ခေါင်းကိုက်တယ်လို့ ပြောရင် ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သာမန် စိတ်ပင်ပန်း၊ လူပင်ပန်းလို့ ကိုက်နိုင်သလို အမြင်အာရုံပြဿနာတွေမှာလည်း ခေါင်းကိုက်နိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။
ရေတိမ်မှာ မျက်လုံးတွင်းအရည်ဆင်းတဲ့ အပေါက်ပိတ်သွားရင်တင်းပြီး ခေါင်းကိုက်နိုင်သလို မျက်မှန်ပါဝါ၊ ဆလင်ဒါပါဝါ မကိုက်တာ၊ မျက်လုံးကို အလင်းရောင် စူးစူးထိုးမိလို့ ခေါင်းကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ရေတိမ်ကြောင့်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုပါမယ်။ ဒါမှ အမြင်အာရုံ ဆုံးရှုံးတာကို ကာကွယ်နိုင်မှာပါ။
ဆိုလိုတာက အလင်းရောင်ရှိတဲ့နေရာမျာနေရင် စိတ်ရှုပ်လာတာ၊ သက်သောင့်သက်သာမဖြစ်တာမျိုးပါ။ Photophobia အလင်းရောင် ကြောက်တဲ့သူလို့ ခေါ်ဝေါ်ကြပါတယ်။ အခြေအနေ သိပ်မဆိုးတဲ့သူဆို လင်းတဲ့နေရာမှာ နေရင် သူ့မျက်လုံးထဲကို အလင်းရောင်မဝင်အောင် မျက်မှောင်ကျုံ့ထားတတ်ပါတယ်။ အခြေအနေဆိုးတဲ့သူဆိုရင်တော့ အလင်းနဲ့ ထိတွေ့တာနဲ့ကိုမျက်လုံးတွေ နာတဲ့အထိ ပြင်းထန်တတ်ပါတယ်။
ဒီလိုအလင်းဒဏ်ကို မခံနိုင်တဲ့ ပြဿနာကို အတွင်းတိမ်၊ မျက်ကြည်လွှာ ပွန်းတဲ့သူတွေ၊ မျက်လုံးမှာ ဓာတ်မတည့်ပြဿနာရှိသူတွေ၊ မျက်စိစွေတဲ့သူတွေမှာ အဓိက တွေ့ရပါတယ်။
- အမှုန်အစက်လေးတွေ မြင်နေရတာ
မျက်လုံးက ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မရှိဘဲ အမှုန်တွေ၊ အစက်တွေ၊ မျဉ်းကြောင်းတွေ မြင်နေရတာကို Floatersလို့ ခေါ်ပါတယ်။ မျက်စိရှေ့မှာ မြင်နေရပေမယ့် တကယ်တမ်း ဒီအမှုန်လေးတွေက မျက်လုံးထဲက အရည်ထဲမှာ မျောပါနေတာပါ။ ဒီဆဲလ်လေးတွေက မြင်လွှာမှာ အရိပ်ပြန်ထင်လို့ မျက်လုံးရှေ့မှာ မြင်နေရတာပါ။
များသောအားဖြင့်တော့ ဒီအမှုန်အစက်တွေက အန္တရာယ်မရှိပါဘူး။ အချိန်တစ်ခုလောက်ကြာရင် အလိုလိုသက်သာသွားပါတယ်။ ဒီတိုင်းထက် ပြောင်ရှင်းကြည်လင်နေတဲ့ တစ်နေရာရာ (ဥပမာ နံရံ၊ ကောင်းကင်)ကို ကြည့်တဲ့အခါ ပိုပြီး သတိထားမိတတ်ပါတယ်။
တစ်ခါတလေတော့လည်း သာမန်မဟုတ်ဘဲ ရောဂါကြောင့် မြင်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကြောင့် မျက်လုံးထိခိုက်တာ၊ မြင်လွှာကွာတာ၊ မျက်လုံးထဲက သွေးကြောရှိတဲ့အလွှာ ရောင်ရမ်းတာ စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။