ဝမ်းလျှောတာရပ်အောင်ဆိုပြီး ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး ဝယ်သောက်ခြင်းဟာ အလွန်အန္တရာယ်များပါတယ်။
ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေက ထုတ်ထားတဲ့ အဆိပ်တွေပါ ရှိနေပါတယ်။ ဒါတွေက ဝမ်းနဲ့အတူ အပြင်ကို ထွက်သွားရမှာပါ။
ဝမ်းပိတ်ဆေးသောက်လိုက်မယ်ဆိုရင်တော့ အဲ့ဒီလို ထွက်လို့မရအောင် ဝမ်းပိတ်ဆေးက တားဆီးလိုက်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်တွေ၊ ပိုးတွေက ပိတ်မိကာ ပိုမိုများလာပြီး ခန္ဓာကိုယ်အနှံ့ပျံ့သွားကာ သွေးဆိပ်တက်ခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှောနေစဉ်အတွင်း ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် လုံးဝလုံးဝ မသောက်သင့်ပါဘူး။
(၂) စပ်ဆေး ဝယ်မသောက်ပါနဲ့။
ဝမ်းလျှောလို့ နီးစပ်ရာဆေးဆိုင်ကနေ စပ်ဆေးဝယ်သောက်မိတတ်ကြပါတယ်။ စပ်ဆေးမှာ ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ ဝမ်းပိတ်ဆေး ပါလာနိုင်ပါတယ်။
ဒါ့အပြင် မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ ပါလာနိုင်တဲ့အတွက် ဝမ်းလျှောတာပိုဆိုးနိုင်သလို ရေရှည်မှာ ဆေးယဉ်ပါးတာ၊ ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။