လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း

သွေးကြောပေါက် လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးထွက်လာတဲ့အခါ ဦးနှောက်ဟာ ရောင်လာပြီး ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပါတယ်။ လေဖြတ်ခြင်းရဲ့ ၁၃%ခန့်ဟာ သွေးကြောပေါက်လို့ လေဖြတ်ရခြင်း ဖြစ်ပါတယ်။ ဘယ်အရာတွေက သွေးကြောပေါက် လေဖြတ်ခြင်း ဖြစ်စေသလဲ အဓိကဖြစ်စေတဲ့ အရာများကတော့ ဦးနှောက်ဒဏ်ရာရခြင်း သွေးတိုးခြင်း သွေးကြောဖောင်းလာခြင်း ပုံမှန်မဟုတ်သော သွေးကြောများ သွေးရောဂါများ (hemophillia၊ sickle cell anemia စသည်) အသည်းအလုပ်မလုပ်ခြင်း ဦးနှောက်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေက ဘာတွေလဲ စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း ကိုယ်ခန္ဓာ တစ်ဖက်ဖက်တွင် ခြေလက်အားနည်းခြင်း မျက်လုံးတစ်ဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း ပြင်းထန်စွာခေါင်းကိုက်ခြင်း အန်ခြင်း မူးဝေခြင်း ကောင်းကောင်းမရပ်နိုင်ခြင်း လမ်းလျှောက်ရခက်ခြင်း စတာတွေ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ်နှစ်တိုင်း လူ ၈သိန်းနီးပါးဟာ လေဖြတ်ခြင်းဒဏ် ခံစားရပြီး လေးပုံသုံးပုံခန့်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာတာလို့ သိရပါတယ်။ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းကတော့ အားလုံးရဲ့ ၈၅%ခန့် ရှိပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဟာ သွေးရရှိတာ နည်းသွားပါတယ်။ သန်းပေါင်းများစွာသော လူသားတို့ဟာ ဒီလေဖြတ်ခြင်း အမျိုးအစားကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ ၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။ ဥိးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။ ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ သွေးခဲဟာ ဦးနှောက်ထဲ ရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့မတော်တဆထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်လေဖြတ်ခြင်းကို အဓိကထား ပြောသွားပါမယ်။ အမေရိကန်မှာ လေဖြတ်ပြီးသေဆုံးသူများရဲ့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်သူများကို ပြုစုစောင့်ရှောက်သူများအတွက် နေ့စဉ်ပြုဖွယ်ရာစာရင်း

သင့်အနေနဲ့ လေဖြတ်ပြီး နာလန်ထစ လူနာတယောက်ကို ပြုစုရတဲ့အခါ သင့်ရဲ့အဓိက ဦးတည်ချက်တခုကတော့ လူနာကို တတ်နိုင်သလောက် အမှီအခိုကင်းကင်း ပြန်ပြီး နေထိုင်နိုင်အောင် ဖြစ်ပါတယ်။ ပြုဖွယ်ရာစာရင်းဟာ သင့်ကို ကူညီနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ခြင်း လူနာကို သွားတိုက်နိုင်အောင် ကူညီတဲ့အခါ လက်ကိုင်ရှည်တဲ့ သွားပွတ်တံကို အသုံးပြုပါ။ အလွယ်တကူ ဖွင့်နိုင်တဲ့ သွားတိုက်ဆေးဘူးကို သုံးပါ။ သူတို့ကို လက်တဖက်တည်းနဲ့ သုံးနိုင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းများ ပုလင်းများကို အလွယ်တကူ ကောက်ယူနိုင်ပြီး လက်တဖက်တည်းနဲ့ သုံးနိုင်အောင် ထားပါ။ စားပွဲပေါ်မှာ စုပ်ခွက်များကပ်ပြီး လုံခြုံစွာထားပါ။ လက်တဖက်တည်းနဲ့ ကိုင်နိုင်ပြီး ၎င်းလက်နဲ့ပဲ ဖွင့်ပတ်လုပ်နိုင်တဲ့ ခရီးဆောင် ဘူးလေးများထဲ အရည်များကိုထည့်ပါ။ လျှပ်စစ်မုတ်ဆိတ်ရိတ်ဆက်ဟာ ဘလိတ်ဓါးထက် ဘေးကင်းပါတယ်။ ရေချိုးခြင်း ရေချိုးကန်ဟာ ရေပန်းနဲ့ချိုးတာထက် ပိုပြီး ခက်ခဲစေပါတယ်။ ရေချိုးကန်သုံးရမယ်ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ခုံကို သုံးသင့်ပါတယ်။ ဘေးအန္တရာယ်ကင်းဖို့အတွက် လက်ကိုင်တန်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မွေးကင်းစကလေး လေဖြတ်ခြင်း

လူအများစုက လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေ ဖြစ်တာလိုပပဲ ထင်ကြပါတယ်။ ဒါပေမယ့် မွေးကင်းစတွေမှာလည်း သက်ကြီးပိုင်းတွေလိုပဲ လေဖြတ်နိုင်ပါတယ်။ မွေးပြီးစ ၂၈ ရက်အတွင်းမှာ လေဖြတ်ခြင်းဟာ တွေ့ရများတတ်ပြီး မိဘတွေ သတိမထားမိဘဲရှိတတ်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းဟာ သတိမပြုမိဘဲ နေတတ်ပြီး ကုသခြင်း မပြုမိကြပါဘူး။ လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားခြင်း၊ လျော့နည်းသွားခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်ပြီး လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်ပြီး လေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်းဟာ ဦးနှောက်သွေးကြော အတွင်းမှာ သွေးခဲပိတ်ဆို့သွားလို့ သွေးစီးဆင်းမှုလျော့နည်းသွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ကလေးတွေ အထူးသဖြင့် မွေးကင်းစအရွယ်တွေမှာဖြစ်တတ်တဲ့ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ သွေးပြန်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်းနဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲပိတ်လို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးကြောပေါက်၍ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကြောင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

သိမြင်နားလည်ခြင်းဆိုတာ ဦးနှောက်ဟာ အာရုံ၅မျိုး (အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ) ကနေ သတင်းအချက်အလက်တွေ လက်ခံစိစစ်တဲ့ နည်းလမ်းကို ဆိုလိုပါတယ်။ လေဖြတ်ခြင်းဟာ သင့်ရဲ့သိမြင်နားလည်ခြင်းကို သိသာစွာ ပြောင်းလဲသွားစေပါတယ်။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကတော့ အရေပြားထုံနေခြင်း သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်း အပါအဝင် အရာဝတ္ထုများ၏ ပုံပန်းသဏ္ဍာန်ကို မမှတ်မိနိုင်ခြင်း အမြင်အာရုံမကောင်းခြင်း အကွာအဝေး မသိခြင်း၊ ဝဲယာ မခွဲနိုင်ခြင်း ကောင်းစွာ မရပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ သိမြင်နားလည်မှု ပြောင်းလဲခြင်းတွေဟာ သင့်ဘဝကို ဘက်ပေါင်းစုံကနေ ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်။ အဝတ်အစားလဲခြင်း၊ ရေချိုးခြင်းစတဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခက်ခဲလာပါလိမ့်မယ်။ တခြားတယောက်ယောက်က ကိုယ့်ကို ဘာပြောလိုက်တယ်ဆိုတာ အလွယ်တကူ မေ့သွားနိုင်ပါတယ်။ နာမည်တွေကို မမှတ်မိဘဲ ဖြစ်တတ်ပါတယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်သမျှဟာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကို ကာကွယ်နိုင်သော နေထိုင်မှုပုံစံ အပိုင်း ၁

လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေတွေမှာ မပြောင်းလဲနိုင်တဲ့ အသက်အရွယ်ကြီးခြင်းနဲ့ မိသားစုရာဇဝင် ပါဝင်ပေမယ့် သင်ရှောင်ရှားနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့အတွက် သင့်ဘဝကို အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်း လုပ်ဆောင်ရပါမယ်။ သင်စတင်နိုင်ဖို့အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။   ၁။ သွေးပေါင်ချိန်ကို ထိန်းပါ သွေးတိုးခြင်းကို ထိရောက်စွာ မကုသရင် လေဖြတ်နိုင်ခြေ မြင့်စေပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ နာတလီယာရို့စ်ရဲ့ အဆိုအရ သေါးပေါင်တက်ခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေ အပေါ်မှာပါ ကြီးစွာသောသက်ရောက်မှု ရှိပါတယ်။ ရှိသင့်တဲ့ သွေးပေါင်ချိန်ကတော့ ၁၂၀/၈၀ ဖြစ်ပါတယ်။ တခါတရံမှာ ၁၄၀/၉၀ ကလည်း လက်ခံစရာဖြစ်ပါတယ်။ ဒိရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ သင့်စားသောက်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲပေးနိုင်ပါတယ်။ တနေ့ကို ဆား ဇွန်းတဝက်စာလောက် လျှော့စားခြင်း အဆီများသော အစာရှောင်ခြင်း ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အအဆန်နှင့် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၁

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။   လေဖြတ်ပြီးပြန်လည်လေ့ကျင့်ချိန်မှာ သင့်လက်အတွက် ဘာကိုမျှော်လင့်သလဲ သင့်ရဲ့ ပြန်လည်သန်စွမ်းရေး အစီအစဉ်မှာ လေ့ကျင့်ပေးတဲ့အဖွဲ့ ပါဝင်ပါတယ်။ အဲ့ဒီမှာ ကာယပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်ဆိုင်ရာ လေ့ကျင့်ပေးသူတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ သင့်လက်ကို ပြန်ကောင်းလာဖို့ လေ့ကျင့်ခန်းပေါင်းစုံ လုပ်ပေးပါလိမ့်မယ်။ အဓိကရည်မှန်းချက်၂ခုကတော့ ကြွက်သားရဲ့ထိန်းချုပ်မှု မြင့်တက်လာဖို့နဲ့ အကြောဆွဲခြင်း လျော့ကျသွားဖို့ ဖြစ်ပါတယ်။ ကြွက်သားတွေ တောက်လျှောက် ကြုံ့ပြီးနေရရင် နာကျင်တဲ့အပြင် တခြားပြသနာတွေ ရှိပါတယ်။ လက်လေ့ကျင့်ခန်းမှာ ကူညီလေ့ကျင့်ပေးသူက သင့်လက်ကိုကိုင်ပြီး လှုပ်ရှားပေးတာအပြင် သင်ကိုယ်တိုင်အားထုတ်မှုနဲ့ ဘေးကနေ အကူမပါဘဲ ဒါမှမဟုတ် အကူမပါဘဲ လှုပ်ရှားပေးခြင်းတွေ ပါဝင်ပါတယ်။ လေဖြတ်ပြီးချိန်လုပ်ရတဲ့ ပြန်လည်သန်စွမ်းရေး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၂

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။   လက်၏ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ လက်ကိုသုံးပြီး အလုပ်တွေပြီးအောင် လုပ်နေစေခြင်းဟာ လေဖြတ်ပြီးချိန်မှာ ပြန်ကောင်းလာဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီး ပြန်လည် သန်စွမ်းရေး ကိစ္စမှာ လက်တွေ့အသုံးပြုပေးခြင်းက အဓိကဖြစ်ပါတယ်။ ဂီတတူရိယာသင်ယူစဉ်မှာ ဂီတနုတ်စ်တွေကို ထပ်တလဲလဲ လေ့ကျင့်ပေးရတဲ့ သဘောလိုပါပဲ။ နောက်ပိုင်းမှာ သုတေသီတွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လှုပ်ရှားခြင်းတွေအတွက် လုပ်ငန်းဆောင်တာတွေ ဘယ်လိုသတ်မှတ်ထားတယ် ဆိုတာ ပိုပြီး နားလည်လာကြပါတယ်။ ဒါကြောင့် လက်မသန်ဖြစ်တာကို သီးသန့်ကုမယ့်အစား လက်ရဲ့ လုပ်ငန်းဆောင်တာ တခုလုံး ကုသတဲ့နည်းတွေဆီ ပြောင်းလဲခဲ့ကြပါတယ်။ Constraint-induced movement therapy (CIMT) […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကလေးငယ်များ၊ လူငယ်များ လေဖြတ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း

လေဖြတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်တတ်ပါတယ်။ လေဖြတ်ပြီးနောက် ပြောင်းလဲခြင်းများဟာ အတန်အသင့်ကနေ ဆိုးရွားတဲ့အဆင့်ထိရှိပါတယ်။ ခဏတာကနေ အတော်ကြာတဲ့ အခြေအနေထိ ရှိတတ်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဥိးနှောက်ရဲ့ ဘယ်နေရာထိခိုက်တယ်၊ ဘယ်လောက်ပြင်းထန်တယ် ဆိုတဲ့အပေါ် မူတည်ပါတယ်။ လေဖြတ်ပြီးနောက် ဦးနှောက်မှာရှိတဲ့ အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ အပိုင်းတွေကို ထိခိုက်မိရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေ ပေါ်လာတတ်ပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာ လေဖြတ်ခြင်းကို သင့်ကိုယ်ခန္ဓါက တုံ့ပြန်လို့ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သင့်မှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ဆိုးရွားလာရင် ပျောက်မသွားရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေါးနွေးနှစ်သိမ့်သူ၊ စိတ်ကျန်းမာရေးကုသသူ တွေဆီမှာလည်း တိုင်ပင်နိုင်ပါတယ်။ ပြောင်းလဲခြင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။ စိတ်ပူပန်ခြင်း။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ပူပင်နေတတ်ပါတယ်။ စိတ်ဓါတ်ကျဆင်းခြင်း။ လေဖြတ်ပြီးနောက် ဝမ်းနည်းတာစိတ်ညစ်တာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပိုပြီး ဆိုးရွားစွာ စိတ်ထိခိုက်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ တခြားသူတွေကို မှီခိုနေရလို့ စိတ်နိုင်းမကျတာ၊ အကူအညီမဲ့တယ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်