ကိုဗစ်ကာလမှာ စည်သွပ်ဘူးပိတ်အစားအစာတွေကို ပြန်စားနေမိပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 2 mins read
Share now

ခုလို ကိုဗစ်ကပ်ဘေးဆိုက်နေတဲ့ ကာလမျိုးတွေမှာ ငွေရေးကြေးရေးသာမက စားဝတ်နေရေး ပြင်ဆင်တဲ့နေရာမှာ တော်တော်လေး အလုပ်ရှုပ်ပြီး ကသီရပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်ကို လွတ်လွတ်လပ်လပ် သွားလာပြီး အရင်လို စျေးမဝယ်နိုင်တော့တာ၊ ကုန်စျေးနှုန်းတွေ တက်လာတာ၊ အလုပ်ခွင်ရပ်နားမှုကြောင့် ဝင်ငွေနည်းသွားတာတွေက တရားခံပါပဲ။

ခုလိုမျိုး အိမ်မှာပဲ နေပြီး ရှိတာလေးနဲ့ ဖြစ်သလိုလုပ်စားနေကြတဲ့သူတွေ များလာတာနဲ့အမျှ စည်သွပ်ဘူးပိတ် အစားအစာတွေကို ဝယ်ယူမှုဟာ အရင်ကထက် ပိုများလာတာကို သတိထားမိတဲ့အတွက် ဒီဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ခုလိုမျိုး Covid-19 ကာလမှာဆိုရင် အလွယ်တကူ စျေးဝယ်ထွက်မရတာကြောင့် စည်သွပ်ဘူးပိတ် အစားအစာတွေကို အိမ်မှာသိမ်းဆည်းထားပြီး စားသုံးကြတဲ့သူတွေ ပိုများလာပါတယ်။

စည်သွပ်ဘူးပိတ်အစားအစာ ဖြစ်ပေါ်လာပုံ

အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီး ကြာရှည်မခံဘဲ ပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲ အလုံပိတ်ကာ လေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲ ရက်ပေါင်းများစွာ ခရီးထွက်နေရတဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။

အရင်ဆုံး စားစရာကို လိုသလို လှီးစိတ်ကာ စည်သွပ်ဘူးထဲ ထည့်ပါတယ်။ ပြီးသွားတော့မှ စည်သွပ်ဘူးထဲ ပိတ်ပြီး အပူပေးကာ မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို သတ်ပစ်ပြီး မပုပ်သိုးသွားစေဖို့ ပြုလုပ်ရပါတယ်။ စည်သွပ်ဘူးတွေဟာ ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်အခန်းအပူချိန်မှာ ထားထားရင်တောင် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅နှစ်အထိ မပျက်စီးဘဲ သိမ်းဆည်းထားနိုင်ပါတယ်။ အများစုကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ချက်ပြီးသားအသားဟင်းတွေ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ အသားစိမ်း၊ ပင်လယ်စာတွေကို ထုပ်ပိုးသိမ်းဆည်းတတ်ကြပါတယ်။

အာဟာရတန်ဖိုးပြောင်းလဲမှုရှိသလား။

စည်သွပ်ဘူးထဲ အလုံပိတ်ထားတဲ့အခါ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတဲ့ အာဟာရတန်ဖိုးဟာ လျော့နည်းသွားခြင်းမရှိပါဘူး။ ဗီတာမင် ဘီ နဲ့ ဗီတာမင် စီလိုမျိုး ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ်တွေကတော့ ပြင်းထန်စွာ အပူပေးလိုက်တဲ့အခါ အနည်းငယ်လျော့သွားနိုင်ပါတယ်။ ဒီတော့ အာဟာရတန်ဖိုးဟာ ပြောင်းတာလည်း ရှိသလို မပြောင်းလဲဘဲ နဂိုအတိုင်း ရှိနေတာမျိုးလည်း ရှိနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေနဲ့ ယှဉ်လိုက်ရင်တော့ စည်သွပ်ဘူးပိတ် အစားအစာတွေဟာ အာဟာရတန်ဖိုး သိသိသာသာ နည်းသလို အချိုမှုန့်၊ ဆားနဲ့ သကြားတွေကို အလွန်အကျွံ သုံးစွဲထားတဲ့အတွက် ရေရှည်မှာ ကျန်းမာရေးအတွက်တော့ ဒုက္ခကောင်းကောင်း ဖြစ်စေနိုင်မှာပါ။ ဒါ့အပြင် ကြာရှည်ခံအောင် ဓာတုဗေဒနည်းစနစ်နဲ့ ပြုပြင်ထားတဲ့အစားအစာဖြစ်တာကြောင့် ကင်ဆာရောဂါတွေပါ ဖြစ်နိုင်ပါတယ်နော်။

ကိုဗစ်ကာလနဲ့ စည်သွပ်ဘူးအစားအစာ ချက်ပြုတ်စားသုံးခြင်း

ခုလို ကိုဗစ်ကာလအခြေအနေအရ ကြည့်မယ်ဆိုရင် စည်သွပ်ဘူးကို အိမ်မှာ လိုလိုမည်မည် ​ဆောင်ထားလို့ရပါတယ်။ မြန်မာနိုင်ငံက ကိုဗစ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေဟာ ကြိုတင်စီစဉ်ခြင်းမရှိဘဲ ရုတ်တရက် ချမှတ်လိုက်တာဖြစ်တဲ့အတွက် လုံးဝအပြင်ထွက်ခွင့်မရတဲ့ Lockdown အခြေအနေရောက်သွားရင်တော့ စျေးသွားဝယ်၊ အစားအစာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်လို့ ရမှာမဟုတ်တဲ့အတွက် စည်သွပ်ဘူးပိတ် အစားအစာတွေကို မလွှဲသာမရှောင်သာ စားသုံးရမှာပါ။

ခုချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ကျော်ပြီး သွားလာခွင့်မရတဲ့ အမိန့်သာရှိပြီး အပြင်လုံးဝထွက်ခွင့်မရတာမျိုး၊ စျေးသွားဝယ်လို့ မရတဲ့အထိ ပိတ်ပင်လိုက်တာမျိုးတော့ မရှိသေးပါဘူး။ ဒါကြောင့် သတိနဲ့ Mask တပ်ပြီး စျေးဝယ်ထွက်ရင်း အရင်လို ချက်ပြုတ်လို့ ရပါသေးတယ်။ စည်သွပ်ဘူးတွေကို မဖြစ်မနေ စားမယ်ဆိုရင်တော့ တစ်ပတ်မှာ တစ်ရက်လောက်သာ စားသုံးဖို့  အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိသတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

ကိုယ်ဝန်ဆောင်မိခင် ကနေ ကလေးဆီကို ကိုဗစ်ပိုးကူးစက်တာမျိုး မတွေ့ရသေးပေမယ့် မိခင်တွေဟာ ကူးစက်ခံရရင် သူများထက် အန္တရာယ်ရှိတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်တွေမှာ မျိုးကွဲအများကြီးရှိပြီး MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မားစ်၊ ဆားစ်နဲ့ COVID-19ကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

COVID-19အကြောင်း တစေ့တစောင်း

COVID-19အကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 3 mins read
ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 3 mins read