backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက အိပ်ရေးပျက်တာကစလို့ နေ့စဉ်ဘဝမှာပါ အများကြီး သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးအပေါ် ထိခိုက်မှု များတယ်ဆိုတဲ့ အချက်တွေထဲမှာမှ ဆီးချိုရှိသူတွေနဲ့ ဆီးချိုဖြစ်မှာ စိုးရိမ်နေသူတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား …..  စိတ်ဖိစီးရင် ဆီးချိုရောဂါ ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။

ဆီးချိုရောဂါ

ဆီးချိုရောဂါ ဆိုတာ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပြီး သွေးကြောတွေထဲကို ပို့ဆောင်ပေးပါတယ်။ သွေးကြောတွေထဲကို ဖြိုခွဲထားတဲ့ အချိုဓာတ်တွေ ရောက်ရှိသွားတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ပန်ခရိယက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် အဓိကပြောင်းလဲပေးတဲ့အရာပါ။

ဆီးချိုရှိသူတွေမှာတော့  ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မထုတ်လုပ်နိုင်သလို ထိထိရောက်ရောက်လည်း အသုံးမချနိုင်တော့ပါဘူး။ ဆီးချို ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ ဆီးချိုရောဂါကို အချိန်ကြာမြင့်စွာ ခံစားရတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အနေနဲ့ နှလုံးရောဂါ၊ အမြင်အာရုံ ထိခိုက်တာ၊ ကျောက်ကပ်ရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ခန္ဓာကိုယ်အပေါ်ကိုရော ကျန်းမာရေးအပေါ်ကိုပါ နည်းအမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေထဲက တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာပါ။

စိတ်ဖိစီးမှုကို အချိန်ကြာမြင့်စွာ ခံစားရတာက ခန္ဓာကိုယ်ရဲ့ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်း ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ  ထွက်လာတတ်တဲ့ ဟော်မုန်း တစ်မျိုးပါ။

ကိုယ်တွင်းမှာ ကော်တီစောဟော်မုန်း ပမာဏ များလာတာက ပန်ခရိယရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အင်ဆူလင်က သွေးကြောတွေထဲက သကြားဓာတ်တွေကို ဆဲလ်တွေထဲကို ရောက်ရှိစေပြီး စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ထောက်ကူပေးပါတယ်။

ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ မထုတ်လုပ်နိုင်တဲ့အခါ သွေးကြောတွေထဲမှာ သကြားဓာတ်တွေ ကျန်ရှိနေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု သွေးတွင်းသကြားဓာတ် အပေါ်မှာ တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ပါ သက်ရောက်မှု ရှိနေပါတယ်။ စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရမယ်ဆိုရင် ကော်တီစောပမာဏ မြင့်တက်ပြီး အင်ဆူလင် ထုတ်လုပ်မှု ပမာဏ ကျဆင်းလာနိုင်ပါတယ်။ ဒီအနေအထားက ဆီးချိုရှိသူတွေမှာ ရောဂါ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

စိတ်ဖိစီးတာက ဆီးချို ဖြစ်စေနိုင်လား

စိတ်ဖိစီးမှု တစ်ခုတည်းကြောင့်တော့ ဆီးချိုရောဂါ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ အမျိုးအစား – ၂ ဆီးချိုကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အထောက်အထားအချို့တော့ ရှိနေပါတယ်။

သုတေသီတွေကတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေက အင်ဆူလင် ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပြီး ပန်ကရိယက ကောင်းကောင်းအလုပ်မလုပ်နိုင်စေဖို့ အဟန့်အတားဖြစ်စေပါတယ်။

အင်ဆူလင် ထုတ်လုပ်မှု ပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။ ဒီအနေအထားက အမျိုးအစား -၂ ဆီးချိုကို အစပျိုးစေတာပါ။

ကော်တီဟောဟော်မုန်း များလွန်းတဲ့သူတွေမှာ အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်လားဆိုတာကိုတော့ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

စိတ်ဖိစီးမှု များတဲ့အခါ အစားတွေကို အလွန်အကျွံ စားတာကလည်း အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို လိုက်မလုပ်ဖြစ်တာကလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement