Cauda equina syndrome (Cauda equina syndrome )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2019 . 1 ဖတ်ရန် ကြာချိန်
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cauda equina syndrome (Cauda equina syndrome ) ကဘာလဲ။

Cauda equina syndrome ဆိုတာ ရှားပါး ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ခဲ့ပါက အရေးပေါ် ခွဲစိပ်ကုသမှု လိုအပ်ပါတယ်။ ထိုရောဂါမှာ တစ်စုံတစ်ခုက ကျောရိုးထဲရှိ အာရုံကြောမ အမြစ်တွေကို ဖိမိနေခြင်းဖြစ်ပါတယ်။ မြန်ဆန်စွာ မကုသပါက ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ ကိုယ်တစ်ပိုင်း/တစ်ခြမ်း အကြောသေခြင်းများ ဖြစ်နိုင်ပါသည်။

ဒီရောဂါဟာ Cauda equina ဟုခေါ်သော အာရုံကြောမ အမြစ်တွေကို ဖိမိခြင်းဖြစ်ပါတယ်။ ထို အာရုံကြောမ အမြစ်များဟာ အာရုံကြောမကြီးရဲ့ အောက်ဘက် ခန္ဓကိုယ်၏ ခါးပိုင်းတွင် ရှိပြီး သူတို့ဟာ ခြေထောက် နဲ့ တင်ပါးဝန်းကျင် အစိတ်အပိုင်းများ ထံမှ အာရုံများ ကိုခံယူသယ်ဆောင်ခြင်းတာဝန် ကို လုပ်ဆောင်ပါတယ်။

Cauda equina syndrome (Cauda equina syndrome ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ရှားပါး ပါတယ်။ ကလေးတွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ သို့သော် မွေးရာပါ ကျောရိုးမ ထိခိုက်မှု ရှိသော ကလေးများတွင်လည်း ဖြစ်တတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cauda equina syndrome (Cauda equina syndrome ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Cauda equina syndrome တွင် ရောဂါလက္ခဏာများဟာ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်။ အခြား ရောဂါများရဲ့ လက္ခဏာများနဲ့ လည်းဆင်တူပါတယ်။ သို့သော် အောက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန် ထံချက်ချင်း သွားပြသင့်ပါတယ်။

-ပြင်းထန် ခါးနာခြင်း

– ခြေထောက် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းလာခြင်း၊ ခလုတ်မကြာခဏ တိုက်ခြင်း၊ ထိုင်ရထရ ခက်ခြင်း

-ခြေထောက်၊ တင်ပါး၊ ပေါင် နဲ့ ခြေထောက်အနောက်ဘက် တို့တွင် အာရုံခံစားမှု လျော့နည်းလာခြင်း သို့မဟုတ် ပြောင်းလဲလာခြင်း၊ ပိုမိုဆိုးလာခြင်း (ထုံဆေးပေးခံထားရသကဲ့သို့)

-ဆီး/ဝမ်း သွားရခက်ခြင်း သို့မဟုတ် ဆီး/ဝမ်း ကျန်နေသလိုခံစားရခြင်း

-ကာမစွမ်းရည် မပြည့်ဝခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cauda equina syndrome (Cauda equina syndrome ) ကိုဘာတွေကဖြစ်စေသလဲ

ခါးရိုးဆစ် အရွတ်ပြား ပြင်းထန်စွာ ထိခိုက်ပေါက်ပြဲခြင်း ဟာ Cauda equina syndrome ကိုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ်။

-အာရုံကြောမကြီး နေရာ ကျဉ်းခြင်း

-အာရုံကြောမကြီး တွင် ကင်ဆာအလုံးဖြစ်ခြင်း

-အာရုံကြောမကြီး ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးယိုစိမ့်ခြင်း သို့မဟုတ် ထိခိုက်မိခြင်း

-ကားအက်စီးဒင့်၊ သေနတ်မှန်ခြင်း၊ ဓါးထိုးခံရခြင်း စသည်တို့ကြောင့် ခါးရိုးပိုင်း ပြင်းထန်ဒါဏ်ရာရခြင်း

-မွေးရာပါ သွေးကြောများ ပုံမမှန်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cauda equina syndrome (Cauda equina syndrome ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cauda equina syndrome (Cauda equina syndrome ) ကို ဘယ်လိုအတည်ပြုပါသလဲ

Cauda equina syndrome ဟုတ်မဟုတ်ကို အတည်ပြုရန် ဆရာဝန်က

-ရောဂါရာဇဝင် အသေးစိတ် မေးခြင်း

-အာရုံကြောနှင့် ဆိုင်သော စမ်းသပ်မှုများ ပြုလုပ်ခြင်း

-သွေးဖေါက်စစ်ဆေးခြင်း

-MRI ခေါ် သံလိုက်ဓါတ်မှန် ရိုက်ခြင်း(ကျောရိုးကို 3D ပုံဖြင့်တွေ့မြင်နိုင်ပါတယ်)

-Myelogram- Contrast ဓါတ်ပစ္စည်းတစ်မျိုးကို အာရုံကြောမထဲ ထိုးသွင်းကာ အာရုံကြောများကို ကြည့်နိုင်တဲ့ ဓါတ်မှန် တစ်မျိုးဖြစ်ပါတယ်။

-ကွန်ပြူတာ ဓါတ်မှန် CT ရိုက်ခြင်း

Cauda equina syndrome (Cauda equina syndrome ) ကို ဘယ်လိုကုသပါသလဲ

သင့်တွင် Cauda equina syndrome ရှိပါက ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။ ဆီး/ဝမ်းမထိန်းနိုင်ခြင်း၊ ကိုယ်တစ်ပိုင်း/တစ်ခြမ်း အကြောသေခြင်း၊ ကာမစွမ်းရည် မပြည့်ဝခြင်း စသော လက္ခဏာများ ရှိပါက ခွဲစိပ်မှုကို ၄၈ နာရီအတွင်း အမြန်ဆုံး ခံယူသင့်ပါသည်။ သို့မဟုတ်ပါက ပြန်လည်ကုသရန် နည်းလမ်းမရှိတော့သော အခြေအနေ ရောက်သွားနိုင်ပါသည်။ ဒီရောဂါသည် ဖြစ်စေသော အကြောင်းရင်းပေါ်မူတည်ပြီး Steroid ပမာဏ အများကြီးလည်း လိုအပ်နိုင်ပါတယ်။ ထိုဆေးများသည် ရောင်ရမ်းခြင်းကို သက်သာစေပါသည်။ ပိုးဝင်ပါက ပိုးသက်ဆေး လိုအပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Cauda equina syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍ ထာဝရ အကြော ပျက်စီးမှုများ ဖြစ်သွားပါက ခွဲစိပ်ရုံနှင့် ပြန်လည် မကောင်းမွန်လာ နိုင်ပါ။ ဒီရောဂါဟာ နာတာရှည် သဘောမျိုးဖြစ်ပါတယ်။ သင့်ခန္ဓါကိုယ်မှ ပြောင်းလဲမှုများ ကို အသားကျဖြစ်သွားဖို့ လိုအပ်ပါတယ်။ ခန္ဓကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ ထောက်ပံ့မှုများ လိုအပ်ပါတယ်။

မိသားစုနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ အောက်ပါ တတ်ကျွမ်းသော ပညာရှင်များ ၏အကူအညီရယူခြင်းများ ပြုလုပ်သင့်ပါတယ်။

-occupational or physical therapist

-social worker

-continence advisor

-sex therapist

-cauda equina support group များနှင့် ဆက်သွယ် ဆွေးနွေးခြင်း

-ဆီးနှင့် ဝမ်းသွားခြင်းများ အဆင်မပြေပါက

  • ဆီးပိုက်အသုံးပြုခြင်း
  • အရည်များများ သောက်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းအောင်နေထိုင်ခြင်း
  • ဝမ်းနှုတ်ပေးခြင်း
  • ဆီးနှင့် ဝမ်းများ ယိုစိမ့်မှု မရှိရန် အောက်ခံ ဘောင်းဘီ နှင့် pads များ အသုံးပြုခြင်း
  • နာကျင်မှုရှိပါက ဆရာဝန် ညွှန်ကြားသည့်အတိုင်း အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, လိင်ပညာပေး ဩဂုတ် 28, 2019 . 2 ဖတ်ရန် ကြာချိန်

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားအကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာခြင်းနည်းလမ်းများ, လိင်ပညာပေး ဩဂုတ် 27, 2019 . 2 ဖတ်ရန် ကြာချိန်

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

    ရောဂါလက္ခဏာများ ဘယ်လိုကုသမလဲ အိပ်ချိန် ဘယ်လိုလူတွေမှာအဖြစ်များလဲ ဦးနှောက်လုပ်ဆောင်ချက် အိပ်ပျော်နေစဉ်အသက်ရှူခြင်း အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 ဖတ်ရန် ကြာချိန်

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 ဖတ်ရန် ကြာချိန်

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2019 . 3 ဖတ်ရန် ကြာချိန်