backup og meta

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ

    ဆီးချို ရှိတယ်လား။ အသီး မစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရ​ပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။

    ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့် အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

    အမျိုးအစား (၂)  ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ အသီး (၇) မျိုး

    သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။

    စပျစ်သီး

    စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို စားပေးလို့ ရပါတယ်။ စပျစ်သီးက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။  သိပ္ပံနည်းကျ လေ့လာချက်တွေအရ စပျစ်သီးမှာပါတဲ့ polyphenols က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

    နောက်အားသာချက် တစ်ခုက စပျစ်သီးက ဆီးချိုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဆိုတာပါ။

    ပန်းသီး

    ပန်းသီး စားတဲ့အခါ အခွံ နွှာမစားဖို့ အရင်ဆုံး ပြောပါရစေ။ ပန်းသီးက အမျှင်ဓာတ် ကြွယ်ဝတာ​ကြောင့် သွေးထဲက သကြားဓာတ်တွေကို စုပ်ယူမှုကို နှေးစေပါတယ်။ ဒီနည်းနဲ့ သွေးတွင်း သကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။ ပန်းသီး အရွယ်တော် တစ်လုံး စားပေးတာက သွေးချို မမြင့်စေနိုင်ပါဘူး။

    ဘလူးဘယ်ရီ

    သွေး​ကြောတွေကို ကျန်းမာစေတဲ့ ဘလူးဘယ်ရီသီးက သွေးတွင်းသ​ကြားဓာတ် မြင့်တက်စေနိုင်ခြေကိုလည်း နည်းပါတယ်။ အော်ဂဲနစ် စစ်စစ် ဘလူးဘယ်ရီသီးက ဆီးချို ရှိသူတွေ စားပေးလို့ ရတဲ့ အသီးတွေထဲက တစ်မျိုးပါ။

    ခရင်မ်ဘယ်ရီ

    ဗီတာမင် C ကြွယ်ဝတဲ့ ဂရိတ်ဖရုစ်က ကိုယ်ခံအား ကောင်းစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ကိုလည်း သွေးတွင်းသကြားဓာတ်တွေကို အကောင်းဆုံး အသုံးပြုနိုင်စေဖို့ အားဖြည့်ပေးပါတယ်။ တစ်နေ့တာကို အရွယ်တော် ဂရိတ်ဖရုစ် တစ်ဝက်လောက် စားပေးလို့ ရပါတယ်။

    ဟင်းပဲ ချက်စားစား၊ သုပ်ပဲ စားစား စားကောင်းတဲ့ ခရမ်းချ​ဉ်သီးလေးက ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ ခရမ်းချဉ်သီးက သွေးတွင်း အဆီကို ကျစေနိုင်သလို ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆီးချိုရှိသူတွေနဲ့ ခရမ်းချဉ်သီး စားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    ထောပတ်သီး

    ထောပတ်သီးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပြီး အဆီ ပါဝ်ငမှု များပါတယ်။ အဆီ ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပါ။ ထောပတ်သီးက ဆီးချို ရှိသူတွေနဲ့ အသင့်တော်ဆုံး အသီးတစ်ခုဆိုလည်း မမှားပါဘူး။

    ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူတွေနဲ့လည်း သင့်တော်ပါတယ်။ တစ်နေ့တာမှာ ထောပတ်သီး အရွယ်တော် တစ်လုံးလောက် စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement