backup og meta

ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား .....

    ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ….. ဘေဘီလေးတွေ လုပ်တတ်တဲ့အလေ့အထလေး တစ်ခုရှိတယ်။ ဒါကတော့ လက်မလေး စုပ်နေတတ်တာပါ။ တစ်ခါတလေ အိပ်နေရင်းဖြစ်ဖြစ်၊ တွေးနေရင်းဖြစ်ဖြစ် လက်ကလေးစုပ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်လေးက ကောင်းလား၊ဆိုးလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။

    ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား …..

    ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ….. ဆိုတော့ ဘေဘီလေး တော်တော်များများက လက်မလေးတွေကို စုပ်တတ်ကြပါတယ်။ အချို့ကလေးလေးတွေဆိုရင် ထမင်းစားနေချိန်၊ နို့စို့ချိန်ကလွဲလို့ အချိန်တော်တော်များများကို လက်မလေးစုပ်နေတတ်ကြပြီး သူတို့ပါးစပ်ထဲကနေ လက်မလေးကိုထုတ်လိုက်တဲ့အခါတိုင်း ဒေါသထွက်ပြီး ချော့မရအောင်ငိုတာမျိုးတွေတောင် ရှိတတ်ကြပါတယ်။  ဒီတော့သူတို့လေးတွေ ဘာကြောင့် လက်မစုပ်ကြတာလဲဆုတာကို ကြည့်လိုက်ရအောင်လား မေမေတို့ရေ…….

    ဘေဘီလေးတွေ လက်စုပ်ရတဲ့ အကြောင်းအရင်း
    ဘေဘီလေးတွေ လက်စုပ်တာက
    • မျက်နှာစိမ်းတွေကိုတွေ့တဲ့အခါ၊ ဆူညံသံတွေဖြစ်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုအဆင်မပြေနေတဲ့အခါမျိုးမှာ ဒီကြုံတွေ့နေရတဲ့ အနေအထားကိုကျော်ဖြတ်ဖို့  လက်မလေးကို စုပ်တာပါ။  သူ့ကိုယ်သူဘေးကင်းပါတယ်။ ဘာမှမဖြစ်ဘူးလို့ အားပေးတဲ့ သဘောပေါ့။
    • ဗိုက်ဆာနေတဲ့အခါမျိုးမှာလည်း ဘေဘီလေးက လက်မစုပ်တတ်ကြပါတယ်။ သူတို့က မေမေ့နို့ကမှ နို့ထွက်တယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် ဗိုက်ဆာတဲ့ အခါမျိုးမှာလည်း လက်မစုပ်တတ်ကြပါတယ်။
    • ဘေဘီလေးတွေက ပျင်းနေတဲ့အခါမျိုးမှာလည်း သူတို့ရဲ့ လက်မလေးကို စုပ်တတ်ကြပါတယ်။ အိပ်ချင်တာမျိုးမဟုတ်ဘဲ တစ်ယောက်တည်း ငြိမ်ငြိမ်လေး လက်မစုပ်နေတာက ဘေဘီလေး ပျင်းနေပြီဆိုတဲ့ သဘောပါ။
    • အိပ်ချင်နေတဲ့အခါမျိုးမှာလည်း ဘေဘီလေးက လက်မလေးစုပ်နေတတ်ပါသေးတယ်။ မျက်လုံးလေးတွေ စဉ်းနေမယ်။ ဒါမှမဟုတ် မျက်စိကို ခဏခဏပွတ်ရင်း လက်မလေးကို စုပ်နေပြီဆိုရင်တော့ ကလေးက အိပ်ငိုက်နေတာပါ။
    • ဘေဘီလေး လက်စုပ်ရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဆော့ချင်လို့ပါတဲ့။ ဘေဘီလေးက သူဆော့ချင်တဲ့အရုပ်လေးတွေ အမြင့်တစ်နေရာရောက်နေတဲ့အခါ သူမမီတဲ့နေရာကိုရောက်နေတဲ့အခါမျိုးမှာလည်း လက်ကလေးတွေကို စုပ်တတ်ကြပါတယ်။
    • အခြေအနေတစ်ခုခုကို အကောင်းဆုံးကျော်လွှားတဲ့အခြေအနေမျိုးမှာလည်း ဘေဘီလေးက လက်စုပ်တတ်ပါတယ်။ ဥပမာ သေးခံကစိုနေတာကို လဲပေးစေချင်တဲ့အခါ အစပိုင်းမှာ ငိုပါလိမ့်မယ်။ ဒါကို သတိထားမိပြီး သေးခံလဲပေးမယ်။ သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် ဘေဘီလေးက အငိုတိတ်သွား​ပြီး  ပြီးရင် သူ့ကိုယ်သူ နှစ်သိမ့်တဲ့ အနေနဲ့ လက်ကလေးကို စုပ်ပါလိမ့်မယ်။
    • နို့စို့ရင်း အိပ်ချင်လို့ပါ။ ဘေဘီလေးက နို့စို့ရင်းအိပ်ပျော်သွားတယ်။ ဒီလိုနဲ့ ခဏအိပ်ပျော်သွားပြီး ပြန်နိုးလာချိန်မှာ နို့ထပ်စို့ချင်ပေမယ့် ထပ်စို့ဖို့ မဖြစ်နိုင်တဲ့အခါမျိုးမှာ လက်မလေးကိုစုပ်ပြီး ပြန်အိပ်သွားတတ်ကြပါတယ်။
    • သွားပေါက်ခါနီးတဲ့အခါမျိုးမှာ ဘေဘီလေးတွေက သွားရည်ကျတာနဲ့အတူ သွားဖုံးတွေနာကျင်မှုကို သက်သာစေဖို့အတွက် ပါးစပ်ထဲကို လက်ထည့်တာမျိုးလုပ် တတ်ကြပါတယ်။
    • ပတ်ဝန်းကျင်သစ်ကို စူးစမ်းတဲ့အခါမျိုးမှာလည်း အမြင်အာရုံ နဲ့ အကြားအာရုံအပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အရသာခံပြီး စမ်းသပ်ကြည့်တတ်တဲ့ ဘေဘီလေးတွေက ပါးစပ်ထဲကို လက်ထည့်တတ်ကြပါသေးတယ်။

    ဘယ်လောက်ကြာကြာ လက်စုပ်တတ်ကြလဲ……

    ဘေဘီလေးအများစုက အသက် ၆ လ၊ ၇ လလောက်ရောက်တဲ့အထိ လက်စုပ်တတ်ကြပြီး အချို့ဘေဘီလေးတွေကတော့ ၂ နှစ်လောက်အထိ လက်စုပ်တတ်ကြပါတယ်။

    လက်စုပ်တဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ………

    ဘေဘီလေးရဲ့ လက်စုပ်တဲ့အကျင့်ကို ဖျောက်ချင်တယ်ဆိုရင်တော့

    • ဘေဘီလေးကို ဆာမှ နို့တိုက်တာမျိုး၊ အစားကျွေးတာမျိုးမလုပ်ဘဲ အချိန်တစ်ခုသတ်မှတ်ပြီး သေချာလေးကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ဘေဘီလေးကို ဗိုက်ဆာလို့ လက်စုပ်တာကနေ ကာကွယ်နိုင်မှာပါ။
    • ဘေဘီလေးကို သွားယားကိုက်လေးဝယ်ပေးထားတာက သွားပေါက်ချင်တာကြောင့် သွားဖုံးတွေနာပြီး ပါးစပ်ထဲကို လက်ထည့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
    • ဘေဘီလေးကို အမြဲမပြတ်စောင့်ကြည့်ပေးပြီး သေးခံစိုနေရင် လဲပေးတာ၊ သက်တောင့်သက်သာဖြစ်အောင်ထားပေးတာကလည်း  ဘေဘီလေးကို အခြေအနေတစ်ရပ်ရပ်အဆင်မပြေတာကြောင့် လက်စုပ်တာမဖြစ်အောင် ကာကွယ်နိုင်မှာပါ။
    • ကလေးကို ချိုလိမ်လေးပေးထားတာကလညး လက်မစုပ်တတ်တဲ့အကျင့်ကို ဖျောက်ရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။
    • ကလေးကို အချိန်ပေးပြီး သူသဘောကျတဲ့ အရုပ်လေးတွေနဲ့ ကစားပေးတာကလည်း ကလေးကို လက်စုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပေးရာရောက်မှာပါ။

    ဒီလိုဆိုရင် စိုးရိမ်သင့်ပါပြီ

    ဘေဘီလေးတွေ လက်စုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပဲဆိုပေမယ့် အခုလိုအခြေအနေမျိုးဆိုရင်တော့ စိုးရိမ်စရာကောင်းနေပါပြီ။

    • ဘေဘီလေးက သွားတွေစုံနေပေမယ့် လက်စုပ်နေမယ်။ ဘေဘီလေးက သွားတွေအကုန်စုံတဲ့အထိ လက်စုပ်နေတာက သွားတွေရဲ့ နေရာတကျရှိမှုကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက သွားပြဿနာခံစားရနိုင်ခြေလည်း များစေနိုင်ပါတယ်။
    • အသက် ၅ နှစ်အထိ လက်စုပ်နေသေးတယ်ဆိုရင်တော့ ဘေဘီလေးမှာ ချို့ယွင်းချက်တစ်ခုခုရှိနေတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သွားပြကြည့်ဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement