ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

Nasal spray (နှာခေါင်းဖြန်းဆေး) က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိသလဲ

အအေးမိလို့ နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့ အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။

Nasal Spray ရဲ့ အသုံးဝင်ပုံက

nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာ အစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

Nasal Spray အမျိုးအစားတွေက

Nasal spray အမျိုးမျိုးရှိပါတယ်။

Decongestants –ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။

Salt-water solutions –ဒီ nasal spray ကို ” saline nasal spray” လို့လည်းခေါ်ကြပါတယ်။ နှာခေါင်းထဲက ချွဲတွေကိုပျော်ဆင်းသွားစေပြီး နှာခေါင်းပိတ်တာကိုသိသိသာသာသက်သာစေနိုင်ပါတယ်။

Steroid nasal sprays –ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလို Sinus infection ကိုသက်သာစေနိုင်ပါတယ်။

Nasal Spray ကကျန်းမာရေးကို ဒီလိုမျိုးအထောက်အကူပြုပါတယ်

နှာခေါင်းတွင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို သန့်စင်ပေးပါတယ်နား၊နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါရှိသူတွေအနေနဲ့ Nasal spray ကိုညစဉ်အသုံးပြုပေးတာကရောဂါတိုးမလာအောင်ကာကွယ်ရာရောက်ပါတယ်။ သွားကိုညစဉ်တိုက်ပြီး ကာကွယ်သလိုပေါ့။လေထဲမှာ ကပ်ပါလာတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေကြောင့် ဓါတ်မတည့်မှုဖြစ်တာတွေကနေ ကာကွယ်ဖို့အတွက်လည်း Nasal spray ကိုအသုံးပြုလို့ရပါတယ်။

အစိုဓါတ်ထိန်းပေးတယ် – နှာခေါင်းအတွင်းပိုင်းက တစ်ရှုးတွေကိုခြောက်သွေ့တာယားယံတာ၊ ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နှာခေါင်းတွင်း တစ်ရှုးတွေခြောက်သွေ့မှုက အခန့်မသင့်ရင် နှာခေါင်းသွေးလျှံတာကိုဖြစ်စေနိုင်ပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိဖို့ကတော်တော်လေးအရေးပါပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိမှရောဂါပိုးတွေကူးစက်တာကိုကာကွယ်နိုင်မှာဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ ကိုယ်တွင်းထဲမဝင်ရောက်နိုင်အောင်ကာကွယ်ပေးနိုင်မှာပါ။

နှာခေါင်းတွင်းသန့်စင်မှုကိုတိုးတက်စေနိုင်တယ် – နှာခေါင်းထဲမှာရှိတဲ့ အမွှေးအမျှင်တွေနဲ့ ချွဲတွေက နှာခေါင်းကိုသန့်စင်ပေးတဲ့အရာတွေပါ။ နှာခေါင်းတွင်းကအမွှေးလေးတွေကတော့ပြင်ပကအရာတွေကိုယ်တွင်းဝင်ရောက်မလာအောင်တားဆီးပေးတဲ့ရှေ့တန်းတိုက်စစ်မှူးတွေပေါ့။ နှာခေါင်းတွင်း တစ်ရှုးတွေကို သန့်စင်ကျန်းမာစေဖို့လည်းလုပ်ဆောင်ပေးပါတယ်။ ချွဲတွေကတော့ရှေ့တန်းတိုက်စစ်ကမတားလိုက်နိုင်ဘဲ နှာခေါင်းတွင်းထဲကိုရောက်လာတဲ့အရာတွေကို ဖယ်ရှားသန့်စင်ပေးတဲ့အရာတွေပါ။ ဒီစနစ်လေးကောင်းကောင်းလည်ပတ်နေမှ အသက်ရှုရကောင်းသလို အနံ့အသက်တွေကိုသေချာခွဲခြားနိုင်တဲ့ ကျန်းမာတဲ့ နှာခေါင်းလေးကိုပိုင်ဆိုင်နိုင်မှာပါ။ Nasal spray အသုံးပြုပေးတာက ဒီလုပ်ငန်းစဉ်လေးကို အကောင်းဆုံးလည်ပတ်နိုင်အောင် အထောက်အပံ့ဖြစ်စေပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေနိုင်တယ် – နှာခေါင်းပိတ်တာက ခံရခက်တဲ့ဝေဒနာတွေထဲကတစ်ခုပါ။ နှာခေါင်းပိတ်နေရင် အိပ်ကောင်းခြင်းမအိပ်ရသလို စားကောင်းခြင်းလည်းမစားရပါဘူး။ အနံ့တွေကို သဲသဲကွဲကွဲမသိရသလို အသက်တောင်ကောင်းကောင်းရှုမရတဲ့အထိဖြစ်နိုင်ပါတယ်။

ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ် – ဝတ်မှုံတွေနဲ့ အခြားသောဓါတ်မတည့်မှုကိုဖြစ်စေနိုင်တွေကြောင့်ဖြစ်လာတဲ့ နှာစေးနှာပိတ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဖုန်မှုန့်တွေကြာင့်ဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်တာကြောင့် ဓါတ်မတည့်မှုကိုအလွယ်တကူခံစားရတတ်တဲ့သူတွေအနေနဲ့ သွားလေရာကို Nasal spray တစ်ဗူးလောက်တော့ဆောင်သွားပေါ့နော်။

အသုံးဝင်မယ့်အချက်အချို့

  • Nasal spray အသုံးပြုတဲ့အခါ ဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်းအသုံးပြုပေးပါ။
  • နှာခေါင်းပိတ်တာသက်သာသွားတဲ့အခါ ဆက်မသုံးပါနဲ့။
  • နှာခေါင်းထဲက စပ်ဖျဉ်းဖျဉ်းဖြစ်မယ်၊ နှာခေါင်းသွေးလျှံမယ်ဆိုရင် ဆက်မသုံးပါနဲ့။
  • nasal spray ကို သန့်ရှင်းအောင်ထားပေးပါ။
  • အသုံးမပြုခင်မှာ လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ။
  • ရောဂါပိုးတွေ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် Nasal spray ကိုအခြားသူတွေနဲ့မျှမသုံးပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ပဲ ပိုးတွေပါမှာစိုးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ

စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read