီးစ ခပ်သန့်သန့်လေးနဲ့ ဖုံးအုပ်ထားပေးပါ။

    အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပါ – တကယ်လို့ ခြေစွယ်လက်စွယ်ငုတ်တဲ့နေရာက အရမ်းနာနေမယ်ဆိုရင်ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုခုကိုသောက်ပေးပါ။ ဒါက အနာရှိန်ကြောင့် ကိုက်ခဲတာကိုသက်သာစေနိုင်မှာပါ။

    ခြေစွယ်လက်စွယ်ငုတ်တာက အရမ်းပြင်းထန်တဲ့ဝေဒနာမဟုတ်ပေမယ့်သေချာဂရုမစိုက်ဘူးဆိုရင်တော့ ပိုးဝင်တာ၊ အနာရင်းတာ၊ ဖျားနာတာနဲ့ခြေသည်းလက်သည်းတွေထိခိုက်ပျက်စီးတာမျိုးအထိဖြစ်နိုင်ပါတယ်။

    ဒီလိုအခြေအနေတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပါ

    တကယ်လို့ ခြေစွယ်လက်စွယ်ငုတ်တာက အခုပြောတဲ့အခြေအနေတွေအထိပြင်းထန်လာပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ သွားရောက်ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

  • အရမ်းနာနေမယ်
  • နာတာက အရင်ထက်ပိုဆိုးလာမယ်
  • ခြေချောင်းထိပ်တစ်ခုလုံး ဒါမှမဟုတ် လက်ချောင်းထိပ်တစ်ခုလုံး နီရဲရောင်ရမ်းနေမယ်
  • ပိုးဝင်ကူးစက်ထားတဲ့ လက္ခဏာတွေ့ရမယ်
  • ကွေးလို့မရအောင်ခြေချောင်း၊လက်ချောင်းတွေက နာနေမယ်
  • အဖျားတက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာပြသကြည့်တာအကောင်းဆုံးပါ။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement