ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းသွားစေတဲ့ အစားအစာများ

ခရီးသွားစရာရှိတယ်၊ အရေးကြီးတဲ့ ပွဲတစ်ခု သွားစရာရှိတယ်။ ဝမ်းသွားမှာလည်း ကြောက်လို့ ဘာတွေ ရှောင်စားမလဲဆိုပြီး လာတိုင်ပင်လေ့ ရှိကြပါတယ်။ လူတွေရဲ့ အစာခြေစနစ်က တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်းမတူပါဘူး။ လူတစ်ယောက်တည်းမှာကိုပဲ အသက်ကြီးလာလေလေ အစာခြေစနစ်ရဲ့ တုံ့ပြန်မှုတွေက ကွာခြားသွားပါတယ်။ ဒီကြားထဲ ကျန်းမာတဲ့ လူတစ်ယောက်နဲ့ ရောဂါအခံရှိတဲ့သူတွေရဲ့ အစားအစာပေါ် တုံ့ပြန်ခြင်းကလည်း မတူပါဘူး။ ဒါကြောင့် ဝမ်းသွားစေတဲ့ အစားအစာများ က ဘာတွေလဲ။ ဘာတွေကို သတိထားစားရမလဲဆိုတာကို သိထားသင့်ပါတယ်။ ဝမ်းအရည်တွေပဲ မကြာခဏ သွားနေတယ်ဆိုရင် ဒါကို ဝမ်းသွားတယ်လို့ ခေါ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဝမ်းသွားတယ်ရယ်လို့ မဟုတ်ဘဲ လေနဲ့ ဝမ်းနဲ့ မကွဲဘဲ ဗိုက်ရစ်နေတာမျိုးပေါ့။ ဝမ်းသွားစေနိုင်သော အကြောင်းရင်းများ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝမ်းပျက်စေတဲ့ အကြောင်းရင်းတွေကတော့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကနေတဆင့် ပိုးဝင်ကူးစက်တာ […]

ဝမ်းပျက်ဝမ်းလျှောခြင်း ကို ရှာဖွေမည်။

ဝမ်းပျက်ဝမ်းလျှောခြင်း

မာကျူရီ အဆိပ်သင့်ခြင်း

အခုနောက်ပိုင်းကြားရများလာတာက အသားအရေအတွက်သုံးတဲ့ ပစ္စည်းတွေကြောင့် မာကျူရီအဆိပ်သင့်ကြတယ်ဆိုတာပါ။ အချို့သောဝက်ခြံအတွက်သုံးတဲ့ ပစ္စည်းတွေက မာကျူရီတွေပါဝင်နေတာကြောင့် ခဏတာမှာ အဆင်ပြေပေမယ့်ရေရှည်မှာတော့ အသားအရေကစလို့ ခန္ဓါကိုယ်မှာထိခိုက်မှုတွေအများကြီးပါ။ ဒီတစ်ခေါက်တော့ မာကျူရီအကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။ မာကျူရီ (ပြဒါး) ဆိုတာ မာကျူရီဆိုတာက သဘာဝအတိုင်းမြေကြီး၊ရေထု နဲ့လေထုထဲမှာတွေ့ရတတ်တဲ့ဒြပ်စင်တစ်မျိုးပါ။ ဒီဓါတ်က အချို့သောငါးတွေမှာပါတတ်ပါတယ်။ ပင်လယ်ငါးတွေမှာမှမဟုတ်ပါဘူး။ရေချိုငါးတွေမှာပါတွေ့ရတတ်တာပါ။ဈေးကနေဝယ်စားနေတဲ့ အချို့ငါးတွေမှာတောင်ပြဒါးဓါတ်ကပါနေနိုင်ပါတယ်။ ဒီဓါတ်က အစားအသောက်တွေမှာတင် မဟုတ်ပါဘူး။ အချို့သောအသားအရေအတွက်သုံးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ အခြားသောလူသုံးကုန်တွေမှာပါနေတတ်ပါတယ်။ ဒီဓါတ်ကအနည်းအကျဉ်းဆို ကိစ္စမရှိပေမယ့် အရမ်းများရင်တော့ ခန္ဓါကိုယ်မှာ အဆိပ်သင့်မှုတွေဖြစ်နိုင်ပါတယ်။ မာကျူရီ (ပြဒါး) အဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်သင့်တာက အာရုံကြောထိခိုက်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ထိတွေ့မှုကို ကန့်သတ်ဖို့လိုမှာပါ။ ထိတွေ့မှုများပြီး ခန္ဓါကိုယ်ထဲမှာပြဒါးဓါတ်တွေများလာတဲ့အခါ အဆိပ်သင့်လာပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာနိုင်ပါတယ်။ မာကျူရီဓါတ်ကို များစွာစားသုံးမိတာကြောင့်လည်း ခန္ဓါကိုယ်မှာ မာကျူရီအဆိပ်သင့်နိုင်ပါတယ်။ မာကျူရီအဆိပ်သင့်နေပြီဆိုတာကို သိနိုင်မယ့် အစောပိုင်းလက္ခဏာတွေ မာကျူရီ (ပြဒါး) ဓါတ်က အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာပြဒါးဓါတ်တွေများလာတာကြောင့်ပြဒါးအဆိပ်သင့်တဲ့အခါ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics

ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အစားအစာကြောင့်၊ ဘက်တီးရီးယားပိုးကြောင့် (အစားအစာ သို့မဟုတ်ရေမသန့်ခြင်းမှတဆင့်)၊Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) သို့မဟုတ်ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း) တို့လို အူရောဂါတွေကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ဆေးဝါးဘေးထွက်ဆိုးကျိုးေကြာင့် စသည်ဖြင့် ရှိနိုင်ပါတယ်။ ဝမ်းအရည်တွေသွားတာ၊ ဗိုက်ထဲမအီမသာဖြစ်တာတွေအပြင်ရေဓါတ်ဆုံးရှုံးမှုေကြာင့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ရောဂါပိုးကြောင့် ဝမ်းပျက်ပြီဆိုရင် ပဋိဇီဝဆေးတွေသောက်ရပြီးနောက်ပိုင်း အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ပိုးမွှားတွေပါ ရှင်းလင်းပြီးသားဖြစ်သွားတတ်ပါတယ်။ များလွန်းလှတဲ့ အူတွင်းဘက်တီးရီးယားတွေထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပြီး ပဋိဇီဝဆေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတာကြောင့် ပျက်သုဉ်းကုန်ပါတယ်။  Probiotics ဆိုတာဘာလဲ Probiotics ဆိုတာ လူ့ခန္ဓါကိုယ်ကို အထူးသဖြင့် အစာခြေစနစ်ကျန်းမာရေးကို အကျိုးပြုနေတဲ့ အဏုဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ပျက်စီးသွားရတဲ့ အူတွင်းProbiotics တွေကို ဆေးတချို့နဲ့ အစားအစာတချို့ကနေ ရရှိနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics က ဘယ်လိုအကျိုးပြုသလဲ Probioticsတွေက အူတွင်းဘက်တီးရီးယားတွေကိုထိန်းညှိပေးပြီး ဝမ်းလျှောခြင်းလက္ခဏာတွေကို […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ

ဝမ်းလျှောခြင်းသည် ဘဝတွင် အကြိမ်ရေများစွာ ခံစားရ သော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းလျှော ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း အချိန်မီ သေချာမကုသပါက ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်။ ဝမ်းလျှောပါက ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထို့အပြင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သော အိမ်သုံးကုထုံးများစွာ ရှိပါသည်။   ရေဓါတ်ခန်းခြောက်ခြင်းကို ဖြေရှင်းပါ။ ဝမ်းလျှောခြင်းနှင့်တွဲသော အဖြစ်အများဆုံး ပြဿနာမှာ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ၎င်းကို သက်သာစေရန် အောက်ပါ အဆင့်များကို လိုက်နာပါ။ ရေ သို့မဟုတ် sorbitol ကဲ့သို့ ရေဓါတ်ဖြည့်ပေးသော ဖျော်ရည်များ ပုံမှန်သောက်ပါ။ သက်သာလာပါက ပျော့သောအစာများ စတင်စားပါ။ စပ်သော အစာများ သို့မဟုတ် အသီးများ မစားပါနှင့်။ အနည်းဆုံး ၄၈ နာရီအတွင်း ကော်ဖီ သို့မဟုတ် […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကဘာလဲ။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဆိုသည်မှာ ဗိုက်နာပြီး ဝမ်းပျော့ပျော့တွေသွားတဲ့အစာလမ်းကြောင်းရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ မသန့်ရှင်းတဲ့အစားအစာနှင့် ရေများသောက်သုံးမိပြီး ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ   ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ ခရီးသွားစဉ်မှာအဖြစ်အများဆုံးရောဂါတစ်ခုပဲဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်ပြီး အာရှ(ဂျပန်မပါဝင်) ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မက်စီကို နှင့် အမေရိကဗဟိုနှင့်တောင် အမေရိက တို့တွင်အဖြစ်များပါတယ်။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ရှိသည်များကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများTraveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့… – ဝမ်းခဏခဏသွားခြင်း၊ – ဖျားခြင်း ၊ – မူးဝေပျို့အန်ခြင်း ၊ – လေပွခြင်း ၊ – အားနည်းခြင်း ၊ – ဂတ်စ်များကြောင့် နာကျင်ခြင်း ၊ – ဗိုက်နာခြင်း ၊ – ခံတွင်းပျက်ခြင်း..တို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာရေငတ်ခြင်း ၊ ဆက်တိုက်အန်နေခြင်း ၊ အဖျားကြီးခြင်း ၊ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ Antibiotic associated diarrhea ဆိုတာကတော့ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ သောက်သုံးပြီး မကြာခင်မှာ တစ်ရက်ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်ချည်းသွားခြင်းကို ဆိုလိုတာပါ။ အများအားဖြင့်တော့ ဒီအခြေအနေက မပြင်းထန်တတ်ဘဲ ကုသမှုလည်း မလိုအပ်ပါဘူး။ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေး မသောက်တော့တဲ့ ရက်အနည်းငယ်အတွင်း ရပ်တန့်သွားမှာပါ။ ပိုပြီးပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆေးသောက်နေတာကို ရပ်ပစ်ဖို့ သို့မဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAntibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသပြီးနောက် လူအချို့သည် ဝမ်းသွားသည့် အကြိမ်ရေများလာကာ ဝမ်းသည်လည်း ပုံသဏ္ဍာန်မမှန် (သို့) အရည်ကျဲကျဲဖြစ်လာသည်။ ၎င်းကို ဝမ်းပျက်ဝမ်းလျောဖြစ်သည်ဟု ခေါ်သည်။ ကင်ဆာလူနာများတွင် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ကုသနိုင်မည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။   ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဘာလဲ။ ကင်ဆာ ဆေးသွင်းကုသမှုက ဝမ်းပျက်စေသလား။ ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေများခြင်း ၊ ဝမ်းပျော့ခြင်း (သို့) ဝမ်းအရည်ကျဲကျဲသွားခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောသည် ရောဂါတစ်ခုဟု ဆိုရမည်ထက် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ ထိုအခြေအနေသည် အခြား ရောဂါ အခံတစ်စုံတစ်ခု (သို့) ကုသမှု တစ်ခုခု (ဥပမာ။ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း)ကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကင်ဆာကုသမှု ကင်ဆာကုသမှု အမျိုးအစားများစွာသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ ကင်ဆာဆေးသွင်းကုသခြင်း။ ။ ဤကုသနည်းသည် […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Cholera (ကာလဝမ်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cholera (ကာလဝမ်းရောဂါ) ကဘာလဲ။ ကာလဝမ်းရောဂါဟာ Vibrio cholera ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ကာလဝမ်းရောဂါက အသက်အန္တရာယ်ဖြစ်နိုင်ပေမယ့် ရောဂါကို လွယ်ကူစွာ ကာကွယ်လို့လည်းရသလို ကုသလို့လည်းရတယ်။ ကာလဝမ်းရောဂါရဲ့ လက္ခဏာအများစုက သာမန်ဝမ်းလျှောတာနဲ့တူပြီး တခြားအကြောင်းကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေနဲ့ ခွဲရခက်တတ်ပါတယ်။ Cholera (ကာလဝမ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက ဖြစ်ခဲပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ ဖြစ်စေနိုင်တဲ့အချက်တွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်တယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများCholera (ကာလဝမ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကာလဝမ်းရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာများမှာ- ဝမ်းလျှောခြင်း။ ။ ကာလဝမ်းကြောင့်ဖြစ်သော ဝမ်းအရောင်က ဖျော့ပြီး နို့ရောင်လို ခပ်နောက်နောက်ဖြစ်တတ်တယ်။ ဆန်ဆေးရည်လိုမျိုးဖြစ်တယ်။ ပျို့အန်ခြင်း ။ ။ ကာလဝမ်းရောဂါရဲ့ အစောဆုံးအဆင့်မှာ အဖြစ်များတယ်။ အန်တာက နာရီပေါင်းများစွာ ကြာနိုင်တယ်။ ရေဓါတ်ခန်းခြောက်ခြင်း။ ။ ကာလဝမ်းရောဂါ လက္ခဏာပြပြီး နာရီပိုင်းအတွင်းမှာ ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ ကိုယ်တွင်းရှိဓါတ်များ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း)

ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏသွားခြင်းကို ခေါ်ပါတယ်။ ဒီလိုဖြစ်တာ ကြာတဲ့အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃)မျိုး ခွဲခြားနိုင်ပါတယ်။ • ရုတ်တရက် ဝမ်းလျှောခြင်း(ရက်ပိုင်းအနည်းငယ်ကနေ တစ်ပတ်လောက်ထိ ကြာနိုင်ပါတယ်) • အချိန်အတော်ကြာ ဝမ်းလျှောခြင်း (သုံးပတ်ဝန်းကျင် လောက်ထိ ကြာနိုင်ပါတယ်) • နာတာရှည် ဝမ်းလျှောခြင်း (လေးပတ်ထက် ပိုပြီးကြာနိုင်ပါတယ်) Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နှစ်ကို လေးကြိမ်လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိကြပါတယ်။ အမျိုးသား အမျိုးသမီးမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒီဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းဟာ ခဏတာ ဖြစ်တဲ့ အပျော့စားမျိုးရှိသလို အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း ကို မကုသပဲ အချိန်အကြာကြီး ဖြစ်စေမယ်ဆိုရင် အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (သို့) အူကိုလှုံ့ဆွမှုများခြင်းကြောင့် ဖြစ်သော ရောဂါ စတဲ့ ဆိုးဆိုးဝါးဝါး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်