ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝမ်းချုပ်ခြင်း

စမြင်းတုံးခံခြင်း နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

စမြင်းတုံးခံခြင်း ဆိုတာ သာမန်ဝမ်းချုပ်တာထက် ပိုသွားပါပြီ။ ဝမ်းက မသွားရုံတင် မဟုတ်တော့ဘဲ ကျောက်ခဲလို မာကျောနေတာမျိုးပါ။ ဒီတော့ ဝမ်းကမာပြီး သွားလို့မရ၊ သွားလို့မရတော့ ဝမ်းကပိုမာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် စမြင်းတုံခံခြင်း နဲ့ ပတ်သက်ပြီး ဒါတွေသိထားဖို့ လိုလာပါပြီ။ စမြင်းတုံးခံခြင်း နဲ့ ဝမ်းချုပ်ခြင်းနဲ့ တူသလား ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားရခက်ရုံသက်သက်ပါပဲ။ ဝမ်းပျော့ဆေးတွေ ‌သောက်ရင် ပြန်သွားနိုင်ခြေ ရှိပါတယ်။ စမြင်းတုံးခံတာကျတော့ ဒီထက်ပိုအဆင့်မြင့်သွားပါပြီ။ ဝမ်းပျော့ဆေးတွေ သောက်တာ၊ ရေများများသောက်တာလောက်နဲ့တင် ရချင်မှ ရတော့မှာပါ။ ဆရာဝန်နဲ့ပြပြီး ကုရမယ့် အခြေအနေဖြစ်နေပါပြီ။ ဘယ်သူတွေမှာ စမြင်းတုံးခံတာ ဖြစ်တတ်သလဲ စမြင်းတုံးခံတာက ဝမ်းချုပ်တာလောက် အဖြစ်မများပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ သူတို့က မှတ်ဉာဏ်ချို့ယွင်းလာတဲ့အတွက် အိမ်သာသွားဖို့ မေ့တာ၊ နဂိုတည်းက အသက်ကြီးလာရင် ဝမ်းက ချုပ်တတ်လာတာကြောင့်လည်း များပါတယ်။ နောက်ပြီး အရိုးအဆစ်တွေ […]

ဝမ်းချုပ်ခြင်း ကို ရှာဖွေမည်။

ဝမ်းချုပ်ခြင်း

အပူအပုပ်များလို့ ဝမ်းချုပ်တာလား

ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေမှာ စားသုံးတဲ့ အစားအစာတွေထဲမှာ အပူအပုပ်များတာ၊ အမျှင်ဓာတ် အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။ ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မထင်စေချင်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။ အပူအပုပ်များလို့ ဝမ်းချုပ်တာလား ဒါပေမဲ့ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့- အူရောဂါ အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစား နှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။ လည်ပင်းကြီးရောဂါ လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရှိသူတိုင်း […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။

ဝမ်းချုပ်တယ်။ ဆေးလည်းမသောက်ချင်ဘူး။ သဘာဝအတိုင်းပဲ ဝမ်းမှန်ချင်တယ်၊ ဝမ်းသွားရတာလည်း လွယ်ချင်တယ်ဆိုရင် သင့်ပြဿနာကို ဖြေရှင်း ပေးဖို့ အစားအသောက်တွေလောက် ကောင်းတဲ့အရာမရှိတော့ပါဘူး။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် နွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။ ဝမ်းဆိုတာလည်း အစားအသောက်တွေရဲ့ နောက်ဆုံးဖြစ် အကြွင်းအကျန်ပဲမဟုတ်လား။ ။ ဝမ်းချုပ်ခဲ့ရင် အတော်လေး နေရခက်ပါတယ်။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် တွေက ဘာတွေလဲ ဆိုတော့ ၁။ ဘယ်ရီသီးများ။ ။ အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေကြောင့် သင်ဝမ်းမှန်မယ့်အပြင် ဘယ်ရီသီးတွေမှာ ပါတဲ့ ဗီတာမင် C ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အူမကြီး ကင်ဆြာဖစ်တာကိုလည်း သူတို့က ကြိုတင်ကာကွယ်ပေးဦးမှာပါ။ ၂ ။ […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ် တာကို သက်သာစေဖို့

သင် ဝမ်းချုပ် တတ်လား။ အဲဒါဆိုရင် ဒါတွေကိုသိသင့်ပါတယ်။ သက်တမ်းတစ်လျှောက်မှာ ဝမ်းချုပ် တာကိုမကြုံဖူးတဲ့သူဆိုတာမရှိပါဘူး။ သာမန်ဝမ်းချုပ်တာလောက်ဆိုရင်ပြဿနာမရှိပေမယ့်ဝမ်းချုပ်တာကအမြဲလိုလိုဖြစ်လာမယ်ဆိုရင်နေ့စဉ်နေထိုင်မှုဘဝပေါ်မှာထိခိုက်တာတွေရှိလာနိုင်သလိုနောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဝမ်းချုပ်တာကိုဘယ်လိုသက်သာအောင်လုပ်မလဲ။ ကင်ဆာဝေဒနာနဲ့အူမကြီးလှုပ်ဆောင်မှုမူမမှန်တာတွေနဲ့ပတ်သက်ပြီး minimally invasive (laparoscopic) နဲ့ robotic surgery ကိုအထူးပြုလေ့လာခဲ့တဲ့ခွဲစိတ်ကုဆရာဝန်ဒေါက်တာMark Wong ကတော့ဘာကြောင့်ဝမ်းချုပ်ရတာလဲဆိုတာနဲ့ဝမ်းချုပ်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ ဝမ်းချုပ် တယ်ဆိုတာက ဝမ်းချုပ်တယ်ဆိုတာကဝမ်းသွားရခက်ခဲတာ (သို့မဟုတ်) ပုံမှန်လောက်ဝမ်းသွားရမလွယ်တဲ့အနေအထားမျိုးဆိုတာကိုပြောစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ အူမကြီးရဲ့ပုံမှန်လှုပ်ရှားမှုကတစ်ရက်မှာ၃ကြိမ်လောက်ကနေ၃ရက်မှာတစ်ကြိမ်လောက်တော့လှုပ်ရှားနိုင်ပါတယ်။၃ရက်ကျော်တဲ့အထိမှအူမကြီးကလှုပ်ရှားမှုမရှိဘူးဆိုရင်တော့ဝမ်းတွေကခဲကျပ်သွားပြီးဝမ်းသွားရတာကပုံမှန်ထက်ခက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဗိုက်ထဲမှာလေပွသလိုဖြစ်နေတာ၊ဗိုက်ကရစ်ပြီးနာတာနဲ့အရမ်းပြင်းထန်ရင်အော့အန်တာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။ အနေအထားပုံစံတွေကွာခြားပေမယ့်တစ်ပတ်ကို၂ကြိမ်ဒါမှမဟုတ်၁ကြိမ်လောက်ပဲဝမ်းသွားမယ်ဆိုရင်တော့ဝမ်းချုပ်နေတာပါ။ တကယ်လို့သင့်အနေနဲ့အချိန်၃လကျော်လောက်အထိအောက်မှာပြောတဲ့လက္ခဏာတွေထဲက၂ခုဒါမှမဟုတ်၂ခုကျော်လောက်ခံစားနေရမယ်ဆိုရင်တော့ဝမ်းချုပ်နေပြီလို့ပြောလို့ရပါတယ်။ ဝမ်းသွားတဲ့အခါပုံမှန်ထက်ခက်ခဲတာ ဝမ်းတွေမာနေတာ ဝမ်းမကုန်တာမျိုးခံစားနေတာ ဝမ်းချုပ်တာကဘယ်လောက်အထိအဖြစ်များလဲ ဝမ်းချုပ်တာကကမ္ဘာတစ်လွှားမှာကြုံတွေ့နေရတဲ့အဖြစ်အများဆုံးအစာခြေစနစ်ပြဿနာတွေထဲတစ်ခုပါ။ အမေရိကန်တစ်နိုင်ငံထဲမှာတင်အရွယ်ရောက်ပြီးသူအရေအတွက်ရဲ့၂ရာခိုင်နှုန်းကဝမ်းချုပ်တာကိုခံစားနေကြရပါတယ်။ စင်ကာပူနိုင်ငံမှာတော့အသက်၁၆နှစ်နဲ့၁၆နှစ်အထက်လူဦးရေရဲ့၇.၃ရာခိုင်နှုန်းဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်လို့၂၀၀၀ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ဒေသတွင်းလေ့လာမှုတစ်ရပ်အရသိရပါတယ်။ ဘာကြောင့်ဝမ်းချုပ်ရတာလဲ ဝမ်းချုပ်ရတဲ့အကြောင်းရင်းတွေကတော်တော်လေးများပါတယ်။ အချို့မှာတော့ဝမ်းချုပ်ရတဲ့အကြောင်းကတစ်ခုမကရှိနေတတ်ပါတယ်။ ဝမ်းချုပ်တိုင်းဝမ်းနုတ်ဆေးကအဖြေမဖြစ်နိုင်ပါဘူး။ ဝမ်းချုပ်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိနေနိုင်ပါတယ်။ အဲဒါတွေကတော့ စားသောက်မှုပုံစံမမှန်တာ (ရေသောက်နည်းတာ၊အမျှင်ဓါတ်စားသုံးမှုနည်းတာ၊အမျှင်ဓါတ်အစားများတာ) လှုပ်ရှားမှုနည်းတာ၊လေ့ကျင့်ခန်းမလုပ်တာ စိတ်ဖိစီးမှုများလွန်းတာ ဟော်မုန်းမညီမျှတာ၊လေဖြတ်တာ နဲ့Parkinson’s disease လိုမျိုးအာရုံကြောဆိုင်ရာဝေဒနာခံစားနေရတာ၊စိတ်ဓါတ်ကျတာနဲ့စားသောက်မှုပုံစံမမှန်တာတွေလိုမျိုးကျန်းမာရေးအခြေအနေတွေ ကယ်လ်ဆီယမ်နဲ့အလူမီနီယမ်ဓါတ်တွေပါဝင်နေတဲ့antacids၊အကိုက်အခဲပျောက်ဆေးတွေ၊စိတ်ငြိမ်ဆေး၊သံဓါတ်အားဖြည့်ဆေးလိုမျိုးဆေးတွေသောက်သုံးနေရတာ ကိုယ်ဝန်ဆောင်ထားတာ အူမကြီးကင်ဆာခံစားနေရတာ ဝမ်းချုပ်တာကတော်ရုံဆိုရင်နေထိုင်စားသောက်မှုပုံစံကိုဂရုစိုက်လိုက်ရုံနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။ အရမ်းပြင်းထန်ရင်တော့ဆရာဝန်နဲ့ပြသဖို့လိုမှာဖြစ်ပါတယ်။ အူမကြီးကင်ဆာလိုမျိုးဝေဒနာတွေကတော့ခွဲစိတ်ကုသဖို့လိုအပ်မှာဖြစ်ပါတယ်။ နာတာရှည်ဝမ်းချုပ်ခြင်း ဝမ်းချုပ်တာကအသက်သေစေနိုင်တဲ့ရောဂါအခြေအနေမျိုးမဟုတ်ပေမယ့်ဝမ်းချုပ်ရင်ကိုယ်ထဲမှာနေမထိထိုင်မသာဖြစ်တာတော့အမှန်ပါပဲ။ ဝမ်းချုပ်နေတာကအပေါ်မှာပြောခဲ့တဲ့အကြောင်းအရင်းတွေကြောင့်မဟုတ်ဘူးဆိုရင်တော့နာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။ ဝမ်းချုပ်တာကိုခံစားနေရသူတွေထဲက၃၀ရာခိုင်နှုန်းလောက်ကနာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။ ဒီဝေဒနာကခန္ဓါကိုယ်မှာသိသိသာသာလက္ခပြတာမျိုးမရှိပါဘူး။တော်တော်များများကရောဂါကိုလွဲမှားစွာကောက်ချက်ချမိပြီးဝမ်းနုတ်ဆေးတွေကိုရေရှည်သုံးစွဲမိတာမျိုးရှိလာကြပါတယ်။တကယ်တော့သူတို့တွေကနာတာရှည်ဝမ်းချုပ်ဝေဒနာ၂မျိုးထဲကတစ်မျိုးကိုခံစားနေရတာပါ။ ဘယ်အချိန်မှာဆရာဝန်ပြဖို့လိုမလဲ ဝမ်းချုပ်တဲ့သူအများစုကစစ်ဆေးစမ်းသပ်တာတွေဆရာဝန်နဲ့သွားရောက်ပြသတာမျိုးမလုပ်ဘဲနဲ့သက်သာသွားတတ်ကြပါတယ်။ အခုပြောပြမယ့်လက္ခဏာတွေထဲကတစ်ခုခုခံစားနေရမယ်ဆိုရင်တော့အူမကြီးကင်ဆာလိုမျိုးပြင်းထန်တဲ့အခြေအနေတစ်ရပ်ရပ်ဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုမှာပါ။ အရင်ကဝမ်းချုပ်လေ့မရှိဘဲဝမ်းချုပ်တာ၊အချိန်အတော်ကြာတဲ့အထိမသက်သာတာ၊သီတင်းပတ်၂ပတ်ကျော်တဲ့အထိဝမ်းချုပ်နေတာ ဝမ်းသွားရင်သွေးပါတာ ကိုယ်အလေးချိန်ချနေတာမျိုးမဟုတ်ဘဲကိုယ်အလေးချိန်ကျလာတာ ဝမ်းသွားရင်နာကျင်တာ […]


ဝမ်းချုပ်ခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် လူအချို့သည် ၎င်းတို့ ဝမ်းသွားပုံသည် ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းကို ခံစားရလေသည်။ ၎င်းကို ဝမ်းချုပ်ခြင်းဟု ခေါ်သည်။ ကင်ဆာလူနာများခံစားရသော ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်စီမံရမလဲဆိုသော နည်းလမ်းအချို့ကို ဤ ဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ဝမ်းချုပ်ခြင်းဆိုတာဘာလဲ။ ဝမ်းချုပ်ခြင်းသည် ကင်ဆာဆေးသွင်းကုသခြင်းနှင့် အခြား ကင်ဆာကုသမှုများနှင့် ဘယ်လိုဆက်စပ်နေပါသလဲ။ ဝမ်းချုပ်ခြင်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနှေးခြင်း၊နည်းခြင်း (သို့) မာပြီးခြောက်နေသော ဝမ်းမစင်များသွားခြင်းကို ဆိုလိုသည်။   ကင်ဆာဆေးသွင်းကုသခြင်းသည် ဘာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေတာလဲ။ အချို့ကိစ္စများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အူနံရံကို ထိခိုက်စေပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ ၎င်းသည် ဝမ်းချုပ်ရခြင်း အဓိက အကြောင်းရင်းပဲဖြစ်သည်။ ထို့ပြင် စားသောက်မှုပုံစံပြောင်းလဲခြင်း၊ လှုပ်ရှားမှုမရှိခြင်းကလည်း ဝမ်းချုပ်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။ သင့်ဆရာဝန်သည် သင့်ဝမ်းချုပ်ခြင်းကို ကုသဖို့ ဆေးဝါးများညွှန်ကြားပေးပါလိမ့်မည်။   ဝမ်းချုပ်ခြင်း၏ လက္ခဏာတွေက ဘာတွေလဲ။ · ဝမ်းသွားနည်းခြင်း။ ဝမ်းသွားတာ […]


ဝမ်းချုပ်ခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် လူအချို့သည် ၎င်းတို့ ဝမ်းသွားပုံသည် ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းကို ခံစားရလေသည်။ ၎င်းကို ဝမ်းချုပ်ခြင်း ဟု ခေါ်သည်။ ကင်ဆာလူနာများခံစားရသော ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်စီမံရမလဲဆိုသော နည်းလမ်းအချို့ကို ဤ ဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို မပြောခင် ဝမ်းချုပ်ခြင်းဆိုတာဘာလဲ။ ဝမ်းချုပ်ခြင်းသည် ကင်ဆာဆေးသွင်းကုသခြင်းနှင့် အခြား ကင်ဆာကုသမှုများနှင့် ဘယ်လိုဆက်စပ်နေပါသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနှေးခြင်း၊နည်းခြင်း (သို့) မာပြီးခြောက်နေသော ဝမ်းမစင်များသွားခြင်းကို ဆိုလိုသည်။ ကင်ဆာဆေးသွင်းကုသခြင်းသည် ဘာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေတာလဲ။ အချို့ကိစ္စများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အူနံရံကို ထိခိုက်စေပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ ၎င်းသည် […]


ဝမ်းချုပ်ခြင်း

Constipation (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်း ဆိုတာ အူများလှုပ်ရှားမှုနည်းခြင်း သို့မဟုတ် ဝမ်းမသွားသည်မှာ အတော်ကြာသောအခြေအနေမျိုးကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါက ဝမ်းချုပ်ခြင်း သည် များသောအားဖြင့် ပျောက်သွားတတ်သော်လည်း နာတာရှည်ဝမ်းချုပ်ခြင်းဆိုရင်တော့  ကုသရန်ခက်သလို တခြားရောဂါတစ်ခုရဲ့ လက္ခဏာလဲ ဖြစ်နေနိုင်ပါတယ်။ Constipation (ဝမ်းချုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရံဖန်ရံခါ ဝမ်းချုပ်ခြင်းဟာ ပုံမှန်သာဖြစ်ပြီး သူ့အလိုလိုပျောက်သွားတတ်သည်။ ဖြစ်ရသောအကြောင်းရင်းသည် အစားအစာ၊ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်အပြောင်းအလဲ စသည်တို့ကြောင့်ဖြစ်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ပိုပြင်းထန်သည့်ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်သည်။ သက်ကြီးရွယ်အို၊ အဝလွန်သူနဲ့ အထိုင်များသူတို့သည် ဖြစ်နိုင်ချေများသော လူအုပ်စုတွင် ပါဝင်ပါတယ်။ Constipation (ဝမ်းချုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းချုပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ • ဝမ်းသွားရခက်ခြင်း • ဝမ်းခြောက်သွေ့ခြင်း၊ မာခြင်း • တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားခြင်း • ဗိုက်ကယ်ခြင်း • ဗိုက်အောင့်ခြင်း • ဝမ်းတွင်သွေးပါခြင်း […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် (၅)ချက်

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် လေးတွေကို မျှဝေပေးချင်ပါတယ်။ ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် (၅)ချက် ဝမ်းချုပ်ခြင်း ဆိုသည်မှာ ခန္ဓါကိုယ်တွင်းရှိ အူများ၏ လှုပ်ရှားမှုသည် ရှိသင့်သည်ထက် နည်းပါးနေသောအခါ ကြုံတွေ့ရသော အခြေအနေ တစ်ခုဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ဝမ်းချုပ်ခြင်းကို အနည်းဆုံးတော့ တစ်ကြိမ် ကြုံဖူးကြသော်လည်း လူတော်တော်များများသည် ဝမ်းချုပ်ခြင်းနှင့်ပတ်သတ်၍ များများစားစား မသိကြပါ။ ဝမ်းချုပ်ခြင်း နှင့်ပတ်သက်သော အခြားသူများ၏ ယုံတမ်းစကားများကို နားထောင်ပြီး သင့်စိတ်တွင် အမြင်ရှင်းသွားစေရန် အောက်ပါအချက် ( ၅) ချက်ကို လေ့လာကြည့်ပါ။ (၁)နေ့စဉ်နေ့တိုင်းမဖြစ်မနေအူများလှုပ်ရှားမှုရှိရမည်ဟုမဆိုလိုပါ သင့်ခန္ဓါကိုယ်တွင်းရှိအူများ၏ လှုပ်ရှားမှုနှင့်ပတ်သတ်သောတိကျသည့်စည်းကမ်းမရှိပါ။ ထို့ပြင်လူတစ်ဦးနှင့် တစ်ဦး၏ အူများသည်လည်း လှုပ်ရှားမှုတူညီခြင်း မရှိပါ။ ဥပမာအားဖြင့် အချို့သူများသည် တစ်နေ့လျှင် ၃ကြိမ်ခန့် သန့်စင်ခန်းသို့ ဝင်၍ အလေးစွန့်ရသော်လည်း အများစုကမူ တစ်ပတ်လျှင် ၃ ကြိမ်ခန့်သာ အိမ်သာဝင်၍ အလေးစွန့်ရခြင်းမျိုး ရှိတတ်ပါသည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်