အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 28, 2020 . 2 mins read
Share now

ဆီးချိုရောဂါက မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား-၂ ဆီးချိုဝေဒနာဟာ ပိုပြီးအဖြစ်များပါတယ်။ ဒီလိုအဖြစ်များတဲ့ရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဒီအချက်ကို ဗြိတိန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေရဲ့ လေ့လာချက်အရ သိလာခဲ့ရတာပါ။ အရွယ်ရောက်ပြီးချိန်မှာ အထီးကျန်နေတဲ့သူတွေဟာ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

ယခင်တုန်းကလည်း ဆီးချိုရောဂါဟာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိထားတာမို့ ဆီးချိုရောဂါဟာ စိတ်ဝေဒနာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာကို ပိုပြီးသိလာရတာဖြစ်ပါတယ်။

ဆီးချိုနဲ့ စိတ်အခြေအနေ ဘယ်လိုပတ်သက်နေတာလဲ

များသောအားဖြင့် ဆီးချိုဝေဒနာကို ဖြစ်နိုင်စေတဲ့ ကိစ္စတော်တော်များများက ဆေးလိပ်သောက်သုံးတာအရက်သောက်သုံးတာ၊ သကြားမှီဝဲမှုအခြေအနေတွေ၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေတာများတယ်လို့ လူအတော်များများသိကြပါတယ်။

ဒါပေမယ့် စိတ်အခြေအနေက ဆီးချီုဝေဒနာကို ပိုဆိုးရွားစေတယ်ဆိုတဲ့အချက်ကတော့ လူအတော်များများတွက် အသစ်အဆန်းဖြစ်ချင်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။

လေ့လာချက်အသစ်ရဲ့ ဖော်ပြချက်အရဆိုရင် အထီးကျန်ဆန်ခြင်းဟာ Gen Z မျိုးဆက်ရဲ့ ၈၀% နဲ့ Millennials မျိုးဆက်ရဲ့ ၇၀% တို့ဟာ အထီးကျန်မှုဝေဒနာကို ခံစားနေရတယ်လို့ဆိုထားပြီး သူတို့တွေဟာ ဆီးချိုဝေဒနာ ခံစားရနှုန်း တခြားသူတွေထက် ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။

အထီးကျန်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာတော့ လူမှုပတ်ဝန်းကျင်နဲ့ကင်းကွာနေပြီး သီးသန့်ဖြစ်တည်နေတဲ့ စိတ်အခြေအနေမျိုးကိုဆိုလိုတာပါ။ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ တစ်ဝက်လောက်ဟာ အမြဲတမ်း ဒါမှမဟုတ် ယာယီအားဖြင့် အထီးကျန်မှုဝေဒနာကို ခံစားနေရတယ်လို့ဆိုပါတယ်။

လူငယ်မျိုးဆက်တွေမှာ ဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းလူ့အဖွဲ့အစည်းတွေကြောင့် စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေကို ပိုမိုခံစားနေရပြီး ဒီအချက်ဟာ လူငယ်တွေမှာ ဆီးချိုဖြစ်ပွားနှုန်းပိုမိုမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဆီးချိုကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းစိုးရိမ်ကြောင့်ကြခြင်းနဲ့ တခြားစိတ်ခံစားမှုတွေခံစားရနိုင်ပါတယ်။ သွေးချိုကို ပုံမှန်ရောက်အောင်ထိန်းချုပ်ခြင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုထိန်းချုပ်ဖိုဆိုတာ ခက်တောခက်ခဲနိုင်ပါတယ်။

အထီးကျန်မှုဝေဒနာဟာလည်း တခြားစိတ်ဝေဒနာတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အဝလွန်တာနဲ့ နှလုံးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ လန်ဒန်အခြေစိုက် ကင်းစ်ကောလိပ်က သုတေသနပညာရှင်တွေရဲ့ အဆိုအရ အထီးကျန်သူတွေဟာ ကိုယ်အလေးချိန်တိုးတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာတာ၊ ဆေးလိပ် အရက်သောက်သုံးနှုန်းမြင့်တာ၊ သွေးတိုးရောဂါရှိလာတာနဲ့ နှလုံးရောဂါတွေဖြစ်လာတာကြောင့် ဆီးချိုရောဂါဖြစ်လာဖို့ အင်နဲ့အားနဲ့တွန်းပို့နေသလိုဖြစ်စေတယ်လို့ သုတေသနပြုချက်က ဖော်ပြခဲ့ပါတယ်။

ဆီးချိုကို ဘယ်လိုကာကွယ်မလဲ

ဆီးချိုဆိုတာ နာတာရှည်ရောဂါတစ်မျိုးပါ။ မုန့်ချိုအိတ်ကထုတ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ဆဲလ်တွေရဲ့တံခါးကိုဖွင့်ဖို့သော့လိုပါဘဲ။ ဆဲလ်တွေပွင့်သွားရင် သွေးထဲကအင်ဆူလင်တွေက ဆဲလ်ထဲဝင်ပြီး လိုအပ်တဲ့စွမ်းအင်ထုတ်ပါတယ်။ အင်ဆူလင်မလုံလောက်တာဘဲ ဖြစ်ဖြစ်၊ အင်ဆူလင်က ဆဲလ်တွေကိုမဖွင့်နိုင်တာမျိုးဖြစ်တဲ့အခါ သွေးထဲကသကြားဓါတ်မြင့်တက်ပြီးဆီးချိုဖြစ်ပါတယ်။

ဒီရောဂါမဖြစ်လာအောင် ကာကွယ်ဖို့ဆိုရင်

  • ကိုယ်နဲ့သင့်လျော်တဲ့ အားကစားတစ်မျိုးကို တစ်ရက်ကို မိနစ် ၃၀ ကနေ တစ်နာရီထိပြုလုပ်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် သွေးတိုးနိုင်ချေလျော့စေတဲ့အပြင် ဆီးချိုဖြစ်စေတဲ့အရာတွေဖြစ်တဲ့ သွေးထဲကသကြားဓါတ်နဲ့ကိုယ်အလေးချိန်ကိုထိန်းချုပ်ပေးပါတယ်။
  • ဒါ့အပြင် အရိုးနဲ့ ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းတွေကိုရွေးချယ်ပြီး အနည်းဆုံးတစ်ပတ် ၃ ကြိမ် လုပ်ပါ။
  • နေ့စဉ်စားတဲ့အစားအစာတွေကိုဂရုစိုက်ပြီး ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါတာတွေကို မှီဝဲစားသုံးပါ။
  • အဆီနဲ့ သကြားစားသုံးမှုကို လျှော့ချပါ။
  • အဆီမပါနွားနို့၊ အစေ့အဆံများ၊ လတ်ဆတ်တဲ့အသီးများ၊ မုန်လာဥနီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ အဆီနည်းတဲ့ဒိန်ခဲ၊ သကြားနည်းတဲ့ အစေအဆံတွက ဆီးချိုကို ကာကွယ်ပေးနိုင်တာမို့ ဦးစားပေးမှီဝဲပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read