ကြက်မောက်သီးစေ့ စားပေးတာက အစာအိမ် ပြဿနာ ကင်းစေနိုင်ပါတယ်။ အစာအိမ်အောင့်တာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာတွေ ကင်းစေဖို့ စားပေးလို့ ရပါတယ်။ ရင်ပူတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကြက်မောက်သီးစေ့က သွေးကြောတွေထဲမှာရှိတဲ့ သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းအဆီများတာ၊ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကြက်မောက်သီးစေ့ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရဲ့ တာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတာပါ။ နှလုံးစည်းချက် မှန်စေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ကြက်မောက်သီးစေ့က ပရိုတင်း ကြွယ်ဝသလို သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြွက်သားတက်စေနိုင်သလို ကြွက်သားနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းတာ ကြွက်သားဒဏ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကြက်မောက်သီးစေ့က စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော အပြုသဘောဆောင်တဲ့ အတွေးတွေ ဖြစ်ပေါ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကြက်မောက်သီးစေ့က ကူညီပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဗီတာမင်တွေ ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေလောင်တာ၊ အမည်းစက်၊ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။