ကိုဗစ်ဒုတိယလှိုင်းအတွက် တရားခံက ဘယ်သူလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 10, 2020 . 3 mins read
Share now

ကိုဗစ်ဒုတိယလှိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ အထိနာနေတယ်ဆိုတာ အမှန်ပါ။ တစ်နေ့ တစ်နေ့ ရောဂါတွေ့တဲ့သူက ရာဂဏန်းလောက်ရှိနေပြီး သေဆုံးသူတွေကလည်း ပိုများလာပါတယ်။ ပထမလှိုင်းတုန်းက ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပေမယ့် ဒုတိယလှိုင်းမှာ ဒီလို ဖြစ်နေတာ ဘာကြောင့်လဲ။ ပထမလှိုင်းနဲ့ ငြိမ်သက်နေပြီးသားကို ဘယ်သူတွေက ဒုတိယလှိုင်းကို ခေါ်ဆောင်လာတာလဲ။ ဘယ်သူတွေမှာ အပြစ်ရှိသလဲ။

ရခိုင်ပြည်နယ်မှာ စတွေ့တဲ့ လူနာလား။

ဒုတိယလှိုင်းရဲ့အစက ရခိုင်ပြည်နယ်မှာ လူနာစတွေ့ရာက စတာပါပဲ။ ပြည်ပခရီးသွားရာဇဝင်မရှိ၊ ရောဂါရှိလူနာနဲ့ ထိတွေ့မှုမရှိတဲ့ လူနာပေါ့။ ပထမဆုံး ပြည်တွင်းကူးစက်မှုလို့ ပြောလို့ရပါတယ်။ ပြည်တွင်းမှာ ရှိနေပြီးသား လူနာဆီက ကူးတာလား။ ဒါမှမဟုတ် ပြည်ပက ဝင်လာတဲ့သူဆီက ကူးတာလား။ ဘယ်သူမှ မသိပါဘူး။

ဒါပေမယ့် ဒီက စလို့ ရခိုင်ပြည်နယ်မှာ ဒုတိယလှိုင်းရဲ့ အစပြုရာလို့ဆိုလို့ရတဲ့ လူနာတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ ဒီတော့ ဒီလူနာကို အပြစ်တင်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ သူလည်း အကူးခံချင်မှာ မဟုတ်သလို၊ ဘယ်ကကူးလဲ၊ ဘယ်တုန်းကကူးခဲ့လဲ ဆိုတာတောင် သိလိုက်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်လူနာက ပြည်တော်ပြန်ပါ။ သူ့တုန်းကလည်း လူတွေက အပြစ်တင်တဲ့ ပုံစံမျိုးတွေ၊ နောက်ထပ်ပြန်လာတဲ့ ပိုးရှိတဲ့ ပြည်တော်ပြန်တွေကိုလည်း အပြစ်တင်တဲ့ စကားတွေ ပြောဆိုခဲ့ပါတယ်။ ပြန်မလာသင့်ဘူးတို့ ဒုက္ခရောက်မှ ပြန်လာတယ်တို့ပေါ့။ စဉ်းစားကြည့်ရင် ကိုယ်သာဆိုရင်လည်း ပြန်လာမှာပါပဲ။
စားဝတ်နေရေးကြောင့် သူများဆီမှာ အလုပ်လုပ်နေကြပေမယ့် ဒုက္ခရောက်တဲ့အချိန်ဆို မိသားစုနဲ့ပဲ နေချင်တာ သဘာဝပါ။

ဒီလူနာနှစ်ယောက်လုံးကို ကြည့်မယ်ဆိုရင် သူတို့တွေဟာ တခြားလူနာတွေလို ပိုးရှိလူနာသက်သက်ပါပဲ။ တမင်သက်သက် ကူးပါစေတော့ဆိုပြီး လိုက်ဖြန့်ခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေမှာ အပြစ်မရှိပါဘူး။ ဒီတိုင်းနေရင်တောင် ရောဂါပိုးရှိနေလို့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ဖြစ်နေတဲ့ အချိန်မှာ ထပ်ပြီး အပြစ်မတင်ကြပါနဲ့။ အစကတည်းက သူများအပြစ်ပြောတာ ခံရမယ့် သူတွေ မဟုတ်ပါဘူး။

အစိုးရ ကိုင်တွယ်ပုံကြောင့်လား။

ပထမလှိုင်းတုန်းက သူများတွေမှာ ဖြစ်နေတာတွေ ကြည့်ပြီးတော့ သေသေချာချာ ပြင်ဆင်ချိန်ရပါတယ်။ အိမ်မှာပဲ stay home နေဖို့ရော၊ နှာခေါင်းစည်းတပ်ဖို့ရော၊ လက်ဆေးပုံကအစ ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပါပိတ်ပြီးတော့ပေါ့။ အလုပ်တွေလည်း တတ်နိုင်သမျှ အိမ်ကနေ လုပ်ခဲ့ကြပါတယ်။

ပထမလှိုင်းငြိမ်ပြီး ဒုတိယလှိုင်း မတိုင်ခင်မှာ တော်တော်များများကို ဖြေလျှော့ပေးခဲ့ပါတယ်။ စားသောက်ဆိုင်တွေမှာ စည်းနဲ့ ကမ်းနဲ့ ထိုင်စားလို့ရလာတယ်။ အလုပ်တွေလည်း စနစ်တကျ ပြန်ဖွင့်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်တစ်ခုတည်း ဒုက္ခမှ မဟုတ်တာပဲလေ။
ဗိုက်ဆာလို့ စားစရာမရှိတာလည်း ဒုက္ခပဲ၊ ပိုက်ဆံမရှိတာလည်း ဒုက္ခပဲ။ သာမန်လူတွေအတွက်က သိပ်မသိသာပေမယ့် တစ်နေ့လုပ် တစ်နေ့စားသမားတွေအတွက်က သိသာပါတယ်။
ဒါတွေကိုပါ ထည့်ပြီး စဉ်းစားရပါတယ်။

ခုဒုတိယလှိုင်းမှာလည်း stay homeလုပ်တာနောက်ကျလို့၊ ဆိုင်တွေကို ခွင့်ပြုနေသေးလို့၊ lock downမချသေးဘူးလား စသဖြင့် ပြောကြပါတယ်။ အများနဲ့ အလုပ်လုပ်နေရတဲ့ အချိန်မှာ အများအတွက် ထည့်စဉ်းစားပေးရပါတယ်။ စီးပွားရေးကို ခုမှ ပြန်စရုံရှိသေး ပြန်ပိတ်ရတဲ့အခါ ပိုင်ရှင်တွေက သိပ်မထိပေမယ့် သူ့ကို မှီခိုနေရတဲ့ အလုပ်သမားလေးတွေ ထိပါတယ်။ အလုပ်မလုပ်ဘဲ ဘယ်သူမှ လစာအကြာကြီး မပေးထားနိုင်ပါဘူး။

လူတွေကလည်း အကြာကြီး နေပြီးမှ အပြင်ပြန်ထွက်ရတဲ့အခါ အရသာကို သိနေပြီမို့လို့ အိမ်မှာနေဆိုရင် သိပ်ပြီး စကားနားမထောင်ချင်ကြတော့ပါဘူး။ နောက်တစ်ခုက ကိုဗစ်က ဘယ်အချိန် ပြီးမလဲ ဘယ်သူမှ မသိပါဘူး။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ဘယ်တော့ရမလဲ ဘယ်သူမှ မသိပါဘူး။ ဒါကြောင့် ရေရှည်မှာ ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ခြင်း new normal life ဆိုတာကို ပြောလာကြတာပါ။

ရောဂါတွေ သိပ်ဆိုးလာရင် ပိတ်မယ်။ နည်းနည်းထိန်းချုပ်နိုင်ပြီဆိုရင် ပြန်ဖြေလျှော့ပေးမယ်။ ဒီလို အလျှော့အတင်းလေးနဲ့ပဲ သွားဦးရမှာပါ။ ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီလိုပဲ လုပ်ပါတယ်။ ဒါကြောင့် ဖြေလျှော့ပေးလိုက်လို့ ရောဂါပိုးတွေ ပိုပြန့်လာတယ်လို့ အပြစ်ပြောဖို့ ခက်ပါတယ်။ ကိုဗစ်နဲ့ကတော့ ဒီလိုပဲ တင်းလိုက် လျှော့လိုက် new normalမှာ ကျင့်သားရအောင် နေရမှာပါ။ ကိုဗစ်အပြင် တခြား အရေးကြီးတာတွေ ရှိသေးတာကိုး။

ပြည်သူတွေကြောင့်လား

တချို့ကလည်း နင်တို့က လျှောက်သွားနေတာကိုး။ ပိုးတွေ ပါလာမှာပေါ့ဆိုပြီး အချင်းချင်း အပြစ်တင်ကြပါတယ်။ အပြင်သွားတယ်ဆိုတဲ့ နေရာမှာ အလုပ်ကြောင့် သွားတာရှိသလို ဒီတိုင်းထွက်ကြတာလည်း ရှိပါတယ်။ ပထမလှိုင်းတုန်းက အိမ်တွင်းအောင်းပြီးမှ အပြင်ပြန်ထွက်ရတဲ့ အရသာကို သိလာတဲ့အတွက် ထိန်းဖို့ နည်းနည်းခက်ပါတယ်။

ဒါကြောင့် ရောဂါပိုးတွေ့တာတွေ များနေတဲ့ အချိန်မှာ တစ်ပတ် နှစ်ပတ်လောက် အိမ်တွင်းအောင်း၊ ပြီးရင်ပြန်ထွက် အလုပ်လုပ် ဒီလိုပဲ သွားနေမှာပဲ။ ကိုဗစ်ပြီးမှ အပြင်ထွက်ကြမယ်ဟေ့ဆိုရင် လူတွေရဲ့ စီးပွားရေးရော၊ စိတ်ပိုင်းဆိုင်ရာမှာ ချွတ်ချုံကျသွားမှာပါ။ ဒါကြောင့် ပြည်သူအချင်းချင်းလည်း အပြစ်မတင်ကြပါနဲ့။ အရေးကြီးတာက ဘယ်တော့မှ ပြီးမလဲမသိတဲ့ ကိုဗစ်ကို new normalနဲ့ ရင်ဆိုင်တာ အကောင်းဆုံးပါပဲ။

အပြင်သွားရင် နှာခေါင်းစည်းတပ်မယ်။ လက်ဆေးမယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေမယ် စသဖြင့်ပေါ့။ ဒီစည်းကမ်းတွေကို လိုက်နာနေရင်တော့ ကိုဗစ်နဲ့ ယှဉ်တွဲပြီး နေနိုင်မှာပါ။

အပြစ်တွေ တင်တဲ့အခါ

လူရဲ့ စိတ်ကိုက ဒုက္ခရောက်နေတဲ့အချိန်မှာ ရမယ်ရှာတတ်ပါတယ်။ ကြုံဖူးကြမှာပါ။ အမေနောက်ဖေးမှာ ပန်းကန်လွတ်ကျလို့ ကွဲသွားရင်တောင် နင်ငါ့နား လာရပ်နေလို့ ကွဲတာဆိုသလိုပေါ့။ ကိုယ့်ကြောင့် မဟုတ်ဘူးဆိုတာကို ပြဖို့ သူများကို အပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ သူ့မှာရော ကိုယ့်မှာပါ အပြစ်မရှိပါဘူး။ မလိုအပ်ဘဲ အပြစ်တွေ ဖို့တဲ့အခါ

  • ကွာရန်တင်းဝင်ရမယ့်သူက ကြောက်လို့ မပြောတော့ဘူး။
  • ခရီးသွားရာဇဝင်တွေ လိမ်လာကြတယ်။
  • ဖျားနေရင်တောင် ဆေးသောက်ပြီး မဖျားပါဘူး ပြောလာကြတယ်။
  • ရှေ့တန်းက လုပ်ပေးနေတဲ့သူတွေလည်း ငါတို့ ဒီလောက်လုပ်ပေးတာတောင် အပြစ်ပြောခံရပါလားဆိုပြီး အားတွေ လျော့လာတယ်။

ဒါကြောင့် ကိုဗစ်ကာလမှာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မတင်ကြပါနဲ့။ ဒီရောဂါပိုးဟာ သဘာဝအတိုင်းပါပဲ။ လူတိုင်း၊ နိုင်ငံတိုင်း ခံရတာပါ။ ကပ်ဆိုးကြီးကြောင့် မသိစိတ်ထဲမှာ ကြောက်စိတ်တွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နေကြပါပြီ။ ဖွင့်သာ မပြောကြတာပါ။ ဒါကြောင့် အချင်းချင်း အပြစ်တင်မယ့်အစား ဖေးမပါ။ လူနာတွေကို အပြစ်တင်မယ့်အစား အားပေးပါ။ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ဒီလိုပဲ ကံအကြောင်းမလှလို့ ဖြစ်သွားကြတာပါ။

ငါလည်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ကိုယ်ချင်းစာပေးပါ။ ကိုဗစ်အတွက် တရားခံဆိုတာ မရှိပါဘူး။ တရားခံမရှာပါနဲ့။ ဖြေရှင်းနည်းပဲ ရှာကြပါလို့ အကြံပြုတိုက်တွန်းလိုက်ပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလမှာ ဝိတ်ချသင့်ရဲ့လား။ ကိုယ်ခံအားကျမှာလည်း ကြောက်ရသေးတယ်။ အဝလွန်ရင်တော့ ကိုယ်အလေးချိန်ချသင့်ပါတယ်။ အလွန်အကျွံမချပါနဲ့။ အာဟာရပြည့်အောင်စားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 2 mins read

COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

COVAX ဆိုတဲ့ အဖွဲ့အစည်းက COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလို ရောဂါဘယ တွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့ အချိန်မှာ ကိုယ်ခံ အား (immunity) ကောင်းမွန်ဖို့ က အရေး ကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေကို ဒီနည်းလမ်းတွေနဲ့ ထိန်းကျောင်းပါ။

ကိုဗစ်ကာလ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု New norma အိမ်မှာပဲနေ ကလေးစိတ်ကျန်းမာရေး Covid-19 ဂျီကျ အကောင်းမြင် စိတ်ဖြေလျှော့ လက်ဆေး နှာခေါင်းစည်းတပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
COVID-19 ကြောင့် အနံ့ပျောက်ခြင်း

COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

WHO အကြီးအကဲပြောပြတဲ့ ဒီနှစ်ကုန် ရနိုင်ဖွယ်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်ရောင်ခြည်အသစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read