နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နားပြဿနာများ

Perforated Eardrum (နားစည်ပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perforated Eardrum (နားစည်ပေါက်ခြင်း ) ကဘာလဲ။ နားစည်ပေါက်ခြင်းသည် အတွင်းနားနှင့် အပြင်နားအား ခြားနားထားသည့် အမြှေးပါး ပြဲသွားခြင်းဖြစ်သည်။ ၎င်းအမြှေးပါးအား စည်ပုံစံဖြစ်ပြီး အရေပြားနှင့် ဆင်တူသော တစ်ရှူးများနှင့် ဖွဲ့စည်းထား၏။ နားစည်သည် နား၏အရေးကြီးလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ပေးသည်။ ၎င်းသည် အသံလှိုင်များကို ဖမ်းယူပြီး ဦးနှောက်ဆီသို့ အသံရောက်ရန် အာရုံကြောလှုံစော်မှုအချက်ပြများအဖြစ် ပြောင်းလဲပေး၏။ နားအတွင်သို့ ဘက်တီးရီးယားများနှင့် ပြင်ပဝတ္ထုများ မဝင်စေရန်လည်း ကာကွယ်ပေးပါသည်။ ပုံမှန်အားဖြင့် နားအလယ်ပိုင်းသည် ပိုးကင်စင်၏။ သို့သော် နားစည်ပေါကလျှင် ဘက်တီးရီးယားများ နားအလယ်ပိုင်းသို့ ဝင်သွားနိုင်ပြီး Otitis media ဟုခေါ်သော ပိုးကူးစက်ခြင်းကိုဖြစ်စေနိုင်ပါသည်။ Perforated Eardrum (နားစည်ပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားစည်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPerforated Eardrum (နားစည်ပေါက်ခြင်း […]


နားပြဿနာများ

နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု

နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။ နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး တွေလည်း ရှိပါတယ်။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာတွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။ နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာခြင်း

လည်ချောင်းနာခြင်း လည်ချောင်းနာတာ ဟာ တော်တော်ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ နာလည်းနာတယ်၊ စိတ်နှောင့်အယှက်လဲတော်တော်ဖြစ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာတာ အများစူကတော့ သာမန်ဖျားတာနာတာလောက်ကြောင့်ပဲ ဖြစ်တတ်ပြီး ကုသမှု မလိုအပ်ပဲ ပျောက်ကင်းသွားနိုင်ပါတယ်။   လည်ချောင်းနာဆိုတာဘာလဲ။ လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်း တစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။   လည်ချောင်းနာခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ လည်ချောင်းနာခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ […]


လည်ချောင်းပြဿနာများ

Pharyngomycosis (လည်ချောင်းမှိုစွဲရောင် ရောဂါ)

Pharyngomycosis ဆိုတာဘာလဲ။ Pharyngomycosis (tonsillomycosis, fungal infection of the mouth, fungal pharyngitis, fungal tonsillitis, fungal infection of the throat, thrush) လည်ချောင်းမှိုစွဲရောင်ရောဂါ ဟာ မှိုကြောင့် ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Pharyngitis ဟာ oropharynx ရဲ့ mucosa ရောင်ရမ်းခြင်းဖြစ်ပါတယ်။ အာသီးရောင်ခြင်းကတော့ အာသီးတွေမှာ lymphoid formation ဖြစ်ပြီး အာသီးရောင်တာဖြစ်ပါတယ်။ အခြေအနေ အတော်များများမှာ ဒီရောဂါဟာ yeast-type မှိုကြောင့် ဖြစ်ပြီး mold type ဖြစ်တာရှားပါတယ်။ ပိုးသတ်ဆေးတွေ၊ cortecosteroids၊ cytotoxic drugs၊ ဒဏ်ရာရရှိမှုတွေနဲ့ လည်ချောင်းရောင်ရမ်းခြင်း၊ ဆီးချို၊ တီဘီ၊ ဗီတာမင် ချို့ယွင်းခြင်းတွေဟာ ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။   Pharyngomycosis […]


လည်ချောင်းပြဿနာများ

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကဘာလဲ။ လည်ချောင်းရောင်ခြင်းဖြစ်လျှင် လည်ချောင်းနာခြင်း၊ ယားခြင်းနှင့် တံတွေးမျိုလိုက်လျှင် ထိုလက္ခဏာများပို ဆိုးခြင်းတို့ဖြစ်နိုင်သည်။ လည်ချောင်းရောင်ခြင်းသည် အအေးမိတုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်များပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းသည် ဆေးသောက်စရာမလိုဘဲကောင်းသွားနိုင်သည်။ လည်ချောင်းနာခြင်းသည် ပုံမှန်အာဖြင့် ရက်အနည်းငယ်ကြာလျှင်ပျောက်သွားသော်လည်း ၃-၄ ပတ်အထိလည်း ကြာမြင့် နိုင်သည်။ အကယ်၍ လည်ချောင်းနာခြင်းသည် ရက်ရှည်လာပြီး လက္ခဏာများပိုဆိုးလာပါက သင်သည် ပိုဆိုးသော ကျန်းမာရေးအခြေအနေနှင့် ကြုံလာရနိုင်ပါသည်။ Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကြာရှည်စွာ လည်ချောင်းနာခြင်း သည်အသက်အရွယ်မရွေးဖြစ်နိုင်သည်။ သို့သော် ကြာရှည်စွာ လည်ချောင်းနာခြင်း သည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများChronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကြာရှည်စွာ လည်ချောင်းနာခြင်း ၃ ပတ်မှ […]


နှာခေါင်းပြဿနာများ

Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ကဘာလဲ။ ဒီရောဂါဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်သော ရောဂါမဟုတ်ချေ။ အကြောင်းရင်းမရှိဘဲ နှာခေါင်းအမြှေးပါးရောင်ပြီး နာတာရှည်နှာချေခြင်း သို့ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတွေ တွေ့ရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆိုးဆိုးရွားရွားမဟုတ်တဲ့ မသက်မသာခံစားရမှုတွေ တွေ့ရနိုင်ပါတယ်။   Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အရွယ်အားလုံးဖြစ်နိုင်ပေမဲ့ အသက်၂၀အထက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ လက္ခဏာများVasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ဖြစ်လိုက်ပျောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးတွေ့ရတတ်ပါတယ်။ မကုသဘူးဆိုရင် ရက်သတ္တပတ်တွေအများကြီး သို့ အကြာကြီး ဖြစ်နေနိုင်ပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့ • နှာခေါင်းအနောက်ပိုင်းနှာရည် သို့ အချွဲများ လည်ချောင်းထဲသို့စီးသွားခြင်း • နှာရည်ယိုခြင်း • နှာချေခြင်း • […]


နားပြဿနာများ

Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ အအေးမိတဲ့အခါ၊ လည်ချောင်းထဲ ပိုးဝင်တဲ့အခါ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုး ဖြစ်ပွားတဲ့အခါ နားရဲ့ အလယ်ပိုင်းမှာ အရည်လေးတွေ စုပုံပိတ်မိပြီး နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ နားအတွင်းပိုးဝင်ခြင်း ဟာ ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေအဖြစ် နားကိုက်တာ နဲ့ အဝါရောင်ခပ်ပျစ်ပျစ် အရည်လေးတွေ နားထဲကထွက်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နား အလယ်ပိုင်းမှာ ရောင်ရမ်းနေတဲ့အပြင် အရည်တွေလည်း စုပုံနေတာမို့ နားအတွင်းပိုးဝင်ခြင်းဟာ နာကျင်လေ့ ရှိပါတယ်။ နားလမ်းကြောင်း ပိုးဝင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။ နားထဲမှာရှိတဲ့ ပြွန်လေးတွေ ရောင်ရမ်းပိတ်ဆို့ပြီး အလယ်နားမှာ အရည်တွေ စုပုံလာတာကြောင့် နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီပြွန်လေးတွေဟာ သေးငယ်ပြီး နား နဲ့ လည်ချောင်းအနောက်ဖက်ကို တိုက်ရိုက်ဆက်သွယ်ပေးထားတဲ့ ပြွန်အသေးလေးတွေ ဖြစ်ပါတယ်။ ပြွန်လေးတွေ ပိတ်ဆို့စေတဲ့ အကြောင်းရင်းတွေက […]


နှာခေါင်းပြဿနာများ

Allergic Rhinitis (ဓါတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Allergic rhinitis ဆိုတာဘာလဲ။ နှာခေါင်းအတွင်းသား အမြှေးပါးလေးတွေ aရာင်ရမ်းတာကို rhinitis လို့ခေါ်ပါတယ်။ မိမိနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတခုခုကိုရှုရှိုက်မိလို့ ဖြစ်လာတဲ့ နှာခေါင်းအတွင်းသားရောင်ရမ်းမှုကို Allergic rhinitis လို့ခေါ်ပါတယ်။ allergens လို့ခေါ်တဲ့ မိမိနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတခုခုကိုခန္ဓါကိုယ်ကအလွန်အကျွံတုံ့ပြန်တဲ့အတွက် ဒီအခြေအနေ ဖြစ်ပေါ်လာရတာပါ။ Allergic rhinitis အမျိုးအစားနှစ်မျိုးရှိပါတယ်။ နှစ်တစ်နှစ်ရဲ့အချိန်တခုခုမှာ သတ်သတ်မှတ်မှတ် ဖြစ်လေ့ရှိတဲ့ seasonal allergic rhinitis နဲ့တစ်နှစ်လုံးတောက်လျှောက်ဖြစ်နေတဲ့ perennial allergic rhinitis တို့ပဲ ဖြစ်ကြပါတယ်။ Allergic rhinitis ဟာဘယ်လောက်ထိအဖြစ်များသလဲ။ ဒီရောဂါဟာ အနည်းငယ်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ aလ့လာချက်မှတ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်းလောက်ဟာ ဒီဝေဒနာကိုခံစားနေရတယ်လို့ဆိုပါတယ်။ သူတို့ထဲက အများစုဟာ ပန်းဝတ်မှုန်တွေနဲ့ဓါတ်မတည့်တာပါတဲ့။ လက္ခဏာများAllergic rhinitis ရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ Allergic rhinitis ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ – • နှာချေခြင်း • နှာရည်ယိုခြင်း • နှာခေါင်း၊မျက်စိ၊လည်ချောင်း၊အရေပြားဒါမှမဟုတ်ဘယ်နေရာမဆိုယားယံခြင်း • ချောင်းဆိုးခြင်း • နှာပိတ်ခြင်း • လည်ချောင်းနာခြင်း၊ရှတတဖြစ်ခြင်း • မျက်ရည်ပူတွေထွက်ခြင်း • […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာ သက်သာစေသော နည်းလမ်း (၁၀)မျိုး

နည်းလမ်းများလည်ချောင်းနာခြင်းသည် ခံရခက်လွန်းသော ဝေဒနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် သင့်အလုပ်သည် စကားများများပြောရန် လိုအပ်သော အလုပ်ဖြစ်ပါက ပို၍ပင်ဆိုးဝါးသည်။ အကယ်၍ သင့်တွင်ဆရာဝန်ဆီ သွားရန်အချိန်မရှိသေးပါက အိမ်တွင်းကုထုံးများနှင့် ဆေးစာမလိုဘဲ ဆေးဆိုင်မှ ဝယ်၍ရသောဆေးဝါးများကို စမ်းသပ်သုံးစွဲနိုင်သည်။ အောက်ပါနည်းလမ်း ၁၀မျိုးမှာ လည်ချောင်းနာသက်သာစေသော နည်းလမ်းများပင်ဖြစ်သည်။ (၁) Advil သင့်အိမ်တစ်နေရာရာတွင် Advil ဆေးလုံးလေးများတော့ ရှိနေပြီးသားဖြစ်လိမ့်မည်။ Advil သည် အရောင်ကျဆေး နှင့် အနာသက်သာဆေးတို့ပါဝင်သည့် စတီးရွိုက်မပါသော ဆေးတစ်မျိုးဖြစ်သည်။ ရောင်ရမ်းခြင်းကိုသက်သာစေကာ သင့်ကို ပိုပြီးနေထိုင်ကောင်းစေမှာပါ။ (၂) ဆားရေ သိပ္ပံပညာရှင်များက တစ်နေ့သုံးလေးကြိမ် ဆားရေနွေးနွေး ဖြင့်ပလုပ်ကျင်းခြင်းသည် ရောင်ရမ်းခြင်းနှင့် ချွဲသလိပ်တို့ကို လျော့ပါးစေပြီး ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးသည်။ ရေတစ်ခွက်လျှင် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ဖျော်နိုင်သည်။ အရသာမပြင်းစေရန် ပျားရည်အနည်းငယ်ထည့်နိုင်သော်လည်း ပလုပ်ကျင်းပြီးလျှင် ထွေးထုတ်ဖို့တော့ မမေ့ပါနှင့်။ (၃) လည်ချောင်း ဖျန်းဆေး လည်ချောင်း ဖျန်းဆေး […]


နှာခေါင်းပြဿနာများ

နားကို ထိခိုက်မိခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်နားကိုထိခိုက်မိခြင်း ဆိုတာဘာလဲ။ ပြင်ပကို ထိခိုက်မိတဲ့ ဒဏ်ရာအများစုကတော့ အညိုအမဲစွဲခြင်းနဲ့ ပွန်းပဲ့ခြင်းတို့ပါပဲ။ တကယ်လို့ နားက အလွန်အမင်း ဖောင်းလာတယ်၊ ဆေးကုသမှုလည်း မခံယူလိုက်ဘူးဆိုရင်တော့ သွေးခဲတွေရှိနေနိုင်ပြီး နားကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ လက်သည်း၊ နားကြပ်တံ၊ ဆရာဝန်အသုံးပြုတဲ့ နားစမ်းသပ်ကိရိယာ စတာတွေနဲ့ နားအတွင်းပိုင်းကို ထိခိုက်မိရင်တော့ နားထဲမှာ သွေးထွက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါတွေက နည်းနည်းလောက် သွေးထွက်ပြီး ခဏလောက်အတွင်း ပြန်ကျက်သွားပါတယ်။ ခဲတံ၊ ပိုက်၊ ဝါယာ စတဲ့ ရှည်ပြီး ချွန်ထက်တဲ့အရာတခုခုနဲ့ ထိခိုက်မိရင်တော့ နားစည်ပေါက်သွားတာမျိုး ဖြစ်နိုင်သလို၊ အကြားအာရုံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ လက္ခဏာများလက္ခဏာတွေက ဘာတွေလဲ • အကြားအာရုံချို့ယွင်းလာမယ် • နားထဲမှာ ဆူညံသံတွေ ကြားနေရမယ် ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်သလဲ အနာကို ဆပ်ပြာ၊ ရေတို့နဲ့ဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးတစ်ခုနဲ့ ၁၀ မိနစ်ခန့် ဖိထားပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်