နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

နားစည်အပြင်ပိုင်းရောင်ရမ်းနာ

နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဆိုတာဘာလဲ? နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ ဟာ ဘယ်လောက်အဖြစ်များသလဲ? ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ ရောဂါလက္ခဏာများသိရှိခြင်း နားစည်အပြင်ပိုင်းရောင်ရမ်းနာ ရဲ့symptom တွေကဘာတွေလဲ? - နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ - နားယားတာ - အနည်းငယ်ဖျားတာ - နားထဲကနေပြည်တွေထွက်တာ - အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ - တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? အထက်ဖော်ပြပါ လက္ခဏာတွေထဲက […]


နားပြဿနာများ

နားဖာချေးပိတ်ခြင်း

နားဖာချေးပိတ်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ နားဖာချေးပိတ်ခြင်း ဆိုတာဘာလဲ။ နားဖာချေးပိတ်ခြင်း ဆိုတာက နားကနေ နားဖာချေး အရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေး ပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ နားဖာချေးပိတ်တာက ဘယ်လောက်ထိအဖြစ်များသလဲ။ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ ရောဂါလက္ခဏာများ နားဖာချေးပိတ်ခြင်း ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နားဖာချေးပိတ်ခြင်း ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော […]


နား၊ နှာခေါင်း၊ လည်ချောင်း

ဘာကြောင့် လည်ပင်းနာနေတာလဲ

ဇက်ကြောတက်ခြင်းဟာ ပုံမှန်ပါပဲ။ အထူးသဖြင့်တော့ အသက် ၅၀အထက် လူကြီးတွေမှာပေါ့။ ဇက်ကြောတက်ခြင်း (လည်ပင်းနာခြင်း) ဟာ လည်ပင်းဧရိယာဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ ခေါင်းရဲ့အောက်ခြေကနေပြီး ပုခုံးစွန်းတွေထိပေါ့။ ဒါတွေက သင့်ရဲ့ နောက်ကျောအပေါ်ပိုင်းတွေ ဒါမှမဟုတ် လက်မောင်းတွေထိတောင် ပြန့်နှံ့နိုင်ပါသေးတယ်။ ဒါက သင့်ရဲ့ ခေါင်းနဲ့ လည်ပင်းလှုပ်ရှားမှုတွေကို ကန့်သတ်ထားနိုင်ပါတယ်။   ကျွန်တော်တို့ရဲ့လည်ပင်း (ဇက်)ဟာ ခေါင်းခွံရိုးကနေ ကိုယ်အထိ ရှည်တဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာပါ။ Cervical discs တွေကတော့ အရိုးတွေကြားထဲက ထိခိုက်မှုတွေ ရှော့ခ်တွေကို စုပ်ယူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဇက်ရဲ့ အရိုးတွေ၊ ကြွက်သားကြောတွေ နဲ့ ကြွက်သားတွေက ခေါင်းကိုထောက်ပံ့ပေးပြီး လှုပ်ရှားလို့ရအောင် ကူညီပေးပါတယ။် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ဒဏ်ရာအနာတရဖြစ်မှုတွေ က ဇက်ကြောတက်ခြင်း၊ ဇက်နာခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဓိက အကြောင်းရင်းတွေက ဘာတွေလဲ။ ကြွက်သားတင်းနေခြင်းနဲ့ […]


နားပြဿနာများ

Hearing Loss (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အသက်ရလာတဲ့အမျှ တဖြည်းဖြည်းဖြစ်ပွားလာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာခြင်းနဲ့ ဆူညံသံတွေနဲ့ရေရှည်ထိတွေ့ရခြင်းက နားအကြားအာရုံချို့တဲ့ခြင်းရဲ့ သိသာတဲ့အကြောင်းရင်းဖြစ်ပါတယ်။ နာဖာချေားအလွန်အကျွံထွက်ခြင်းကဲ့သို့သော အခြားအကြောင်းရင်းတွေက သင့်နားကိုယာယီအသံတွေကနေ ကာကွယ်ပေးထားပါတယ်။ နားအကြားအာရုံချို့ယွင်းခြင်းအများစုက တစ်သက်လုံးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင်ကလုံးလုံးမကြားတော့တဲ့ဘဝနဲ့မနေရပါဘူး။ သင်နဲ့သင့်ဆရာဝန်ဒါမှမဟုတ် အကြားအထူးကုက သင့်အကြားအာရုံကိုတိုးတက်လာစေဖို့ နည်းလမ်းတွေဆောင်ကျဉ်းလိုက်နာရပါမယ်။ Hearing Loss (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်၅၅နှစ်နဲ့၆၄နှစ်ကြားအမျးစုမှာ အကြားအာရုံအနည်းငယ်ချို့တဲ့နေကြပါတယ်။ ာအသက်၆၅နှစ်အထက်မှာတော့ နှစ်ယောက်မှာတစ်ယောက်နှုန်းနဲ့ နားအကြားချို့ယွင်းကြပါတယ်။ ဖြစ်ပွားစေရတဲ့အကြောင်းရင်းတွေကို နည်းစေခြင်းဖြ်င့်စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHearing Loss (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စကားသံနဲ့အခြားသောအသံများကို မကြားခြင်း စကားလုံးများနားလည်ရခက်ခြင်း အထူးသဖြင့် လူအုပ်ကြားထဲတွင် ဗျည်းသံများနားထောင်ရာတွင် အခက်အခဲရှိခြင်း အခြားသူများကို စကားနှေးနှေးပြောရန်၊ ရှင်းရှင်းလင်းလင်းပြောရန်၊ ကျယ်ကျယ်ပြောရန် မကြာခဏတောင်းဆိုရခြင်း ရုပ်မြင်သံကြားရေဒီယိုအသံကို မြှင့်ရခြင်း စကားဝိုင်းမှ ရပ်လိုက်ရြခ်ငး လူမှုရေးဆိုင်ရာပွဲများကို ရှောင်နေရခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောေရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအကေိုပိုမဆိုးသွားအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအေနေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကိုတတ်နိုင်သမျှ ဆိုးရွားတဲ့အခြေအနေကနေကာကွယ်နိုင်ဖို့ မြန်မြန်ဆွေးနွေးသင့်ပါတယ်။ သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက […]


လည်ချောင်းပြဿနာများ

ကိုယ့်မှာ သိုင်းရွိုက်ပြဿနာရှိနေတဲ့လက္ခဏာတွေ ရှိ၊ မရှိ သင်သိရဲ့လား

ကိုယ့်မှာ သိုင်းရွိုက်ပြဿနာရှိနေတဲ့လက္ခဏာတွေ ရှိ၊ မရှိ သင်သိရဲ့လား ! သိုင်းရွိုက်ရောဂါက မပေါ့ဆသင့်ပါဘူး။ သိုင်းရွိုက် အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို သက်ရောက်မှုပေးနိုင်ပါတယ်။ သိုင်းရွိုက်က သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းတာ၊ ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့် ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက် ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာက ပါဝင်နေတာဖြစ်ပါတယ်။ ဘယ်လိုလုပ်ဆောင်ချက်ရှိသလဲ သိုင်းရွိုက်က အိုင်အိုဒင်းပါဝင်ဖွဲ့စည်းထားတဲ့ အဓိကဟော်မုန်းတွေဖြစ်တဲ့ triiodothyronine (T3) နဲ့ thyroxine (T4) တို့ကိုထုတ်ပေးပါတယ်။ ခေါင်းအစခြေအဆုံးကို သက်ရောက်မှုပေးနေတဲ့ သိုင်းရွိုက်ရဲ့ လုပ်ဆောင်ချက်တွေကတော့ နှလုံး - သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကို လွှမ်းမိုးနိုင်ပါတယ်။ သန္ဓေအောင်နိုင်စွမ်း -သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကိုလည်း […]


နား၊ နှာခေါင်း၊ လည်ချောင်း

သင့်ကလေးမှာ နားတွင်းပိုးကူးစက်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ

ကလေးတစ်ယောက်၌ နားရောဂါရှိလာပြီဆိုပါက နာကျင်မှုသည် အသိသာ အထင်ရှားဆုံး လက္ခဏာပင်ဖြစ်သည်။ သူတို့ နားကိုက်ကြောင်း ပြောပါလိမ့်မည်။ မပြောနိုင်လျှင်တောင် သူတို့ကိုကြည့်လိုက်လျှင် မသက်မသာပုံ သို့ ညစ်ညူးနေသည့်ပုံကို တွေ့ရနိုင်ပါသည်။ ကလေးသည် နားကိုဆွဲလိုက် ထိလိုက်လုပ်နေသည်ကိုမြင်ရသည်မှာ အတော်လေးစိတ်မကောင်းဖွယ်ရာပင်။ သူ့၌ သာမန်အအေးမိ တုပ်ကွေးဖြစ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားအတွင်း ပိုးဝင်နေတာလည်း ဖြစ်နိုင်ပါသည်။ နားအတွင်းပိုးဝင်ရသည့်အကြောင်းရင်းများ အသက် ၃ နှစ်အောက် ကလေးများသည် ရောဂါနှင့် ကူးစက်ပိုးဝင်နိုင်ချေများကြောင်း သိထားရမည်။ သူတို့၏ ကိုယ်ခံအားစနစ်သည် မသန်စွမ်းသေးပဲ အလွယ်တကူ အတိုက်ခံရနိုင်သည်။ ထို့ကြောင့် အပြင်မှလှုံ့စော်ချက်ပေးလိုက်သည်နှင့် နားအတွင်းရှိအရည်များ ထွက်လာစေနိုင်သည်။ တိုတောင်းသော အူစတက်ချီယမ်ပြွန်များတွင် အရည်နှင့် ရောဂါပိုးများရှိနေတတ်ပြီး နားအလယ်ပိုင်းတွင် ပိတ်မိနေတတ်၏။ ငယ်ရွယ်သောကလေးများ၌ အူစတက်ချီယမ်ပြွန်များသည် (နားအလယ်ပိုင်းနှင့် လည်ချောင်းကိုစပ်ထားသော ပြွန်)သည် ရေပြင်ညီပုံစံအတိုင်း ရှိနေတတ်ပြီး အရည်များကို ထုတ်ရမိအစား […]


လည်ချောင်းပြဿနာများ

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ကဘာလဲ။ လည်ပင်းနေရာကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် အသံအိုးကွဲကာ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပြီး ယင်းသို့ထိခိုက်မိပါက အသက်အန္တရာယ်ထိခိုက်နိုင်သည် လေလမ်းကြောင်း ပိတ်ဆို့မှုများဖြစ်နိုင်ပါသည်။ ထို့ကြောင့် လူနာသည် အသံအိုးကွဲသည်ဟု သံသယရှိပါက အရေးပေါ်အနေအထားအတိုင်း ကုသရမည်ဖြစ်ပါသည်။ Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းသည် အလွန်အဖြစ်များပြီး အသက်ကြီးအရွယ်မရွေး ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများLaryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းတွင် အဖြစ်များဆုံးသော ရောဂါလက္ခဏာများမှာ စကားပြောရာတွင် ၊ အသံထွက်ရာတွင် ခက်ခဲခြင်း အသံပြောင်းသွားခြင်း (အသံသြလာခြင်း) အသက်ရှုသံကျယ်လာ(ဆူညံ)ခြင်း အသက်ရှုရခက်ခြင်း လည်ပင်းနာခြင်း၊ အစာမြိုချိန် ချောင်းဆိုးချိန်များတွင် လည်ပင်းနာခြင်း လည်ပင်းပေါ်တွင် သွေးခြေဥခြင်း လည်ပင်းတွင် ရောင်ရမ်းခြင်း အသံအိုးဒဏ်ရာရခြင်းသည် မသိသာသည်များလည်းရှိပါသည်။ သင့်ကလေးသည် မတော်တဆဖြစ်ချိန်၊ ချော်လဲချိန်တွင် အသံအိုးဒဏ်ရာဖြစ်သွားသည်ဟု […]


လည်ချောင်းပြဿနာများ

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကဘာလဲ။ အသံအိုးကျဉ်းသွားခြင်း သည် အသံကြိုး ၂ ခု ကြားရှိအပေါက်နေရာ၊ ထိုနေရာ၏ အပေါ် ၊ အောက် မည်သည့်နေရာတွင်မဆို ပြွန်ချောင်း တလျှောက်ကျဉ်းသွားခြင်းကြောင့် အသံသြခြင်း၊ အသက်ရှုကျပ်ခြင်း၊ မောပန်းခြင်းတို့ဖြစ်လာရပါသည်။ ထို့ပြင် ခွဲစိတ်မှုများပြုလုပ်ခြင်း၊ လည်းချောင်းထဲသို့ အသက်ရှုပြွန်ထဲ့ခြင်း ၊ ဓါတ်ရောင်ခြည်ကုသမှု၊ ကင်ဆာဆေးသွင်းမှုများခံယူခြင်းနှင့် အခြားသော အကြောင်းများကြောင့် အသံအိုးကျဉ်းသွားခြင်ဖြစ်နိုင်သည်။ ကလေးငယ်များတွင်မူ မွေးရာပါ အသံအိုးကျဉ်းသွားခြင်းမျိုးကို တွေ့ရတတ်သည်။ အသံအိုးကျဉ်းသွားခြင်သည် ခဏတာဖြစ်နိုင်သလိုနာတာရှည်လည်း ဖြစ်နိုင်သည်။ ခဏတာမျှ ကျဉ်းသွားခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှ တဆင့် အောက်ဆီဂျင်ဝင်ရောက်နိုင်မှုများနည်းသွားမည်ဖြစ်သည်။ ရောဂါလက္ခဏာများသည် မည်မျှ ကျဉ်းသလဲအပေါ်မူတည်ပြီး ကွားခြားနိုင်ပါသည်။ အသံအိုးကျဉ်းသွားခြင်းသည် ရုတ်တရက်ဖြစ်တတ်ပြီး သွေးထဲတွင် အောက်ဆီဂျင်ဓါတ်လျော့နည်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်များ များပြားလာခြင်းတို့ ဖြစ်လာကာ ခန္ဓာကိုယ်တွင်ရှိသော အရေးကြီးသည့် အဂါၤအစိတ်အပိုင်းများအလုပ်မလုပ်နိုင်တော့ခြင်း နှင့် အဆိုးဝါးဆုံး သေဆုံးခြင်းအထိဖြစ်နိုင်ပါသည်။ ထိုသို့ […]


နားပြဿနာများ

Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) ကဘာလဲ။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း သည် အထူးသဖြင့် ရေကူးသမားများတွင်ဖြစ်သော ရောဂါဖြစ်ပြီး နားအတွင်းပိုင်းတွင် ဖြစ်သောရောဂါဖြစ်သည်။ နားအတွင်းပိုင်းမှ တဆင့် အနားအပြင်ပိုင်းနှင့် ပတ်လည်ရှိ တစ်သျူးများ၊ မျက်နှာရိုးများနှင့် မျက်နှာအထိပါ ပြန့်နှံ့နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်သော နားတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သည်။ ရေကူးသမားများတွင် ဖြစ်သော နားရောဂါဟုခေါ်သော်လည်း ယင်းသည် နားအတွင်းတွင်ရေများကျန်ခဲ့ခြင်းကြောင့်ဖြစ်ခြင်းမဟုတ်ပါ။ Malignant Otitis Externa (နားအတွင်းပိုးဝင်ရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် Pseudomonas aeruginosa အမည်ရှိသော ဘက်တီးရီးယားကြောင့် ဖြစ်ပြီး နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းဖြစ်သော လူများ၏ ၉၀% ကျော်သည် ဆီးချိုရောဂါရှိသူများဖြစ်ကြောင်း တွေ့ရသည်။ နားအတွင်းပိုးဝင်ရောင်ရမ်းခြင်းသည် စိုထိုင်းဆများသော ဒေသများတွင် ပိုပြီးဖြစ်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် […]


နား၊ နှာခေါင်း၊ လည်ချောင်း

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကဘာလဲ။ ပြင်ပမှပစ္စည်းများဆိုသည်မှာ နားလမ်းကြောင်းတလျှောက် (နားစည်မှ ပြင်ပအထိဆက်နေသာ ပြွန်လမ်းကြောင်း)တွင်ကပ်နေသောအရာများကို ခေါ်သည်။ အများအားဖြင့် ဂွမ်းစများ၊ အင်းဆက်ပိုးကောင်များ (ပိုးဟပ်၊ ယင်ကောင်၊ ပုရွက်ဆိတ်)၊ ကစားစရာပစ္စည်းငယ်လေးများ၊ ပုတီးစေ့များ စသည်တို့ဖြစ်သည်။ သင့်အနေနှင့် ထိုပစ္စည်းများနားထဲသို့ဝင်သွားလျှင် သိနိုင်သော်လည်း ကလေးများကမူ မသိနိုင်ချေ။ Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းသည်အများအားဖြင့် ကလေးငယ်များနှင့် စိတ်ရောဂါရှိသူများတွင် ပို အဖြစ်များပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများForeign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ပြင်ပမှ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်