နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နားပြဿနာများ

Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ကဘာလဲ။ နားစည်အနောက်ပိုင်းရှိ တုန်ခါတတ်သော အရိုးကလေးများပါဝင်ပြီး လေနဲ့ပြည့်နေတဲ့နေရာကို နားအလယ်ပိုင်းဟု သတ်မှတ်ပါတယ်။ ထိုနေရာကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရောက်တဲ့ ရောဂါဖြစ်ပါတယ်။ နားအလယ်ပိုင်းမှာ ရောင်ရမ်းပြီး အရည်တွေစုလာတဲ့အတွက် နာကျင်စေတတ်ပါတယ်။ Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Stanfordရှိ Lucile Packard ကလေးဆေးရုံမှ အချက်အလက်များအရ အသက်၃နှစ်ရှိတဲ့ ကလေး၈၀%မှာ ဖြစ်နေပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMiddle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နားကိုက်ခြင်း ဂျီကျခြင်း အိပ်ပျော်အောင် သိပ်ရခက်ခြင်း နားရွက်ကို ကိုင်ဆွဲနေခြင်း ဖျားခြင်း အဝါရောင်/အကြည်ရောင်/သွေးရောင် အရည်များထွက်ခြင်း ဟန်ချက်ပျက်ခြင်း အကြားအာရုံဆိုင်ရာ ပြဿနာရှိခြင်း ပျို့ခြင်း၊ အန်ခြင်း ဝမ်းလျှောခြင်း အစားအသောက်ပျက်ခြင်း နားပိတ်ခြင်း တို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


နားပြဿနာများ

Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ကဘာလဲ။ အကြားအာရုံချို့ယွင်းခြင်းဆိုတာ နားမကြားတဲ့ ပြသနာဖြစ်ပြီး ဦးနှောက်ဟာ အသံတွေကို ပုံမှန် လက်မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီပြသနာရှိတဲ့ကလေးတွေမှာ သူတို့ဦးနှောက်ဟာ အပြည့်အဝလုပ်မလုပ်တာကြောင့် တခြားကလေးတွေ ကြားသလို မကြားရပါဘူး။ ဦးနှောက်ဟာ အသံတွေ အထူးသဖြင့် စကားသံတွေကို လက်ခံနားလည်ရာမှာ အနှောင့်အယှက်ရှိနေပါတယ်။ Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ၅%မှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးဘဝမှာ စဖြစ်တတ်တာ များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAuditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံစံမျိုးစုံနဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကလေးတွေမှာ အကြားအာရုံပြသနာဖြစ်နေသလိုထင်ရပေမယ့် စစ်ဆေးတဲ့အခါမှာ ပုံမှန်ကြားနေရပါတယ်။ အောက်ပါအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ […]


နှာခေါင်းပြဿနာများ

Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ကဘာလဲ။ အနံ့ခံအာရုံပျက်ယွင်းတယ် ဆိုတာဟာ သင့်နှာခေါင်းက အနံ့ခံအာရုံဆုံးရှုံးသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် နှာခေါင်းပိုင်းဆိုင်ရာ ရောဂါ (သို့) ဦးနှောက်ထိခိုက်မှု တစ်ခုခုမှာ ဖြစ်ပွားတတ်ပြီး အချို့သောသူတွေကတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေတတ်တာ ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ အနံ့ခံအာရုံကို ဖြစ်စဉ်အချို့နဲ့ ထိန်းချုပ်ထားပါတယ်။ ပထာမဦးစွာ အရာဝတ္ထုတစ်ခုကထွက်ပေါ်လာတဲ့ မော်လီကျူးတစ်ခု (ဥပမာ – ပန်းတစ်ပွင့်ရဲ့ ရနံ့) ဟာ နှာခေါင်းတွင်းမှာ အများဆုံးတွေ့ရတဲ့ အနံ့ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ အဆိုပါ အနံ့ဦးနှောက်ဆဲလ်တွေကတဆင့် အနံ့အာရုံကို သတ်မှတ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ ဒီလိုဖြစ်စဉ်ကို အနှောက်အယှက်ပေးတဲ့ မည်သည့်အရာမဆို (ဥပမာ – နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ (သို့) အနံ့ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း) […]


နား၊ နှာခေါင်း၊ လည်ချောင်း

Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း) ကဘာလဲ။ အနံ့မရခြင်းဆိုတာ သင့်ဆီမှာ အနံ့အာရုံကို မခံစားနိုင်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဦးနှောက် (သို့) နှာခေါင်းပိုင်း ထိခိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ မွေးရာပါ အနံ့မရခြင်း ဖြစ်တတ်ပါတယ်။ လူတယောက်ရဲ့ အနံ့အာရုံကို တချို့လုပ်ငန်းစဉ်တွေက ဖြစ်ပေါ်စေပါတယ်။ ပထမဦးစွာ အရာဝတ္တုတခုရဲ့ မော်လီကျူး (ဥပမာ ပန်းရဲ့ ရနံ့) ဟာ နှာခေါင်း အထက်ပိုင်းက အထူးအာရုံကြော (အနံ့ခံဆဲလ်) တွေကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအာရုံကြောတွေဟာ ဦးနှောက်ကို အချက်အလက်တွေပေးပြီး ဘယ်အနံ့လဲဆိုတာ သတ်မှတ်ပါတယ်။ ဒီဖြစ်စဉ်ကို နှောင့်ယှက်မှုရှိရင် ဥပမာ နှာစေးခြင်း၊ နှပြိတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း စတာတွေဟာ အနံ့ခံမရခြင်း ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် အနံ့ခံနိုင်ခြင်းဟာ အရသာခံခြင်းကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ […]


နားပြဿနာများ

Earwax blockage (နားဖာချေးပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Earwax blockage (နားဖာချေးပိတ်ခြင်း) ကဘာလဲ။ နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။ Earwax blockage (နားဖာချေးပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။ လက္ခဏာများEarwax blockage (နားဖာချေးပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ နားထဲတွင် ပြည့်ကျပ်သိပ်နေသည်ဟု ခံစားရခြင်း နားအူခြင်း ပိတ်နေသောနားမှသိပ်မကြားတော့ခြင်း မူးဝေခြင်း ချောင်းဆိုးခြင်း အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် […]


နားပြဿနာများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကဘာလဲ။ နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။ လက္ခဏာများOrtitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ   – နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ – နားယားတာ – အနည်းငယ်ဖျားတာ – နားထဲကနေပြည်တွေထွက်တာ – အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ – တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကဘာလဲ။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။   လက္ခဏာများPerichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများ ကတော့ : -နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ – အဖျား – နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ – နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ – အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး […]


နှာခေါင်းပြဿနာများ

Nasal Polyps (နှာခေါင်းအသားပိုများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nasal Polyps (နှာခေါင်းအသားပိုများ) ကဘာလဲ။ နှာခေါင်းအသားပိုများဆိုသည်မှာ နူးညံ့ပြီး နာကျင်မှုကင်းသော ကင်ဆာမဟုတ်သော နှာခေါင်းလမ်းကြောင်းတစ်လျှောက် နံရံများ (သို့) နှာခေါင်းနှင့် ဦးခေါင်းခွံကြားဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် sinus များမှ ကြီးထွားမှုများဖြစ်သည်။ ပန်းနာရင်ကြပ်၊ ထပ်ခါထပ်ခါဖြစ်သော ပိုးဝင်ခြင်း၊ ဓါတ်မတည့်မှု၊ ဆေးဓါတ်မတည့်မှု (သို့) အချို့ ကိုယ်ခံအားကမောက်ကမ ဖြစ်သော ရောဂါများကြောင့် နာတာရှည်ရောင်ရမ်းခြင်း ဖြစ်ရာမှတစ်ဆင့် အသားပိုများဖြစ်တတ်သည်။ သေးငယ်သော နှာခေါင်းအသားပိုများသည် ရောဂါလက္ခဏာ မပြပါ။ သို့သော် ပိုကြီးသော အသားပိုများ (သို့) အစုလိုက် နှာခေါင်းအသားပိုများသည် အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ၊ အနံ့မရခြင်း နှင့် မကြာခဏ ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ Nasal Polyps (နှာခေါင်းအသားပိုများ) က ဘယ်လောက်အဖြစ်များသလဲ နှာခေါင်းအသားပိုများသည် အလွန် အဖြစ်များပါသည်။ ၎င်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များပါသည်။ […]


နားပြဿနာများ

Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) ကဘာလဲ။ Vestibular System ဆိုတာ နားအတွင်းပိုင်းနဲ့ ဦးနှောက်တွင်ရှိသော အစိတ်အပိုင်းတချို့ဖြစ်ပြီး ကိုယ်ခန္ဓါဟန်ချက်၊ မျက်လုံးရွေ့လျားမှုတွေနဲ့ဆိုင်တဲ့ခံစားမှုတွေကို လက်ခံလုပ်ဆောင်တယ်။ ရောဂါတစ်ခုခု၊ အနာတရဖြစ်မှုတစ်ခုခုကြောင့် ထိုနေရာများထိခိုက်သွားပါက vestibular disorder လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာရပါတယ်။ Vestibular disorder ဟာ မျိုးရိုးဗီဇ၊ သို့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာနိုင်သလို၊ ပိုလည်းဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ လတ်တလောလေ့လာမှုတွေအရ အသက် ၄၀ နဲ့အထက်လူကြီးတွေရဲ့ ၃၅ ရာခိုင်နှုန်း – ပျမ်းမျှ ၆၉ မီလီယံမျှသောလူထုမှာ vestibular စနစ်ယိုယွင်းမှုတွေရှိနေပါတယ်။   ဒါပေမယ့် ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများVestibular Disorders (နားအတွင်းပိုင်းနှင့် […]


နားပြဿနာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘာပါလဲ? နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။ နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ ဘယ်လောက် အဖြစ်များသလဲ? ( အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ) ရောဂါလက္ခဏာများနားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာများက ဘာတွေလဲ? ရောဂါလက္ခဏာများ ကတော့ : နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အဖျား နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။ နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်