backup og meta

ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

    ကိုယ်တွင်းမှာ အရည်စုပြီး ဖောရောင်လာတယ်ဆိုတဲ့ ကိစ္စမျိုးကို လူတိုင်းကြားဖူးကြမှာပါ။ ကိုယ်ပေါ်က တစ်နေရာရာ ဖောင်းလာပြီဆိုတာနဲ့ ဖောနေတာပဲ လို့သာ လွယ်လွယ်ပြောလိုက်ကြတာပါ။ ဖောရောင်ခြင်းမှာလည်း သူ့ အမျိုးအစားသူ ရှိပါတယ်။ ဖြစ်တဲ့အကြောင်းအရာနဲ့ နေရာတွေပေါ်လိုက်ပြီး ဖောရောင်ခြင်း အမျိုးအစားတွေ ကွဲပြားသွားရတာဖြစ်ပါတယ် ။ ဒီတော့ ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။ ဆိုတာ လေ့လာလိုက်ရအောင်နော်။

    ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။

    ဖောရောင်ခြင်း ဘယ်နှစ်မျိုးရှိလဲ ။ ။ ဆိုတော့ ကွဲပြားခြားနားသော ဖောရောင်ခြင်း အမျိုးအစားများ ကတော့

    ( ၁ ) Peripheral edema ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံ အပိုင်းများတွင် ဖောရောင်ခြင်း ။ ။

    ကိုယ်ခန္ဓါရဲ့ အပြင်ဘက်ဆုံး အပိုင်းတွေဆိုတာ ခြေထောက်၊ ခြေဖဝါး၊ ခြေကျင်းဝတ်တို့ကို ဆိုလိုချင်တာပါ။ ဒီလိုနေရာတွေမှာ ဖောရောင်တာဖြစ်ရခြင်းကတော့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်ကြော လည်ပတ်မှု စနစ်မှာ ပြဿနာတက်တာကြောင့် နဲ့ ကျောက်ကပ်ရောဂါကြောင့် ဖြစ်ရတာပါ။

    ( ၂ ) Pedal edema

    ဒါကတော့ ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးမှာ အရည်တွေစုပြီး ေဖာရောင်တာကို ခေါ်တာပါ။ အသက်ကြီးတဲ့လူတွေနဲ့ ကိုယ်ဝန်သည်တွေ မှာ ပိုအဖြစ်များပါတယ်။

    ( ၃ ) Lymphedema.

    ကိုယ်တွင်းဝင်လာတဲ့ ရောဂါပိုးတွေကို စစ်ထုတ်တဲ့တာဝန်နဲ့ ကိုယ်တွင်းက မလိုတဲ့ပစ္စည်းတွေကို စွန့်ထုတ်တဲ့ တာဝန်တွေယူထားရတဲ့ ကိုယ်တွင်းက ပြန်ရည်ကြော အဖုလေးတွေ ထိခိုက်မိတဲ့အခါမှာ လက်နဲ့ခြေထောက်တို့မှာ အရည်တွေစုပြီး ဖောလာတတ်ပါတယ်။ ဒီလို ပြန်ရည်ကြော အဖုလေးတွေကို ထိခိုက်စေတဲ့ အကြောင်းတွေကတော့ ကင်ဆာကိုယ်တိုင်နဲ့ သူ့ကို ကုသတဲ့နည်းတွေဖြစ်တဲ့ ခွဲစိတ်ခြင်းတို့၊ ဓါတ်ကင်တာတို့ပဲ ဖြစ်ပါတယ်။

    ( ၄ ) Pulmonary edema အဆုတ်အတွင်း အရည်စုခြင်း

    အဆုတ်ထဲက လေအိတ်လေးတွေထဲ အရည်တွေစုနေပြီဆိုရင် သင့် အဆုတ်ထဲမှာ အရည်တွေ စုနေပါပြီ။ သူ့ရဲ့ လက္ခဏာတွေကတော့ အသက်ရှူရခက်တာ၊ လှဲလိုက်ရင်ပိုဆိုးတာ၊ အသက်ရှူမြန် နေတာ၊ ရင်ကြပ်သလိုဖြစ်နေတာ၊ ချောင်းဆိုး သွေးပါတာတွေပဲ ဖြစ်ပါတယ်။

    ( ၅ ) ဦးနှောက်အတွင်း အရည်စုခြင်း

    ခေါင်းကို ထိခိုက်မိတဲ့အခါ ၊ဦးနှောက်မှာ ကင်ဆာ အကျိတ်တည်ပြီး သွေးကြောတွေကို ဖိမိတာကြောင့် သွေးကြောဖောင်းတာ ၊ ပေါက်တာတွေကနေ ဦးနှောက်အတွင်း အရည်စုတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

    ( ၆ ) Macular edema ( မျက်လုံးတွင်း အရည်စုခြင်း )

    မြင်လွှာရဲ့ အလည်တည့်တည့်မှာရှိတဲ့ macula လို့ခေါ်တဲ့ အလင်းကို အာရုံခံနိုင်တဲ့ အစိတ်အပိုင်းက သွေးကြောလေးတွေ ထိခိုက်မိသွားရာကနေ မျက်လုံးတွင်း အရည်စုလာတာကို ပြောတာဖြစ်ပါတယ်။

    ( ၇ ) Angioedema

    Angioedema ဆိုတာ အရေပြားအောက်မှာ အရည်တွေစုပြီး ဖောရောင်တာကို ခေါ်တာဖြစ်ပါတယ်။ အင်ပြင်လိုမျိုး အရေပြား အပေါ်လွှာကို ထိတာမဟုတ်ဘဲ အရေပြားရဲ့ အတွင်းပိုင်းမှာ အရည်တွေစုတာဖြစ်ပါတယ်။ Angioedema ကို မျက်နှာပေါ်မှ ာအများစု တွေ့ရတတ်ပါတယ်။

    ( ၈ ) Dependent edema

    Dependent edema ဆိုတာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားပေါ်မူတည်ပြီး ဆွဲအားအများဆုံးနေရာမှာ အရည်အစုဆုံးကို ခေါ်တာပါ။ ထနေရင် ခြေထောက်မှာ အဖြစ်များပြီး လှဲအိပ်တဲ့အခါ တင်ပါးနဲ့ လက်တို့မှာ ဖြစ်တတ်ပါတယ်။

    ( ၉ ) Scrotal lymphedema

    ကပ္ပယ်အိတ်အတွင်းမှာရှိတဲ့ ပြန်ရည်ကြောလေးတွေ ဖောင်းပြီးတင်းလာရာကနေ အရည်တွေစုလာပြီး ဝှေးစေ့ပတ်ပတ်လည်မှာ အရည်တွေ စုနေတာကို ပြောတာပါ။

    ဒါတွေကတော့ ဖောရောင်ခြင်း အမျိုးအစားတွေဖြစ်ပါတယ်။ ဖောရောင်တဲ့ ပြဿနာ နေရာနဲ့လိုက်ပြီး သူ့ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေရှိတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဘာ့ကြောင့် ဖြစ်ရလဲဆိုတဲ့အကြောင်းကို အဖြေရှာဖို့တော့လိုလိမ့်မယ်နော် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement