ကိုဗစ် အလွန် new normal life

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 3 mins read
Share now

အခုဆိုရင် ကိုဗစ် ကို နိုင်ငံတကာနဲ့အတူ တိုက်ခိုက်လာခဲ့တာ တော်တော်ကြာလာပါပြီ။  ဒီအတောအတွင်းမှာ ကိုဗစ်ကြောင့် လူတွေ အိမ်မှာပဲနေကြရတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြတာ၊ လုပ်ငန်းတွေ နားလိုက်ရတာ ဒါမှမဟုတ် တချို့တွေမှာဆိုရင် ကုန်ထုတ်တာတွေ နည်းသွားတာ စသဖြင့် စီးပွားရေးမှာရေ လူမှုရေးမှာရော ထိခိုက်မှုလေးတွေ ရှိလာပါတယ်။ ကိုဗစ်က လက်ရှိမှာလည်း ပျောက်ကင်းမယ့်ပုံ မပေါ်သေးတာကြောင့် ရေရှည်မှာ အိမ်မှာပဲ နေတာက အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။

ကိုဗစ်ကို ကာကွယ်ဖို့ တချို့သော နိုင်ငံတွေမှာ lockdownဆိုတာတွေလည်း လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း lockdown မဟုတ်သည့်တိုင် လူနာအတွေ့များတဲ့ တချို့မြို့နယ်တွေမှာ အပြင်ထွက်ချိန်ကို ကန့်သတ်လိုက်တာမျိုးတွေ ရှိပါတယ်။ ရေရှည်ကို မျှော်ကြည့်ရင် ကိုဗစ်ထက် စိုးရိမ်စရာ ကောင်းတဲ့ကိစ္စတွေကို တွေ့ရမှာပါ။ ဥပမာ စီးပွားရေး လုပ်ငန်းတွေ၊ ကျန်းမာရေးပြဿနာတွေ၊ တခြား လူမှုရေးကိစ္စတွေပေါ့။ ဒါတွေကို ဘယ်လို ကျော်လွှားကြမလဲဆိုတာ အတူ အဖြေရှာဖို့ လိုပါတယ်။

ကိုဗစ် ရဲ့ နောက်ဆက်တွဲ ပြဿနာများ

  • စီးပွားရေးပြဿနာ

ကိုဗစ်ကြောင့် အိမ်မှာနေရတယ်ဆိုတာက အချိန်အတိုင်းအတာ တစ်ခုထိပဲ အဆင်ပြေမှာပါ။ နောက်ပိုင်းမှာ ပိုက်ဆံမရှိလို့ စားဖို့သောက်ဖို့ ခက်လာရင် ခိုးတာ၊ လုယက်တာတွေ ဖြစ်လာနိုင်ပါတယ်။

  • ကျန်းမာရေးပြဿနာ

မြန်မာနိုင်ငံမှာ ကိုဗစ်ထက် သေနှုန်းမြင့်တဲ့ ရောဂါတွေ အများကြီး ကျန်ပါသေးတယ်။ အထူးသဖြင့် နာတာရှည်ရောဂါရှိတဲ့သူတွေဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုပါတယ်။ ခုပြဿနာက ဘာလဲဆိုတော့ ကိုဗစ်ကို ကြောက်လို့ ဆေးရုံကို မလာကြလို့ ဆေးရုံမှာ လူနာနည်းသွားပေမယ့် တကယ်တမ်း ဆေးရုံရောက်တဲ့ချိန်မှာ ကုသဖို့ မမီနိုင်တော့တဲ့ လူနာတွေက ပိုများလာပါတယ်။ ဆိုလိုတာက ခုလိုအချိန်မှာ သွားရေး လာရေး ခက်ခဲလို့ပဲ ဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းသွားရင် သို့လော သို့လော အထင်ခံရမှာစိုးလို့ပဲ ဖြစ်ဖြစ် အိမ်မှာ ကြိတ်ကုနေပြီး မရတော့မှ ဆေးရုံရောက်လာတဲ့အတွက် အသက်ဆုံးရှုံးတာတွေ ပိုဖြစ်လာပါတယ်။

ကာကွယ်ဆေးထိုးမယ့် ကိစ္စလည်း ဒီလိုပါပဲ။ တချို့ကလေးတွေက ဆေးထိုးရမယ့် ရက်ကျော်နေပြီမို့လို့ မေမေတွေ စိုးရိမ်နေကြပါပြီ။ အပြင်မှာပဲ ထိုးရမှာလား။ ဆေးရုံမှာပဲ သွားထိုးရမှာလား။ လူစုလူဝေးတွေ ဖြစ်နေရင် ဘယ်လို လုပ်မလဲ စတဲ့ ပြဿနာလေးတွေ ရှိနေပါတယ်။

  • လူမှုရေးပြဿနာ

အဓိကက ကလေးတွေရဲ့ ပညာရေးပေါ့။ အရင်လို ကျောင်းပြန်ဖွင့်နိုင်ပါ့မလားဆိုတာ မိဘတွေ စိုးရိမ်နေကြပါပြီ။ အွန်လိုင်းကနေ စာသင်မယ်ဆိုရင်ရော လူတိုင်းအတွက် အဆင်ပြေနိုင်ပါ့မလား။ ဒီလိုပဲ တက္ကသိုလ်ပညာရေးတွေကိုရော ဘယ်လိုလုပ်ကြမလဲ စသဖြင့် တွေးပူစရာတွေ အများကြီးပါ။

လတ်တလောမှာ  တတ်နိုင်သမျှ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။ ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး အပြောင်းအလဲ တစ်ခုတော့ရှိလာမှာပါ။ အဓိက ပြောချင်တာကတော့ အပေါ်က ပြဿနာတွေကြောင့် အိမ်မှာ ကြာကြာနေခိုင်းထားဖို့ ခက်ခဲမှာပါ။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ဆိုတာကလည်း အချိန်တစ်ခုထိတော့ စောင့်ရဦးမှာပါ။ အဲ့ဒီအချိန်ထိ အိမ်ထဲမှာပဲ နေပြီး ထိုင်စောင့်ဖို့ဆိုတာကလည်း လက်တွေ့မကျလှပါဘူး။

ဗိုင်းရပ်စ်ကတော့ ရှိနေဦးမှာပါ။ ဗိုင်းရပ်စ်တွေကြားထဲမှာပဲ တို့တွေ အလုပ်လုပ်နေကြရဦးမှာပါ။ မေ၁၅နောက်ပိုင်းမှာ အလုပ်တွေ ပြန်လုပ်ရတော့မယ်ဆိုရင် ဘာတွေကို ဂရုစိုက်ကြမလဲ။ ကိုဗစ်နဲ့ ဘယ်လို ချစ်ကြည်ရေးယူပြီး အလုပ်လုပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကိုဗစ် နဲ့အတူ ယှဉ်တွဲနေထိုင်မယ်ဆိုရင်

ဒါကို New Normal လို့ ပညာရှင်တွေက ခေါ်ပါတယ်။ နေထိုင်မှု ပုံစံ အသစ်ပေါ့။ ကိုဗစ်ဖြစ်နေတဲ့ ကြားထဲက တို့တွေ Survival of fittestရအောင် ဘယ်လို နေရမလဲလို့ ပြောတာပါ။ နေ့စဉ်ပုံမှန်အတိုင်းပဲ အလုပ်တွေလုပ်မယ်။ ရောဂါလည်း မကူးအောင် တတ်နိုင်သမျှ ကာကွယ်ကြမယ်ပေါ့။ နည်းလမ်းတွေကတော့

  • ရုံးတက်မယ်ဆိုရင်

တတ်နိုင်ရင်တော့ ဖယ်ရီနဲ့ဆို ပိုစိတ်ချရတာပေါ့။ မရှိလည်း ဘတ်စ်ကားပဲ စီးရမှာပေါ့။ ဘာပဲစီးစီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ စီးပါ။ နှာခေါင်းစည်း တပ်ပါ။ လက်အိတ်က မဖြစ်မနေ ဝတ်စရာ မလိုပါဘူး။ လက်ဆေးဖို့သာ မမေ့ပါနဲ့။ ဘယ်သူ့မှာမဆို ဗိုင်းရပ်စ်ရှိနေနိုင်တယ်လို့ ယူဆပြီး သတိထားပါ။ ရုံးမှာလည်း ဒီလိုပဲ ခပ်ခွာခွာနေပါ။ အစည်းအဝေးတွေက တတ်နိုင်ရင်  video call နဲ့ ပြောပါ။

  • ကျောင်းတက်မယ်ဆိုရင်

ဟိုတလောက တရုတ်က ကလေးတွေ စာသင်ခန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကပ်နေမှာစိုးလို့ ခေါင်းမှာ ပေါင်ချိန်ဦးထုပ်လိုမျိုးတွေဆောင်းထားပေးတာ တွေ့လိုက်ရပါတယ်။ ဒီမှာလည်း နည်းလမ်းတစ်ခုခု စဉ်းစားပြီး social distancingလုပ်ထားရမှာပါ။ တတ်နိုင်ရင် အွန်လိုင်းကနေ စာသင်၊ မဖြစ်နိုင်လို့ ကျောင်းတက်ရမယ်ဆိုရင်လည်း ကာကွယ်ရေး နည်းလမ်းတွေကို အပြည့်အစုံလုပ်ထားပေးရမှာပါ။

မိဘတွေအနေနဲ့ ကလေးကို ကိုဗစ်အကြောင်း၊ ကူးနိုင်တဲ့နည်းတွေ၊ ကာကွယ်နိုင်တဲ့ နည်းတွေကို ပြောပြပေးထားရမှာပါ။ ဖယ်ရီပေါ်စတက်တာက စလို့ ကျောင်းခန်းထဲမှာ စာသင်တာကအလယ် အိမ်ပြန်တဲ့အထိ ကာကွယ်နည်းတွေကို ပြောပြထားရမှာပါ။ သူငယ်ချင်းတွေနဲ့ ဘယ်လိုနေတာက ကူးစက်နိုင်လဲဆိုတာကိုပါ တစ်ခါတည်း ပြောပြထားပါ။

  • ဆေးခန်းပြမယ်ဆိုရင်

အရင်ဆုံး ဖုန်းနဲ့ ဆက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့ရောဂါတွေက ဖုန်းကနေ ဆေးပေးပြီး ကုလို့ရပါတယ်။ ဆေးရုံ၊ ဆေးခန်း လာပြီး စမ်းသပ်ဖို့ လိုတယ်ဆိုမှ သွားပါ။ ဒါက မလိုအပ်ဘဲ ဆေးရုံဆေးခန်းမှာ လူစုတာတွေ လျှော့ချနိုင်မှာပါ။

  • အခြားလူမှုရေး ကိစ္စ

မီတာဆောင်တာ၊ အင်တာနက်ဘေဆောင်တာ စတဲ့ ကိစ္စတွေက တတ်နိုင်ရင် အွန်လိုင်းကနေ လုပ်ပါ။ ဘဏ်သွားရမယ်ဆိုလည်း social distancing ကို လိုက်နာပါ။ အစည်းအဝေးတွေကိုလည်း အွန်လိုင်းကနေ လုပ်နိုင်အောင် ကြိုးစားပါ။ အိမ်ကနေ အလုပ်လုပ်လို့ ရတဲ့ သူတွေက အိမ်ကနေ ဆက်လုပ်ပါ။ စျေးသွားမယ်ဆိုလည်း နေ့တိုင်းသွားတာ မဟုတ်ဘဲ ၂ရက်စာ ၃၇က်စာ ကြိုဝယ်ထားပါ။

ဒါက စဉ်းစားမိသလောက်လေး အကြံပြုထားတာပါ။ ဆိုလိုချင်တာက ကိုဗစ်ပြီးတဲ့အထိ စောင့်ပြီး အိမ်မှာ နေဖို့က လက်တွေ့မှာ ခက်ခဲပါလိမ့်မယ်။ အဲ့ဒီအစား ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ စဉ်းစားရမှာပါ။ နေရာတိုင်းမှာ ကိုဗစ်ရှိနိုင်တယ်လို့ တွေးပါ။ လူတိုင်းမှာ ကိုဗစ်ရှိနိုင်တယ်လို့ သံသယထားပါ။ ဘယ်ကိုပဲ သွားသွား ကာကွယ်ရမယ့် နည်းလမ်းတွေကို လုပ်ဆောင်ပါ။ ကိုဗစ်အလွန် new normal life ကို လက်ခံနိုင်အောင် ကြိုးစားပါ။

COVID-19 Outbreak updates
Country: Myanmar
Data

85,205

Confirmed

64,645

Recovered

1,846

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်ရောဂါတွေက ကိုယ်ကနေ သူများကို ဒါမှမဟုတ် သူများကနေ ကိုယ့်ကို ကူးစက်လာနိုင်တဲ့အတွက် ကူးစက်နိုင်တဲ့နည်းလမ်းတွေကို နားလည်ထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငှက်ပျောဖူး ကြိုက်ကြလား…………..

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိပါတယ်။ စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရ လွယ်ကူတဲ့ အားသာချက်ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read