backup og meta

ရာသီလိုက် ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကိုဘယ်လို ထိန်းချုပ်မလဲ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလိုက် ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကိုဘယ်လို ထိန်းချုပ်မလဲ

    ဓါတ်မတည့်တဲ့ တုံ့ပြန်မှုဆိုတာ အန္တရာယ်မရှိတဲ့အရာတွေကို ခန္ဓါကိုယ်က မှားယွင်းတိုက်ခိုက်တဲ့အခါမှာ ဖြစ်လာတဲ့အရာပါ။ ကျန်းမာနေတဲ့ ခုခံအားစနစ်ဟာ ကျူးကျော်လာတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပါတယ်။

    ဓါတ်မတည့်မှုဖြစ်ပွားစဉ်တွေမှာတော့ ခုခံအားစနစ်ဟာ အန္တရာယ်မရှိတဲ့ အရာတွေ ဥပမာ – ပန်းဝတ်မှုံ သို့မဟုတ် မှိုတွေကို Immunoglobulin E (IgE)လို့ခေါ်တဲ့ အထူးအဆင့် antibody (special class of antibody) တွေကို ထုတ်လွှတ်ပေးခြင်းအားဖြင့် တိုက်ခိုက်ပါတော့တယ်။

    အပင်မှထွက်သော ဝတ်မှုန် (Plant Pollen)

    Ragweed နဲ့ အခြားသော ပေါင်းပင်တွေ ဥပမာ – Curly dock, Lambs quarters, pigweed, plantain, sheep sorrel နဲ့ sagebrush တွေဟာ ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်းတွေ အဓိကဖြစ်စေတဲ့ အရာတွေပါပဲ။

    Ragweed ရာသီကတော့ သြဂုတ်လကနေ နိုဝင်ဘာလထိဖြစ်ပေမယ့် ဝတ်မှုန်အဆင့်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲဆိုရင် စက်တင်ဘာလလယ်လောက်မှာ အမြင့်ဆုံးပါပဲ။ ဝတ်မှုန်တွေဟာ အရေအတွက်အရဆိုရင် နံနက်ခင်းပိုင်းတွေနဲ့ ပူပြင်းခြောက်သွေ့ပြီးလေတိုက်တဲ့နေ့တွေမှာ အများဆုံးပါပဲ။

    ကာကွယ်ရမည့်နည်းလမ်း

    · နံနက် ၅နာရီနဲ့ ၁၀နာရီကြားမှာ အိမ်တွင်းမှာပဲနေပါ။ အပြင်ထွက်ရမယ့်ကိစ္စတွေကို မွန်းလွဲပိုင်းဒါမှမဟုတ် မိုးသည်းသည်းရွာပြီး ဝတ်မှုန်တွေနည်းတဲ့အချိန်ကို ရွှေ့လိုက်ပါ။

    · ဝတ်မှုန်တွေနဲ့ ထိတွေ့တာနည်းဖို့ အိမ်က ပြူတင်းပေါက်တံခါးတွေ၊ ကားမှန်တံခါးတွေကို ပိတ်ထားပါ။ လေအေပေးစက်တွေနဲ့ အေးအောင်လုပ်ပါ။ ပြူတင်းပေါက်ဖွင့်တာ ဒါမှမဟုတ် ပန်ကာသုံးတာမျိုး ရှောင်ပါ။

    · အဝတ်တွေကိုအပြင်မှာ မလှမ်းဘဲ အဝတ်ခြောက်စက်သုံးပြီး ဝတ်မှုန်တွေနဲ့ ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

    မြက် (Grass Pollen)

    ဒါတွေကတော့ ဒေသအလိုက်ဖြစ်နိုင်သလို ရာသီအလိုက်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ပမာဏဟာ အပူချိန်၊ အချိန်နဲ့ မိုးအခြေအနေပေါ် မူတည်ပါတယ်။ မြောက်အမေရိကရဲ့ ၁၂၀၀သော မြက်အမျိုးအစားတွေကသာ ဓါတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့

    · ဘာမြူဒါမြက်

    · ဂျွန်ဆင်မြက်

    · Kentucky bluegrass

    · Sweet vernal grass

    · Timothy grass

    · Orchard grass

    ကာကွယ်ရမည့်နည်းလမ်း

    · နံနက် ၅နာရီနဲ့ ၁၀နာရီကြားမှာ အိမ်တွင်းမှာပဲနေပါ။ အပြင်ထွက်ရမယ့်ကိစ္စတွေကို မွန်းလွဲပိုင်းဒါမှမဟုတ် မိုးသည်းသည်းရွာပြီး ဝတ်မှုန်တွေနည်းတဲ့အချိန်ကို ရွှေ့လိုက်ပါ။

    · ဝတ်မှုန်တွေနဲ့ ထိတွေ့တာနည်းဖို့ အိမ်က ပြူတင်းပေါက်တံခါးတွေ၊ ကားမှန်တံခါးတွေကို ပိတ်ထားပါ။ လေအေပေးစက်တွေနဲ့ အေးအောင်လုပ်ပါ။ ပြူတင်းပေါက်ဖွင့်တာ ဒါမှမဟုတ် ပန်ကာသုံးတာမျိုး ရှောင်ပါ။

    · အဝတ်တွေကိုအပြင်မှာ မလှမ်းဘဲ အဝတ်ခြောက်စက်သုံးပြီး ဝတ်မှုန်တွေနဲ့ ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

    · သင့်မြက်ခင်းကို အခြားသူတစ်ယောက်ကို ရိတ်ခိုင်းပါ။ သင်ကိုယ်တိုင်ရိတ်မယ်ဆိုရင် မျက်နှာဖုံးတပ်ပါ။ (နှာခေါင်းစည်း၊ မျက်နှာစည်း၊ mask အစရှိသဖြင့်)

    သစ်ပင်မှ ဝတ်မှုန် (Tree Pollen)

    သစ်ပင်တွေဟာ ဝတ်မှုန်တွေကို အစောဆုံးထုတ်ပေးတတ်ပါတယ်။ တောင်ဘက်မှာဆိုရင် အစောဆုံး ဇန်နဝါရီလနဲ့ အရှေ့မြောက်ဘက်မှာဆိုရင် နောက်အကျဆုံး မေနဲ့ ဇွန်လတွေမှာ ထုတ်ပေးတတ်ပါတယ်။ သူတို့တွေဟာ ပမာဏကို အများကြီးထုတ်ပေးနိုင်တာကြောင့် မိုင်ပေါင်းများစွာ ပြန့်လွင့်နိုင်ပါတယ်။

    သစ်ပင်အမျိုးအစား ၁၀၀အောက်ကပဲ ဓါတ်မတည့်မှုတွေ ဖြစ်စေနိုင်တာပါ။ ဓါတ်မတည့်မှု အဖြစ်အများဆုံး သစ်ပင်ကတော့ ဝက်သစ်ချပင်ပါပဲ။ အခြားအပင်တွေကတော့ catalpa, elm, hickory, သဖန်းပင်နဲ့ သစ်ချသီးပင်တို့ပါပဲ။

    ကာကွယ်ရမည့် နည်းလမ်း

    · အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း တစ်နေ့တာရဲ့ အချိန်တွေ၊ ပြူတင်းပေါက်ပိတ်တာတွေနဲ့ အဝတ်ခြောက်စက်သုံးတာတွေ စတာတွေကို လိုက်နာပါ။

    · ဓါတ်မတည့်မှုတွေ မဆိုးရွားစေတဲ့ အပင်မျိုးစိတ်တွေကတော့ စက္ကူပန်းပင် (crape myrtle) Dogwood, သဖန်းသီး၊ ထင်းရှူး၊ ထန်းပင်၊ သစ်တော်သီး၊ ဆီးသီး၊ redbud နဲ့ redwood trees သို့မဟုတ် female cultivars of ash, box elder, cottonwood, မေပယ်လ်၊ ထန်းပင်၊ ပေါ့ပလာပင် သို့မဟုတ် မိုးမခပင် စတာတွေဖြစ်ပါတယ်။

    ရာသီအလိုက်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုများ : အနှောက်အယှက်ဖြစ်ရုံပဲလား ဒါမှမဟုတ် ကျန်းမာရေးအတွက် တကယ်ပဲ ထိခိုက်စေတာလား

    လူအများစုအတွက်တော့ ပန်းဝတ်မှုန်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်း (hay fever ) ဟာ ရာသီအလိုက်ဖြစ်တတ်ကြတာမျိုးပါပဲ။ ဒါဟာ ရက်သတ္တပတ် အနည်းငယ်လောက် ခံစားရတတ်ပြီး တစ်နှစ်မှာမှ တစ်ခါ သို့မဟုတ် နှစ်ခါလောက်သာ ဖြစ်တတ်တာပါ။

    ဒါပေမဲ့ တခြားသူတွေအတွက်တော့ ဒီလို ဓါတ်မတည့်မှုမျိုးဟာ ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဥပမာ- ထိပ်ကပ်နာနဲ့ ရင်ကြပ်လို ရောဂါမျိုးပေါ့။

    ထိပ်ကပ်နာဟာ အဖြစ်အများဆုံး နာတာရှည်ရောဂါတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပြီး ဒါအတွက် တစ်နှစ်ကို ဒေါ်လာ ၆ဘီလီယံနီးပါး ကုန်ကျနေပါတယ်။ ဒါဟာ နှာခေါင်းနောက်မှာရှိတဲ့ လိုဏ် ၄စုံမှာ ပိုးဝင်ခြင်း ဒါမှမဟုတ် ရောင်ယမ်းခြင်းကြောင့် ဖြစ်လာရတာပါ။

    ဒီထဲမှာ ပိတ်ဆို့ခြင်းဟာ မျက်လုံးတွေ၊ နှာခေါင်းတစ်ဝိုက်နဲ့ သွားအပေါ်ဘက်မှာရှိတဲ့ ပါးတွေကိုပါ ဖိအားသက်ရောက်စေပြီး နာကျင်စေပါတယ်။ နာတာရှည် ထိပ်ကပ်နာဟာ ဆက်တိုက်ရောင်ယမ်းခြင်းတွေ (persistent inflammation) တွေနဲ့ ဆက်စပ်နေပြီး ကုသဖို့ ခက်ခဲလေ့ရှိပါတယ်။

    hay fever မကြာခဏဖြစ်ခြင်းဟာ နာတာရှည်ထိပ်ကပ်နာဖြစ်နိုင်ချေကို တိုးမြှင့်စေပါတယ်။ ဒါပေမဲ့ နာတာရှည်ထိပ်ကပ်နာဖြစ်နေသူတွေရဲ့ တစ်ဝက်လောက်ကသာ ဓါတ်မတည့်မှု ဖြစ်နိုင်တာပါ။

    ရင်ကြပ်ရောဂါဟာ လေလမ်းကြောင်းတွေကို ပိတ်ဆို့စေတဲ့ ဒါမှမဟုတ် ကျဉ်းမြောင်းသွားစေတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။ သူကတော့ အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း နဲ့ အခြားသော အသက်ရှူခြင်းဆိုင်ရာ အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။

    ရင်ကြပ်ခြင်းဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်သလို လေအေးခံခြင်း၊ လေ့ကျင့်ခန်း၊ စိတ်သောက၊ ဓါတ်မတည့်ခြင်းနဲ့ အခြားသော အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်ကြပ်ရှိတဲ့သူ ၈၀%မှာ ဓါတ်မတည့်တာတွေရှိတတ်ပေမယ့် ကျွန်တော်တို့ဟာ ဘယ်ဓါတ်မတည့်မှုက အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတယ်ဆိုတာ မသိရပါဘူး။

    ဒါပေမဲ့ အချို့သောသူတွေက ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရင်ကြပ်ရောဂါလို့ သတ်မှတ်တာခံရပြီး ဘာကြောင့်လဲဆိုတော့ ဒီပြဿနာက အခြေခံအားဖြင့် ဓါတ်မတည့်မှုဖြစ်စေတဲ့ ပစ္စည်းတစ်ခု သို့မဟုတ် ပိုတဲ့ မျိုးစိတ်တွေကို ခုခံအားက တုံ့ပြန်တာကြောင့် ဖြစ်ရတာပါ။

    ပြဿနာအများစုမှာတော့ ဓါတ်မတည့်မှုဖြစ်စေတဲ့ တရားခံတွေက အိမ်ထဲမှာတွေ့ရလေ့ရှိတဲ့ အရာတွေပါ။ ဥပမာအားဖြင့် အိမ်မွေးတိရစ္ဆာန်တွေ၊ ဖုန်မှုန့်တွေ၊ ပိုးဟပ်တွေနဲ့ မှိုတွေကြောင့်ပါပဲ။ ဝတ်မှုန်တွေနဲ့ မှိုတွေတိုးလာခြင်းဟာ ရင်ကြပ်ရောဂါကို ပိုဆိုးစေခြင်းနဲ့ ဆက်စပ်နေပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement