backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

ဘီယာ သောက်ရင် ကောင်းတယ်လို့ ပြောလိုက်တော့ ဘီယာကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ရပ်လိုဖြစ်ပြီး အရမ်း ဝမ်းသာသွားမယ် ထင်ပါတယ်။ လူတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကာလတွေကတည်းက ဘီယာကို သောက်သုံးခဲ့ကြတာပါ။ ဒီလို သိတ်အပန်းဖြေစရာ အနေနဲ့ သောက်သုံးနေကြတဲ့ ဘီယာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဘီယာမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ။

အယ်လ်ကိုဟောပါတဲ့ သောက်စရာ တစ်မျိုးဖြစ်တဲ့ ဘီယာမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကယ်လ်လိုရီ
  • ပရိုတင်း
  • ကာဗိုဟိုက်ဒရိတ်
  • နီကာဆင်
  • Riboflavin
  • ခိုလင်း
  • ဖောလိတ်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရိတ်
  • ဆီလီနီယမ်
  • ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။
  • ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

    ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

    ဘီယာသောက်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    ဘီယာကို မုယောစပါးကနေ ချက်လုပ်တာမျိုး၊ ဗျစ်ပွင့်တို့လိုမျိုး သဘာဝ ကောက်နှံတွေကနေ ထုတ်လုပ်တာကြောင့် အမျှင်ဓာတ်ပါဝင်တာကြောင့် အစားတွေ အများကြီး မစားမိအောင်လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

    အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။

    တစ်နေ့တာအတွက် ဘီယာ သင့်တော်တဲ့ပမာဏဖြစ်တဲ့  (လေဒီလေးတွေက ၃၅၄ မီလီလီတာ/ အမျိုးသားတွေက ၇၀၉ မီလီလီတာ) ပဲ သောက်သုံးမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။

    စိတ်ဖိစီးမှုတွေကြောင့် နှလုံးထိခိုက်တာ၊ လေဖြတ်တာမျိုး မဖြစ်ဖို့ ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောများပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    လေ့လာမှုရလဒ်တွေအရ ဘီယာ သောက်သုံးတာက ဆီးချို (အထူးသဖြင့် အမျိုးအစား -၂ ဆီးချို) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    ဘီယာမှာ အရိုးတွေကို ကြံ့ခိုင်စေနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း နဲ့ ဆီလီကွန် ပါဝင်နေပါတယ်။ ဒါကြောင့် အရိုးတွေကို ကျန်းမာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဘီယာထဲမှာ ပါတဲ့ အက်ဆစ် တစ်မျိုးက အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

    ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အရေပြားကို ညစ်ညမ်းမှုတွေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ဘီယာမှာ ဓာတ်တိုးပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ကင်ဆာကို ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဘီယာကို အလွန်အကျွံသောက်မယ်ဆိုရင်တော့

    • အသက်သေဆုံးနိုင်ခြေ များပါတယ်။

    လေ့လာချက်တွေအရ ဘီယာအလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ပါတယ်။

    • အရက်စွဲတတ်ပါတယ်။

    ခဏခဏ သောက်မယ်၊ များများသောက်မယ်ဆိုရင်တော့ အရက်စွဲသလို စွဲတတ်ပါတယ်။

    • စိတ်ကျရောဂါ ဖြစ်နိုင်ပါတယ်။

    လေ့လာချက်တွေအရ ဘီယာကို အလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ များပါတယ်။

    • အသည်းရောဂါ ဖြစ်တတ်ပါတယ်။

    ဘီယာဆိုတာလည်း အယ်ကိုဟော ပါဝင်တာကြောင့် များများသောက်မယ်။ ခဏခဏသောက်မယ်ဆိုရင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    • တချို့ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။

    သင့်တင့်တဲ့ ပမာဏ မဟုတ်ဘဲ အလွန်အကျွံသောက်မယ်ဆိုရင်တော့ လည်ချောင်းနဲ့ ခံတွင်းကင်ဆာတွေ ဖြစ်နိုင်ခြေကို များစေမှာပါ။

    ဘီယာသောက်မယ်ဆိုရင်

    ဒါကြောင့် ဘီယာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာက သင့်တင့်တဲ့ ပမာဏကို ရံဖန်ရံခါ သောက်မှပါ။ အလွန်အကျွံနဲ့ မကြာခဏသောက်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement