backup og meta

အနာပြန်ကျက်ချိန်မှာ ဘာလို့ယားယံတာလဲ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာပြန်ကျက်ချိန်မှာ ဘာလို့ယားယံတာလဲ။

    အနာကျက်နေတဲ့အချိန်မှာ ဘာလို့ယားရတာလဲလို့ လူတိုင်းကတွေးမိကြပါတယ်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက မသိကြပေမယ့် သီအိုရီတွေတော့ အများကြိး ရှိပါတယ်။

    အနာကျက်တဲ့ ဖြစ်စဉ်

    အနာကျက်နေတဲ့အချိန်မှာ ဘာလို့ယားရတာလဲလို့ သိချင်ရင် အနာကျက်တဲ့ ဖြစ်စဉ်ကို သဘောပေါက်ဖို့လိုအပ်ပါတယ်။ သင့်အရေပြားဟာ သင့်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကနေ ပထမဆုံးကာကွယ်ပေးတဲ့ အရာဖြစ်ပါတယ်။ လုံခြုံရေး စနစ်မှာလိုပဲ တစ်ခုခုက စတင်ဝင်ရောက်လာရင် သတိပေးခေါင်းလောင်း စမြည်ပါတော့တယ်။ ဒါဟာ သင့်ကိုယ်ခန္ဓါကို တစ်ခုခုလုပ်ဖို့ သတိပေးပြီး အနာကျက်တဲ့ ဖြစ်စဉ် စတင်ပါတယ်။

    အောက်ဖေါ်ပြပါအချက်တွေကတော့ အနာကျက်တဲ့ ဖြစ်စဉ်ရဲ့ အဆင့်လေးဆင့် ဖြစ်ပါတယ်။

  • ပထမအဆင့်ကတော့ သွေးတိတ်ခြင်းပဲဖြစ်ပါတယ်။ သွေးကြောတွေ ကျဉ်းလာပြီးတော့ သွေးထွက်တာကို နှေးစေပါတယ်။ Platelets တွေ လာကပ်ပြီးတော့ ဒဏ်ရာနေရာမှာ Platelet အဆို့ကို ဖြစ်ပေါ်စေပါတယ်။ ပြီးရင်တော့ သွေးခဲခြင်းဖြစ်ပေါ်ပြီး Fibrin တွေဟာ Platelets တွေနဲ့ သွေးနီဥတွေကို ပေါင်းစည်းလိုက်ပြီး သွေးခဲဖြစ်ပေါ်စေပါတယ်။
  • နောက်တစ်ဆင့်ကတော့ ရောင်ရမ်းခြင်းအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကိုယ်ခန္ဓါက ဒဏ်ရာကို သန့်ရှင်းရေး ပြုလုပ်ပါတယ်။ ရောဂါပိုးတွေကို ကာကွယ်ဖို့ အပျက်အစီးတွေကို ဒဏ်ရာကနေ ဝေးတဲ့ နေရာတွေကို ယူဆောင် သွားကြပါတယ်။
  • နောက်တစ်ဆင့်ကတော့ ပွားတဲ့ အဆင့်ဖြစ်ပါတယ်။ ကိုယ်ခန္ဓါဟာ သွေးကြောအသစ်လေးနဲ့ အရေပြားအသစ်ကို စတင် ပြုလုပ်တာဖြစ်ပါတယ်။
  • နောက်ဆုံးအဆင့်ကတော့ ရင့်ကျက်ခြင်းနဲ့ ပြန်လည် ပြင်ဆင်တဲ့ အဆင့်ဖြစ်ပါတယ်။ အာရုံကြောဆဲလ်တွေ အပါအဝင် ပျက်စီးသွားတဲ့ ဆဲလ်တွေအကုန်လုံးကို ပြုပြင်တာဖြစ်ပါတယ်။
  • အနာကျက်ရင် ဘာလို့ ယားတာလဲ။

    အနာဖေးတွေက ဘာလို့ယားတာလဲ ဆိုတာရှင်းပြဖို့ သီအိုရီ အမြောက်အမြား ရှိပါတယ်။ ဒဏ်ရာရဲ့ ပတ်ပတ်လည်မှာ ယားယံခြင်းကို ဖြစ်စေတဲ့ Histamine တွေဟာ အနာဖေးမှာ ရှိတတ်ပါတယ်။ အချို့ဆရာဝန်တွေကတော့ ဒါဟာ ကိုယ်ခန္ဓါက မလိုအပ်တော့တဲ့ အနာဖေးတွေကို ခွာထုတ်နည်းလို့ ယူဆကြပါတယ်။ ယားလာတဲ့အခါ ကုတ်လိုက်တာကြောင့် သူဟာ ကွာကျလာပါတယ်။ ဒါပေမယ့် ဒီသီအိုရီမှာ အားနည်းချက်တစ်ခု ရှိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ အနာမကျက်ခင် ကတည်းက အနာဖေးက ယားယံတတ်လို့ပါပဲ။

    ဒုတိယ သီအိုရီကတော့ အရေပြား ပြတ်ရှသွားတဲ့အခါ အရေပြားထဲက အာရုံကြောတွေကြောင့် ဖြစ်ပါတယ်။ အနာ ကျက်နေတဲ့အခါမှာ အရေပြားအသစ်ဟာ အလွန်ပါးလွှာတာကြောင့် အာရုံကြောတွေဟာ အာရုံခံမှု အလွန်ကောင်းပါတယ်။ ဒီအခါမှာ ဦးနှောက်က အချက်ပြမှုကို မှားယွင်းရရှိပါတယ်။ ဒါ့ကြောင့် ဦးနှောက်က ဒါကို ယားတဲ့ ခံစားမှုအဖြစ် ဘာသာပြန်လိုက်ပြီးတော့ ကုတ်တဲ့ တုန့်ပြန်မှုမျိုးကို လိုချင်တာဖြစ်ပါတယ်။

    အခြား သီအိုရီတစ်ခုကတော့ အနာကျက်တဲ့အခါ အနာဖေးဟာ အရေပြားအသစ်ပေါ်မှာဖြစ်ပေါ်ပြီး အနာဖေးအနားက အရေပြားကို ယားယံစေတာ ဖြစ်ပါတယ်။

    နောက်ဆုံးတစ်ခုကတော့ ခြောက်သွေ့မှုကြောင့် ဖြစ်ပါတယ်။ အနာဖြစ်ရင် အရေပြား၊ အာရုံကြောတွေနဲ့ အဆီဂလင်းတွေဟာ ထိခိုက်မိတာကြောင့် ဆီမရှိတော့ အရေပြားဟာ ခြောက်သွေ့တာဖြစ်ပါတယ်။

    ယားယံခြင်းကို ကုတ်ခြင်း

    ယားယံမှုကို သက်သာစေမယ့် အရာတွေ အများကြီး ရှိပါတယ်။

    • တတ်နိုင်သမျှ မြန်မြန် ပိုးသတ်ဆေး ခရင် လိမ်းပါ။ ဒါဟာ အနာကို ပိုမိုကျက်စေပြီးတော့ အနာဖေးသေးသေးလေးကို ဖြစ်စေတာကြောင့် သိပ်ယားတော့မှာ မဟုတ်ပါဘူး။ ဒဏ်ရာကို ရောဂါပိုးဒဏ်က ကာကွယ်ပြီး သန့်ရှင်းနေစေဖို့ အုပ်ထားသင့်ပါတယ်။
    • နောက်ဆုံးကတော့ ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ အယားပျောက်ဆေးတွေ၊ ဗီတာမင်အီးတွေ ပဲဖြစ်ပါတယ်။ ဒါဟာ ယားတာကို ပျောက်ကင်းစေပြီး လိမ်းစဉ်မှာ ညင်သာစွာနှိပ်ပေးခြင်းဟာ သက်သာစေပါတယ်။

    ရှေးဦးသူနာပြုစုနည်း

    တကယ်လို့ အနာကျက်နေစဉ်မှာ ယားယံတယ်ဆိုရင် အနာဟာ ပြန်ကောင်းလာတာကို ပြပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ရှေးဦးသူနာပြုစုနည်းတွေဟာလည်း လိုအပ်ပါတယ်။

    • သန့်ရှင်းတဲ့ အဝတ် (သို့) ဂွမ်းနဲ့ အနာကို မိနစ် ၂၀ ကနေ ၃၀ ခန့် ဆက်တိုက်ဖိထားကာ သွေးတိတ်စေသင့်ပါတယ်။ အဝတ်ကို ဖယ်လိုက်ရင် သွေးခဲကို ဖယ်လိုက်သလိုဖြစ်ပြီးတော့ သွေးပြန်ထွက်လာပါ လိမ့်မယ်။ သွေးမတိတ်ဘူးဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ အကူအညီ ယူသင့်ပါတယ်။
    • ကျနေတဲ့ ရေပေါ်မှာ အနာကို သန့်စင်သင့်ပါတယ်။ အနာဝန်းကျင်ကို သန့်ရှင်းရေးလုပ်ဖို့ ဆပ်ပြာနဲ့ ဂွမ်း (သို့) အဝတ်ကို အသုံးပြုပါ။
    • ပိုးသတ်ဆေးထည့်ပါ။ ပိုးသတ်ဆေး ခရင်ကို ဒဏ်ရာပေါ် ပါးပါးလိမ်းပါ။ ဒါဟာ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပြီးတော့ အနာကျက်စေပါလိမ့်မယ်
    • အနာကို ကာထားပါ။ ကပ်တဲ့ ပတ်တီးတစ်ခုကို အနာပေါ်မှာ အလျားလိုက်မဟုတ်ပဲ ဖြတ်ကပ်ပေးပါ။ အနာစကျက်ရင် လေနဲ့ ထိတွေ့တာဟာ ပိုကောင်းတာကြောင့် ပတ်တီးတွေ မလိုတော့ပါဘူး။
    • အနာကို နေ့တိုင်းဆေးထည့်ပါ (သို့) ညစ်ပတ်ရင် (သို့) စိုသွားရင် ဆေးထည့်ပါ။ အနာဖေးဖြစ်လာပြီဆိုရင်တော့ ဆေးထည့်ဖို့ မလိုတော့ပါဘူး။
    • တစ်လက်မရဲ့ လေးပုံတစ်ပုံထက်ပိုတဲ့ နက်တဲ့အနာတွေ (သို့) မညီညာတဲ့ အစွန်းရှိတဲ့အနာတွေအတွက်ကတော့ အနာကို ချုပ်ပါ။ ဒါဟာ ရောဂါရရှိမှုကို ကာကွယ်ဖို့ မတော်တဆမှုဖြစ်ဖြစ်ပြီးချင်း ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement