ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

တစ်နေ့ထက်တစ်နေ့ ကင်ဆာဖြစ်တဲ့နှုန်းတွေတိုးလာနေပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထား၊နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ကင်ဆာရောဂါတွေဖြစ်ပွားနေရတာပါ။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းရှိတာပေါ့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမှုကနေတဆင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသတဲ့။ ကာကွယ်ခြင်း ကကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရအောင်ပါ။

ကင်ဆာဆိုတာ

ကင်ဆာဆိုတာက ခန္ဓါကိုယ်က ဆဲလ်တွေထိန်းချုပ်လို့မရအောင်ကြီးထွားလာပြီး အကျိတ်တွေအဖြစ်နဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းအနှံ့ကိုပြန်ပွားသွားတဲ့ရောဂါတစ်မျိုးပါ။ ကင်ဆာအမျိုးအစားပေါင်း ၂၀၀လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ကင်ဆာရောဂါတွေထဲမှာမှ အရေပြားကင်ဆာရင်သားကင်ဆာအသည်းကင်ဆာသားအိမ်ခေါင်းကင်ဆာေတွက အဖြစ်များပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

ဆေးလိပ်ဖြတ်ပါဆေးလိပ်ဆေးရွက်ကြီးကနေထုတ်ထားတဲ့ အရာတွေကိုရှောင်ရှားပေးပါ။ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေကိုရှောင်ရှားပေးပါ။ တဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့တွေကိုပါရှောင်ရှားနိုင်အောင်လုပ်ဆောင်ပါ။

ကျန်းမာတဲ့ စားသောက်မှုပုံစံမွေးမြူပါ –အစားအစာတွေကနေတဆင့်လည်း ခန္ဓါကိုယ်ကျန်းမာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။နေ့စသ်စားသုံးတဲ့ အစာအစာတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင်စားသုံးပါ။ အနီရောင်အသားတွေကို အများကြီးမစားပါနဲ့။ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

အချိုအများကြီးမစားပါနဲ့ – ခန္ဓါကိုယ်မှာ စွမ်းအင်ပြည့်ဝဖို့အတွက် အချိုဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အချိုအများကြီးမစားဖို့ပြောပါရစေ။ အချုအများကြီးစားတဲ့အခါ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကင်ဆာရောဂါပါဖြစ်စေနိုင်တာကြာင့်ပါ။ အချိုရည်တွေ၊ အချိုကဲတဲ့ အစားအစာတွေကို အလွန်အကျွံမစားသုံးပါနဲ့။

အရက်ဖြတ်ပါအရက်ကိုလုံးဝ မဖြတ်နိုင်ရင်တောင်လျှော့သောက်ပါ။ အယ်လ်ကိုဟောတွေကို အလွန်အကျွံသောက်သုံးတာက ရင်သားကင်ဆာအူမကြီးကင်ဆာအဆုတ်၊ကျောက်ကပ်နဲ့ အသည်းကင်ဆာရောဂါတွေကိုဖြစ်စေနိုင်တာကြောင့်ပါ။

လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးပါလက်ဖက်စိမ်းရေနွေးကြမ်းက နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို ကင်ဆာရောဂါတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာကော်ဖီထက် ကဖင်းဓါတ်ပိုမိုပါဝင်နေပြီး ခန္ဓါကိုယ်ကိုလည်း လန်းဆန်းတက်ကြွနေစေမှာ အသေအချာပါ။

ငါးစားပေးပါ တစ်ပတ်ကို ၄ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်နဲ့အထက်လောက်ငါးစားပေးပါ။ ဆယ်လ်မွန်ငါးလိုမျိုး ငါးကို တစ်ပတ် ၄ ကြိမ်လောက်စားသုံးပေးရုံနဲ့သွေးကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။

တမာစားပေးပါ – တမာတစ်ပင်လုံးကဆေးဖက်ဝင်တာပါ။ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ချင်တယ်ဆိုရင်တော့နေ့စဉ် တမာရွက်၊တမာသီးလိုမျိုး အရာတွေကို နည်းနည်းဖြစ်ဖြစ်စားသုံးပေးပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေနိုင်ပါတယ်။ တစ်ပတ်တာမှာ ၇၅ မိနစ်ကနေ မိနစ် ၁၅၀လောက်အထိပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာက အူမကြီးကင်ဆာနဲ့ရင်သားကင်ဆာကို ကာကွယ်ပြီးဖြစ်ပါတယ်။

နေရောင်ခြည်ရရှိပါစေ -နေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D က ဆဲလ်တွေကြားမှာ ချိတ်ဆက်မှုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းနေမယ်ဆိုရင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်၊ သားဥအိမ် နဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေနိုင်တာကြောင့်နေ့စဉ် မနက်ခင်းနေရာင်ခြည်ကို ၁၅ မိနစ်လောက် ခ့ယူပြီး လိုအပ်တဲ့ ဗီတာမင် D ကိုရယူပေးပါ။

ညအိပ်တဲ့အခါ အမှောင်ချထားပါ – ညဘက်အိပ်တဲ့အချိန်မှာ အလင်းရောင်နဲ့ထိတွေ့မှုက အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာနဲ့ရင်သားကင်ဆာတွေဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အခါ အခန်းကို အမှောင်ချအိပ်ရင်း ကင်ဆာအန္တရာယ်ကနေ ကာကွယ်လိုက်ပါ။

အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းနေ့စဉ်လူနေမှုပုံစံကိုပြောင်းလဲပြီး ကင်ဆာကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်မြန်မြန်ရနိုင် စေဖို့ နည်းလမ်းကောင်းများ

ကိုယ်ဝန်မြန်မြန်ရနိုင် ပါ့မလား၊ ရတဲ့ ကိုယ်ဝန်လေးကလည်း ကျန်းမာပါ့မလားဆိုရင်တော့ ဒီအချက်တွေကို ကိုယ်ဝန်ဆောင်မယ့် မေမေသာမက အမျိုးသားပါ လိုက်နာဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
Uncategorized ဇန်နဝါရီ 18, 2021 . 2 mins read

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read