backup og meta

အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….

    ချောင်းဆိုးလွန်းလို့ အိပ်မရဘူး။ ချွဲတွေကျပ်လွန်းလို့ အသက်ရှူရခက်လိုက်တာဆိုပြီးတော့များဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဆုတ်ထဲက ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေအတူတူကြည့်လိုက်ကြရအောင်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ….

    အဆုတ်ထဲက ချွဲသလိပ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ…. ဆိုတော့ အဆုတ်ထဲက ချွဲတွေကို ဒီလိုဖယ်ရှားပါ

    အဆုတ်ထဲမှာ ချွဲတွေများနေတာက အသက်ရှူရခက်စေနိုင်သလို အခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရအောင် ဒုက္ခပေးနေတဲ့ ချွဲသလိပ်တွေကို အဆုတ်ထဲကဖယ်ရှားဖို့ဆိုရင်

    ရေနွေးငွေ့ခံပါ

    ရေနွေးငွေ့ခံတာ၊ ရေနွေးငွေ့ရှူသွင်းတာတွေက အသက်ရှူလမ်းကြောင်းတလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အေးမြခြောက်သွေ့တဲ့ လေထုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးငွေ့ခံပေးတာက အဆုတ် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။

    ချောင်းဆိုးတဲ့အခါ ချွဲထွက်အောင်လုပ်ပါ

    ချောင်းဆိုးတယ်ဆိုတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ချောင်းဆိုးတဲ့အခါ ချွဲထွက်လာအောင်လုပ်တာက အဆုတ်ထဲမှာ ချွဲတွေချောင်သွားစေမှာပါ။ ချွဲတွေကို လေပြွန်ကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှာဖြစ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးတဲ့အခါ ချွဲထွက်လာစေဖို့ဆိုရင်

    • ထိုင်ခုံပေါ်မှာ ပခုံးတွေကို ဖြေလျော့ပြီးထိုင်လိုက်ပါ။
    • ခြေထောက်နှစ်ဖက်စလုံးကို ကြမ်းပြင်မှာ ခြေပြားလိုက်ချထားပေးပါ။
    • လက်နှစ်ဖက်ကို ဗိုက်နားမှာ ပိုက်ထားလိုက်ပါ။
    • နှာခေါင်းကနေတဆင့် ဖြည်းဖြည်းချင်း လေရှူသွင်းပါ။
    • ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ကိုင်းရင်း လက်တွေက ဗိုက်ကို အသာအယာဖိထားတဲ့အနေအထားနဲ့ လေကို ဖြည်းဖြည်ချင်းရှူထုတ်ပါ။
    • ရှူထုတ်နေချိန်မှာ ပါးစပ်ကို နည်းနည်းလောက်ဖွင့်ထားရင်း ၂ ကြိမ်၊ ၃ကြိမ်လောက် ချောင်းဟန့်ပါ။
    • ပြီးရင် နှာခေါင်းကနေတဆင့် လေကိုဖြည်းဖြည်းချင်းရှူသွင်းပါ။
    • ခဏနားပါ။ ပြီးရင် ထပ်တစ်ကြိမ်လုပ်ပေးပါ။ ချွဲထွက်လာတဲ့အခါ ချွဲကို ထွေးထုတ်ပေးပါ။

    အပြင်ထွက်လမ်းလျှောက်ပါ

    အဆုတ်သန့်စင်စေဖို့အတွက် လေကောင်းလေသန့်ရနိုင်တဲ့ နေရာဆီကို လမ်းလျှောက်ထွက်ပေးတာကလည်း အဆင်ပြေစေမှာပါ။ ညစ်ညမ်းတဲ့အရာတွေ၊ ဆေးလိပ်ငွေ့တွေ ကင်းစင်တဲ့နေရာဆီကို လမ်းလျှောက်ထွက်လို့ လေကို ဝအောင်ရှူပေးပါ။ ချောင်းဟန့်ရင်း ချွဲထွက်လာအောင် လုပ်ပေးဖို့ မမေ့ပါနဲ့။

    အဆုတ်ထဲက ချွဲတွေပျော်အာင်လုပ်ပါ

    အဆုတ်ထဲက ချွဲတွေပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။

    ပက်လက်အနေအထား

    • ကြမ်းပြင်ပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ လှဲချလိုက်ပါ။

    • ရင်ဘတ်က တင်ပါးထက်နိမ့်နေစေဖို့အတွက် တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံးခံပေးပါ

    • ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။

    ဘေးစောင်းအနေအထား

    • ဘေးစောင်းလှဲပြီး ခေါင်းအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် လက်ကိုအုံးပါ။

    • ရင်ဘတ်က တင်ပါးထက်နိမ့်နေစေဖို့အတွက် တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံးခံပေးပါ

    • ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။ တစ်ဖက်ပြီးတစ်ဖက်လုပ်ပါ။

    မှောက်ရက်အနေအထား

    • ခေါင်းအုံးပေါ်မှာ မှောက်ရက်အနေအထားလှဲချလိုက်ပါ။

    • တင်ပါးကို ရင်ဘတ်ထက်မြင့်နေစေဖို့ ခေါင်းအုံးခုထားပေးပါ။

    • လက်နှစ်ဖက်ကို မေးစေ့အောက်မှာထားပေးပါ။

    • ပြီးရင် နှာခေါင်းကနေတဆင့်လေကို ဖြည်းဖြည်းချင်းရှူသွင်းပြီး ပါးစပ်ကနေတဆင့် ဖြည်းဖြည်းချင်းရှူထုတ်ပါ။ အဆုံးသတ်မှာအားနဲ့ အထဲက လေတွေကို ရှူထုတ်ပါ။ မိနစ်အနည်းငယ်ကြာ ဆက်လုပ်ပေးပါ။

    လေ့ကျင့်ခန်းလုပ်ပါ

    ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ကိုတင်ကြံ့ခိုင်သန်စွမ်းစေတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုကပဲ ရောဂါတွေကို ရင်ဆိုင်တဲ့အခါ အကောင်းဆုံးခွန်အားပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေပြိး ကိုယ်တွင်းမှာ အောက်ဆီဂျင်တွေ အများအပြားရစေနိုင်သလို အဆုတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    ဒီနည်းလမ်းလေးတွေသုံးလို့ အဆုတ်ထဲက ချွဲတွေနဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement