ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 8, 2020 . 3 ဖတ်ရန် ကြာချိန်
Share now

COVID-19 ကပ်ဘေးကာလကြီးက ဘယ်အထိ ခရီးဆက်ဦးမလဲ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ရောဂါကူးစက်ပြန့်နှံ့မှုတွေ ရှိနေဆဲဖြစ်သလို သက်သာပျောက်ကင်းလာသူတွေကလည်း ထုနဲ့ထေးရယ်ပါ။

ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်ဖော်နိုင်ခြင်းမရှိသေးတာမို့ တိကျရေရာစွာ ကုသနိုင်တဲ့နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လူတိုင်းအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကိုသာ အားကိုးပြီး ရောဂါဆိုးကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောတာ၊ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေတာနဲ့ အပြင်သွားတဲ့အခါတိုင်း လုံခြုံစိတ်ချရတဲ့ Mask တပ်ဆင်တာတွေက ကာကွယ်တားဆီးရေးအတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြပါတယ်။

ဒီလိုအခြေအနေမှာ ရင်သွေးတွေ ရှိထားတဲ့ မိဘတွေမှာလည်း ပူပင်သောကတွေ ရှိလာရပါတယ်။ မဖြစ်မနေ အပြင်သွားရမယ့် အခြေအနေမျိုး ကြုံဆုံလာချိန်မှာ မိမိတို့ရင်သွေးတွေအတွက် Mask တွေ တပ်ဆင်ပေးတာမျိုးတွေလည်း ပြုလုပ်လာကြပါတယ်။

ဘယ်အသက်အရွယ်ကလေးတွေကို Mask မတပ်ပေးသင့်ဘူးလဲ

ဒါပေမယ့် အသက် ၂ နှစ်အောက် ကလေးတွေကို Mask တပ်ဆင်မပေးဖို့ အမေရိကန် CDC က ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့ဖူးပါတယ်။ WHO ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အတိအကျပြောဆိုတာမျိုး မရှိသေးပါဘူး။

လက်ရှိချိန်မှာနိုင်ငံအတွင်း ပိတ်ပင်မှုအများအပြားကို စတင်ဖြေလျှော့ပေးနေတဲ့ ဂျပန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေကလည်း အသက် ၂ နှစ်အောက် ကလေးတွေကို Mask မတပ်ဆင်ပေးသင့်ဘူးလို့ သတိပေးစကားဆိုလာပါတယ်။

လက်ရှိ အချက်အလက်တွေအရ ကလေးတွေဆီမှာ COIVD-19 ရောဂါကူးစက်ခံရမှုနည်းပါးပါတယ်။ ၁ နှစ်နဲ့ ၉ နှစ်အကြားကလေးငယ်တွေမှာ ရောဂါကူးစက်နိုင်ခြေ ၁% သာရှိပြီးတော့ သေဆုံးမှုလည်း လုံးဝမရှိသလောက်ပါပဲ။

ဘာလို့ ဒီလိုအဖြစ်နည်းရတာလဲဆိုတဲ့ အကြောင်းရင်းကို သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ဖြစ်နိုင်တာကတော့ ကလေးတွေနဲ့ ဗိုင်းရပ်စ် အထိအတွေ့ နည်းတာ၊ ကူးစက်ခံရမှုနှုန်း နည်းတာနဲ့ ကူးခံရရင်တောင်မှ လက္ခဏာ သေချာမပြလို့ မသိလိုက်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အသက် ၂ နှစ်အောက်ကလေးတွေကို Mask ပေးမတပ်ရင်တောင်မှ အန္တရာယ်က လူကြီးတွေလောက် မကြီးမားလှဘူးလို့ Japan Pediatric Association က ဆိုပါတယ်။

ဒီအသက်အရွယ်ကလေးတွေရဲ့ အသက်ရှုလမ်းကြောင်းက ကျဉ်းမြောင်းနေသေးတာမို့ တကယ်လို့ Mask ပေးတပ်လိုက်မယ်ဆိုရင်သာ အန္တရာယ်ပိုရှိနိုင်တယ်လို့ CDC နဲ့ Japan Pediatric Association အဖွဲ့အစည်း ၂ ခုလုံးကတော့ ဆိုထားပါတယ်။

အသက် ၂ နှစ်နဲ့အောက် ငယ်ရွယ်တဲ့ ကလေးတွေကို Mask ပေးတပ်ထားတဲ့အခါမှာ

  • အသက်ရှူကြပ်သွားတာမျိုး၊
  • သူတို့က အသက်ရှူကြပ်ရင်တောင် ကိုယ့်ဘာသာကိုယ် မဖြုတ်နိုင်တာမျိုး၊
  • Mask ကြောင့် အသက်ရှူမဝတဲ့ ဝေဒနာခံစားရတာမျိုး၊
  • ကလေးက Mask နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မကြာခဏ ကိုင်တွယ်မိတတ်တာမို့ ရောဂါပိုး ပိုဝင်နိုင်ခြေရှိတတ်တာမျိုးတွေကြောင့်ပါပဲ။

အသက် ၂ နှစ်အောက်ကလေးတွေကို ဘယ်လိုကာကွယ်ပေးမလဲ

Mask မတပ်ပေးထားတဲ့အခါ ကလေးတွေကို ရောဂါပိုးကူးစက်နိုင်ခြေ Risk တချို့ရှိလာတာတော့ အမှန်ပါ။ ဒါကြောင့် ဒီအရွယ်ကလေးတွေမှာ ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

  • တကယ်လို့ ကိုယ့်ရင်သွေးက မွေးကင်းစကလေးဖြစ်နေပြီး ကာကွယ်ဆေးသွားဖို့၊ ဆေးခန်းပြဖို့ကိစ္စတွေအတွက် မဖြစ်မနေ အပြင်ခေါ်သွားရတော့မယ်ဆိုရင် Mask အစား အပေါ်ကနေ အနှီးပါးပါးလေး လွှမ်းပေးတာ ပိုကောင်းပါတယ်။
  • အနှီးလွှမ်းတယ်ဆိုတဲ့နေရာမှာလည်း ကလေး အသက်ရှူနိုင်အောင် လွှမ်းပေးရပါမယ်။ ကလေးကို အနှီးနဲ့ အုပ်ပြီး ဒီတိုင်း မထားခဲ့ပါနဲ့။ ကလေးက ကိုယ့်မျက်စိအောက်မှာပဲ ရှိပါစေ။ မဟုတ်ရင် အသက်ရှူကြပ်ပြီး အန္တရာယ် ဖြစ်ပါလိမ့်မယ်။
  • ခုခံအား သိပ်ကျလွန်းတဲ့ကလေးတွေ၊ ရောဂါကူးနိုင်ခြေများတဲ့ကလေးတွေကတော့ အပြင်ထွက်ရင် ကလေးအတွက် ထုတ်ထားတဲ့ N95 Maskကို တပ်ပေးနိုင်ပါတယ်။
  • မွေးကင်းစကလေးနဲ့ ၂ နှစ်အောက်ကလေးတွေကို မဖြစ်မနေ တပ်ပေးချင်တယ်ဆိုရင် Mask အစား Face Shield ပဲ တပ်ပေးပါ။ ဒါမှမဟုတ် ၂ နှစ်ဝန်းကျင်ကလေးတွေဆိုရင် အဝတ်နဲ့ချုပ်လုပ်ထားတဲ့ Mask မျိုး တပ်ဆင်ပေးလို့ရပါတယ်။
  • အထူးသတိထားရမှာက အဝတ် Mask ၊ Face Shield ဘာမဆို ရင်သွေးမှာ တပ်ပေးထားတယ်ဆိုရင် ကလေးကို မျက်စိအောက်မှာပဲထားပါ။ မျက်စိအောက်က အပျောက်မခံပါနဲ့။ တစ်ခါတစ်ရံမှာ ကလေး အသက်ရှူကြပ်တာမျိုး၊ ချွတ်မရတာမျိုးတွေ ဖြစ်နေတတ်တာကြောင့်ပါ။

တခြားအခြေအနေတွေမှာဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။

  • ၁။ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ၊ မကြာခဏ ဆေးကြောပေးပါ။
  • ၂။ အိမ်နီးနားချင်း ကလေးတွေနဲ့ ဆော့ကစားတာမျိုးထက် နေအိမ်ထဲမှာ သီးခြားဆော့ကစားပါ။ အချိန်ရမယ်ဆိုရင် ကိုယ်တိုင်ပါဝင် ကစားပေးပါ။
  • ၃။ အမွှေးဆပ်ပြာမျိုးထက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ဆပ်ပြာမျိုးတွေ အသုံးပြုပြီး နေ့စဉ် ရေပုံမှန် ချိုးပေးပါ။
  • ၄။ ကိုယ် အပူချိန် ပုံမှန်စစ်ဆေးပေးပါ။
  • ၅။ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူတွေ မိမိ မိသားစုထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ရှိနေရင် ရင်သွေးကို သူတို့နဲ့ ဝေးဝေးမှာထားပါ။
  • ၆။ အဆိုပါ ပုဂ္ဂိုလ်တွေကို နှာချေချောင်းဆိုးဖြစ်ချိန်တွေမှာ အကာအကွယ် သုံးခိုင်းပါ။ အားမနာပါနဲ့။ ပြီးရင် လုံခြုံတဲ့အမှိုက်ပုံးထဲ ချက်ချင်းထည့်ပါ။
  • ၇။ ကလေးရဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုယ်တိုင်ကအစ မကိုင်တွယ်မိအောင် သတိထားနေပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ပေါ်မှာ ကပ်ညှိနေတဲ့ ပိုးမွှားတွေ ကိုယ်တွင်းကို မရောက်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
  • ၈။ ကလေးကိုင်တွယ်လေ့ ကိုင်တွယ်ထရှိတဲ့ အရာဝတ္တုတွေကို သန့်ရှင်းအောင် အမြဲ သန့်စင်ပေးပါ။
COVID-19 Outbreak updates
Country: Myanmar
Data

290

Confirmed

200

Recovered

6

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေး ဆံပင်ရိတ်ပေးရင် ကတုံးတုံး ကျန်းမာရေး မေမေဖေဖေ ဆံပင်ပါး အာဟာရ ဘေဘီလေး ခန္ဓာကိုယ်အပူချိန် ကလေး ကျန်းမာရေး ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Face Mask တပ်တဲ့အခါ လုပ်မိတတ်တဲ့ အမှားလေး တချို့

Mask Covid-19 ကပ်ဘေးကာလ ဆပ်ပြာ လက်ဆေး လူစုလူဝေး ချောင်းဆိုး နှာချေ တံတွေး မိသားစု ရောဂါပိုး မြန်မာနိုင်ငံ နှာခေါင်း ပါးစပ် လက်သန့်စင်ဆေးရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

Covid-19 ကာလမှာ စမတ်ဖုန်းတွေကို ပိုးသတ်ပေးဖို့ လိုလား

Covid-19 ဖုန်းစကရင် ကပ်ဘေးကာလ သန့်ရှင်းရေး ရောဂါပိုး ဈေးဝယ်ထွက် ရုံးသွား အရေပြား အဝတ်စ ပန်ကာ လက်ဆေး အိမ်သာ အရက်ပြန် ဗိုင်းရပ်စ် ဘက်တီးရီးယား ပိုးသန့်စင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

COVID-19၊ တရုတ်နိုင်ငံ၊ ကပ်ဘေး၊ ဝက်တုပ်ကွေးး၊ H1N1 ဗိုင်းရပ်စ်၊ ကိုယ်ခံအားစနစ်၊ ဆပ်ပြာ၊ လက်သန့်စင်ဆေး၊ မျက်နှာဖုံး၊လူစုလူဝေး၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 1 ဖတ်ရန် ကြာချိန်
Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်