backup og meta

ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း

    ဘေဘီလေးအရွယ်ရောက်လာတဲ့အခါမေမေဖွားဖွားတို့နဲ့အတူ မီးဖိုခန်းထဲဝင်ပြီးပြင်ဆင်ချက်ပြုတ်တာက အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ ဒီလိုချက်ပြုတ်မှုကပဲ မိသားစုရဲ့ ဟင်းချက်မှုပုံစံ၊ သုံးစွဲတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မျိုးဆက်တစ်ဆက်စီကနေ တစ်ဆက်စီကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ဘေဘီလေးကို ကိုယ်နဲ့အတူ ဟင်းလျာတွေပြင်ဆင်တာကဘေဘီလေးကို အစားကောင်းကောင်းစားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ဘေဘီလေးနဲ့အတူ အစားအသောက်တွေပြင်ဆင်တော့မယ်ဆိုရင်

    ဘေဘီလေးနဲ့အတူ အစားအသောက်တွေကိုပြင်ဆင်တော့မယ်ဆိုရင် ဒီအချက်တွေက အသုံးတည့်မှာပါ။

    ဘာတွေချက်မလဲပြင်ဆင်ပါ

    ဘေဘီလေးကို ချက်ပြုတ်ဖို့အတွက် ဟင်းလျာတွေ စီစဉ်တဲ့အခါ ပါဝင်ဆွေးနွေးခိုင်းပါ။ ဒီလိုလုပ်တာက ကလေးကို ကျန်းမာတဲ့အစားအစာတွေစားသုံးတတ်သူဖြစ်လာအောင် ပျိုးထောင်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ကလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဟင်းလျာစီစဉ်သူဖြစ်ခွင့်ပေးလိုက်ပါ။

    အတူတူဈေးဝယ်ထွက်ပါ

    ကလေးကို ကိုယ်နဲ့အတူဈေးဝယ်ခေါ်သွားပါ။ ဒီလိုလုပ်ပေးတာက ကလေးကို မိသားစုတွေအတွက် ဟင်းလျာပြင်ဆင်ရာမှာ အကောင်းဆုံးကူညီပေးနိုင်သူအဖြစ် သူ့ကိုယ်သူမြင်လာစေပြီး သူ့ကိုယ်သူအရေးပါတဲ့သူအဖြစ် အသိအမှတ်ပြုလာစေပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးနဲ့အတူတူဈေးဝယ်ထွက်တဲ့အခါ ကလေးကို အထုတ်တွေစစ်ခိုင်းတာ ဝယ်ရမယ့်ပစ္စည်းတွစုံရဲ့လား စစ်ခိုင်းတာမျိုးလုပ်ပေးပါ။

    ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်သင့်တာတွေကို သင်ပေးပါ

    ကလေးကိုဈေးဝယ်တဲ့အခါမှာဖြစ်ဖြစ် ဟင်းလျာတွေပြင်ဆင်ချက်ပြုတ်တဲ့အခါမှာဖြစ်ဖြစ် ဂရုစိုက်ရမယ့်ဘေးကင်းလုံခြုံရေးတွေကိုသေချာလေးသင်ထားပေးပါ။ အပူတွေကိုင်တဲ့အခါ လက်ခုအသုံးပြုရမယ်ဆိုတာကနေစလို့ဈေးဝယ်ထွက်တဲ့အခါ လတ်ဆတ်တဲ့အရာတွေဖြစ်အောင် ဘာတွေကို သတိထားရွေးချယ်သင့်လဲဆိုတာအထိ သင်ပြပေးထားဖို့လိုပါမယ်။

    ဟင်းမြည်းခိုင်းပါ

    ကလေးကို အရသာမြည်းခိုင်းပြီး ဘာလိုနေသေးလဲဆိုတာကိုမေးမြန်းပါ။ ဒီလိုလုပ်တာက ကလေးကို သူ့စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ဟင်းလျာဖြစ်တယ်ဆိုတဲ့ ခံစားချက်ရစေပြီး သူ့ကိုယ်သူ ယုံကြည်မှုတိုးစေသလို အစားကောင်းကောင်းစားစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ထမင်းစားခန်းကိုပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ

    ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် စားဖိုမှူးလုပ်ခိုင်းဖို့မဖြစ်နိုင်ဘူးဆိုရင် ထမင်းစားခန်းကို စီစဉ်သူတော့ဖြစ်ခွင့်ပေးလိုက်ပါ။

    လက်သုတ်ပဝါကို တိရစ္ဆာန်ရုပ်လေးတွေခေါက်စေတာ (သို့မဟုတ်) ပုံစံအမျိုးမျိုးခေါက်စေတာမျိုးခေါက်ခွင့်ပေးလိုက်ပါ။ မိသားစုဝင်တွေကို ထမင်းစားဖို့အသင့်ပြင်ပြီးတဲ့အကြောင်း အသိပေးခိုင်းတာ နဲ့ အဓိကဟင်းလျာကဘာလဲဆိုတာမျိုးကိုကြေညာခွင့်ပေးလိုက်ပါ။

    ကလေးအကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ

    ကလေးကို အမြဲမဟုတ်တောင်မှ တစ်ခါတလေ ဘာချက်ရမလဲဆိုတာကို သူတို့သဘောကျ လုပ်ပေးလိုက်ပါ။ ဘာတွေထည့်ချက်ရမလဲဆိုတာကို သူတို့စိတ်ကြိုက်ပေးထည့်လိုက်ပါ။ မိသားစုထမင်းပွဲပြင်ဆင်ရာမှာလည်း ပါဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးငယ်ပြင်ဆင်ထားတဲ့ အစားအသောက်ကိုကောင်းကောင်းစားပေးလိုက်ပါ။

    ဘေဘီလေးကို အစားအစာပြင်ဆင်တဲ့အခါသင်ပေးသင့်တဲ့ အလေ့အထအချို့

    ဒါတွေအပြင် သတိထားသင့်တဲ့အချက်လေးတွေကတော့

    • အစားအစာတွေမပြင်ဆင် လက်ကိုသေချာစွာဆေးကြောတတ်တဲ့အလေ့အထ
    • အစားအစာတွေမပြင်ခင်နဲ့ပြင်ပြီးချိန်မှာ ချက်ပြုတ်ရာမှာသုံးတဲ့ အသုံးအဆောင်တွေကိုသေချာဆေးကြောတတ်တဲ့ အလေ့အထ
    • အသားစိမ်းတွေကိုသေချာဆေးကြောသန့်စင်ပြီး စဉ်းတီတုံးကို သီးသန့်ထားဖို့
    • ရေခဲသေတ္တာထဲမှာ အစားအစာတွေကို စနစ်တကျ ဘယ်လိုသိမ်းဆည်းမလဲဆိုတာကို သင်ပေးတာ
    • ပစ္စည်းဝယ်ယူတဲ့အခါ ကုန်ဆုံးရက်ကို ဂရုတစိုက်ကြည့်တတ်တဲ့ အလေ့အထ
    • အစားအစာကို လိုအပ်သလောက်ပဲ ဝယ်ယူပြင်ဆင်တတ်တဲ့ အလေ့အထ
    • အစားအစာတွေကို အာဟာရပြည့်ဝအောင်ဘယ်လိုရွေးချယ် ချက်ပြုတ်ရသလဲဆိုတဲ့ အလေ့အထတွေကိုလည်း ငယ်စဉ်ကတည်းကသေချာလေးသင်ကြားပေးထားဖို့လိုပါမယ်။

    ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ရင်းဘေဘီလေးနဲ့အတူ မိသားစုတွေအတွက် ဟင်းလျာတွေပြင်ဆင်ပေးလိုက်ပါ………..

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement