ကိုယ်ဝန်ဆောင် ဆီးချို
ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။
ထွက်မှာ သေချာပြီလား။
ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။
ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင် မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို ဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲက ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်သလို ဘေဘီလေးကိုလည်း ကျန်းမာစွာနဲ့ မေမေတို့ ဘဝထဲကို ခေါ်ဆောင်နိုင်မှာပါ။
နောက်ထပ် သတင်းကောင်းတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတာပါ။ ဒါပေမယ့် အမျိုးအစား (၂) ဆီးချို မဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကိုယ်တွင်းမှာ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာတောင် အင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ခွန်အားအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။
ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့ဆိုရင်
ဒီအချက်တွေကို သေချာဂရုစိုက် ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကို အတော်လေး လျှော့ချနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း လိုပါမယ်။
တကယ်လို့
ကိုယ်ဝန်ဆောင်ဆီးချိုက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ကိုယ်န်ဆောင်ချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုဗတွ လုပ်ဆောင်ရင်းမှ သိလာရတာ များပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဖို့။ ရက်ချိန်း မှန်မှန် ပြဖို့ ပြောကြတာပေါ့။ ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင် မေမေတိုင်းက ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးမှုကို လုပ်ဆောင်ရပါတယ်။
ကိုယ်ဝန် ၂၄ ပတ် ကနေ ၂၈ ပတ်တကာလအတွင်းမှာ ကိုယ်ဝန်ဆောင် ဆီးချိုရှိလားဆိုတဲ့ စစ်ဆေးမှုကို ခံယူကြရပါတယ်။
တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာက
ဒီစစ်ဆေးမှုမှာ သကြားရည်တွေ သောက်ရပါမယ်။ ၁ နာရီလောက်ကြာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပါမယ်။ သွေးတွင်း သကြားဓာတ်က ၁၉၀ milligrams per deciliter (mg/dL) ဒါမှမဟုတ်၁၀.၆ millimoles per liter (mmol/L) ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေတာပါ။
ဒီစစ်ဆေးမှုက အစောပိုင်း စစ်ဆေးမှုနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီစစ်ဆေးမှုမှာ သောက်ရတဲ့ သကြားရည်က သကြာားပါဝင်မှု ပိုများပါတယ်။ ပြိးရင် သွေးတွင်း သကြားဓာတ်ကို တစ်နာရီတစ်ခါ နဲ့ ၃ နာရီ ဆက်တိုက် စစ်ဆေးပါမယ်။
စစ်ဆေးမှု ရလဒ် ၃ ကြိမ်မှာ ၂ ကြိမ်က ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် မြင့်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေပြီလို့ ယူဆရမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေက အများကြီးပါ။ အရေးအကြီးဆုံး တစ်ချက်က မေမေရော ဘေဘီလေးအတွက်ပါ အာဟာရ ပြည့်ဝလုံလောက်အောင် စားသုံးတာပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ ပြည့်ဝအောင် စားသောက်တဲ့ပုံစံက အကောင်းဆုံး ကာကွယ်နည်းပေါ့။
အခြားနည်းလမ်းတွေ အနေနဲ့ကတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းပါ။ တစ်နေ့ကို မိနစ် ၃၀ လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။
တကယ်လို့ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကိုသေချာ ထိန်းညှိဖို့ လိုပါမယ်။ လိုအပ်ရင် ဆရာယန်က အင်ဆူလင် ဖိုးဖို့၊ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ သောက်သုံးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။
ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မေမေရော ဘေဘီလေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Gestational diabetes https://www.nhs.uk/conditions/gestational-diabetes/ Accessed Date 9 November 2020
Gestational Diabetes and Pregnancy https://www.cdc.gov/pregnancy/diabetes-gestational.html Accessed Date 9 November 2020