အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။
ထွက်မှာ သေချာပြီလား။
အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။
ဒါပေမယ့် ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
အိပ်နေတဲ့အခါ မျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီး သွားရည်တွေ ပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။
ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ ကျော်လာတဲ့အခါ ပါးစပ်ကနေတဆင့် ပြင်ပကို စီးကျလာတာပါ။
အိပ်နေစဉ်မှာ သွားရည်ကျတာဟာ တအားအိပ်မောကျသွားလို့လို့ ယူဆကြတာ များပေမယ့် တကယ်တမ်းကတော့ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။
အိပ်နေစဉ်မှာ သွားရည်ကျတာကို သက်သာစေဖို့ဆိုရင်
အိပ်နေစဉ်မှာ ခေါင်းကို ခေါင်းအုံးမြင့်မြင့်လေး အုံးတာက အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေနိုင်ပါတယ်။ ခေါင်းအုံးကို မအိပ်ခင်ကတည်းက ခပ်မြင့်မြင့်လေးဖြစ်အောင် ဂရုစိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် အိပ်စက်ပါ။
အိပ်စက်မှုပုံစံ မမှန်တာကလည်း အိပ်နေစဉ်မှာ သွားရည်ကျတာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် မှောက်အိပ်သူတွေမှာ သွားရည်ကျတာက အဖြစ်များပါတယ်။ ဒါကြောင့် မှောက်မအိပ်ဘဲ ဘေးစောင်းအိပ်တာ၊ ပက်လက်အိပ်တာမျိုး အိပ်စက်ကြည့်ပါ။
တစ်ညလုံးကို တစ်ပုံစံတည်း အိပ်စက်တာမျိုး မလုပ်ဘဲ သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားကို မကြာခဏ ပြောင်းပေးပါ။
နှာခေါင်းပိတ်တာက သွားရည်ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူရင်း သွားရည်ကျတာကို ဖြစ်စေပါတယ်။
ဒါကြောင့် နှာခေါင်းပိတ်နေတယ်ဆိုရင်
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဝလွန်နေသူတွေက အိပ်နေစဉ်မှာ ပုံမှန်ထက် သွားရည်ပိုကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန် အခြေအနေမှာ ထိန်းသိမ်းပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Drooling in Your Sleep? Here’s Why It Happens and How to Treat It https://www.sleepadvisor.org/drooling-in-sleep/ Accessed Date 16 November 2020
Why You Drool When You Sleep and How You Can Stop It https://brightside.me/inspiration-health/why-you-drool-when-you-sleep-and-how-you-can-stop-it-646760/?utm_source=tsp_pages&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR29gA0XM0-puycMySi4hq_YCjv-JP6pqbK-_s-ApU6D-rsX9Rc5htx7WLY Accessed Date 16 November 2020