ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
ဤကျန်းမာရေးကိရိယာသည် ကျန်းမာရေးအကြံပေးချက်များကို အစားမထိုးနိုင်ပါ။ ကျန်းမာရေး သတင်းအချက်အလက်အနေနဲ့သာ အသုံးပြုနိုင်ပါသည်။ ၎င်းကို ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်၊ ရောဂါရှာဖွေချက်နှင့် ကုသမှုများကို အစားထိုးရန် မသင့်ပါ။ Hello Sayarwonတွင် ဖတ်ရှုထားသော အချက်အလက်များကြောင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးချက်များကို လျစ်လျူမရှုသင့်ပါ။ သင့်မှာ စားသောက်မှု ပုံမှန်မဟုတ်သော ရောဂါရှိနေပါက ဤ BMIရလဒ်များကို အသုံးပြု၍ မရနိုင်ပါ။ ကျွမ်းကျင်ပညာရှင်ထံမှ အကြံဉာဏ် တောင်းခံပါ။
Body Mass Index (BMI) ဆိုတာ လူတစ်ယောက်နဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်နဲ့ကို ပေါင်းပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အဆီထုကို မြန်မြန်နဲ့ လွယ်လွယ် တွက်နိုင်ပြီး လူတစ်ယောက်က ကိုယ်အလေးချိန် နည်းနေလား၊ ပုံမှန်လား၊ ကိုယ်အလေးချိန်များနေလား၊ အဝလွန်နေလားဆိုတာကို ခန့်မှန်းပေးနိုင်ပါတယ်။
BMIကို အရပ်နဲ့ ကိုယ်အလေးချိန်ကို သုံးပြီး တွက်ချက်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ BMIကို လိုချင်ရင် ကိုယ်အလေးချိန် kgကို တည်ပြီး အရပ် မီတာ နှစ်ထပ်ကိန်း (m²)နဲ့ စားပေးရမှာ ဖြစ်ပါတယ်။
အရွယ်ရောက်ပြီး သူတွေမှာတော့ BMI 18.5-24.9 က ပုံမှန်လို့ ပြောလို့ရပါတယ်။ 25.0နဲ့အထက်ဆိုရင် ကိုယ်အလေးချိန်များနေတာဖြစ်ပြီး 18.5 အောက်ဆိုရင်တော့ ကိုယ်အလေးချိန် နည်းနေတာ ဖြစ်ပါတယ်။
BMI ဆိုတာက ခန္ဓာကိုယ်အလေးချိန်ကို အရပ်နဲ့ တိုင်းပြီး တွက်တာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ရောဂါတွေ ဖြစ်နိုင်ခြေရှိမရှိကို ကြိုတင်ခန့်မှန်းလို့ ရပါတယ်။ ကိုယ့်ရဲ့ BMI က ကျန်းမာတဲ့ထဲမှာ ရှိနေမယ်ဆိုရင် ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ BMI က များနေမယ်ဆိုရင်တော့ အဝလွန်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်လာမှာပါ။
BMI ကို သိထားတာက သင်ရော သင့်ဆရာဝန်အတွက်ပါ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချစေနိုင်မှာဖြစ်ပါတယ်။
BMI က အကြမ်းဖျင်းပဲ တွက်ချက်ပေးနိုင်တာဖြစ်ပြီး လူတစ်ယောက်က တကယ်ဝနေတာလား၊ ကျန်းမာရေး ပြဿနာရှိနေတာလားဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ အတိအကျသိချင်တယ်ဆိုရင်တော့ BMI အပြင် တခြားစစ်ဆေးမှုတွေကိုပါ လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ အခေါက်ကို တိုင်းတာမျိုး၊ စားသောက်မှု ပုံစံကို စစ်ဆေးတာမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို စစ်ဆေးတာမျိုး၊ မိသားစုရာဇဝင်ကို မေးမြန်းတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ၃၀နဲ့အထက်ဆိုရင် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဝလွန်တာက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အသက်လည်း တိုစေနိုင်ပါတယ်။ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကတော့
−အမျိုးအစား ၂ ဆီးချိုရောဂါ
− LDL ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရောတွေ များပြီး HDL ကိုလက်စထရောတွေ နည်းတာ
−နှလုံးသွေးကြောကျဉ်းရောဂါ
−လေဖြတ်တာ
−သည်းခြေအိတ်ရောဂါ
−အရိုးအဆစ်အမြစ်ရောင်ရောဂါ
−အိပ်ဟောက်ရှူရပ်ရောဂါ
−နာတာရှည် ရောင်ရမ်းမှုကြောင့် ဆဲလ်တွေ ပျက်စီးတာ
−ကင်ဆာ
−စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များတာနဲ့ တခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) က 18.5အောက်ဆိုရင် ကိုယ်အလေးချိန်နည်းလွန်းနေတာပါ။ ရှိသင့်တာထက် နည်းနေတဲ့အခါ နေမကောင်းဖြစ်တာ၊ အာဟာရချို့တဲ့တာ၊ ခုခံအားကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေအပြင်
− အာဟာရချို့တဲ့တာ
−သွေးအားနည်းတာ
−ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီချို့တဲ့တာကြောင့် အရိုးပွတာ
−ရာသီမမှန်တာကြောင့် ကလေးရဖို့ ခက်ခဲတာ
−ခွဲစိတ်ပြီးရင် နောက်ဆက်တွဲပြဿနာဖြစ်လွယ်တာ
−ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ညပ်ပြီး ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတာတွေ ဖြစ်တတ်ပါတယ်။
BMIနဲ့ ခန္ဓာကိုယ်အဆီထုနဲ့က ဆက်စပ်မှု ရှိတယ်ဆိုပေမယ့် BMI တူတဲ့ လူနှစ်ယောက်က အဆီထုပမာဏတော့ မတူနိုင်ပါဘူး။
ဒီလိုကွာခြားချက်တွေက ခန္ဓာကိုယ်အမျိုးအစား၊ အသက်၊ ကျား/မနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ပုံပေါ် မူတည်ပါတယ်။ BMI တူရင်တောင်မှ လေ့ကျင့်ခန်းလုပ်တဲ့သူက မလုပ်တဲ့သူထက် အဆီထုနည်းမှာပါ။ အသက်ကြီးတဲ့သူတွေကလည်း ငယ်တဲ့သူတွေထက် အဆီထုများနိုင်ပါတယ်။ အမျိုးသမီးတွေကလည်း အမျိုးသားတွေထက် အဆီထုနည်းနိုင်ပါတယ်။
ဒီတော့ အဆီထုကို တွက်ချက်ဖို့အတွက် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းက လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဖို့ လိုအပ်ပါတယ်။