ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပြင်းထန်တဲ့ ဝေဒနာပါ။ အထူးသဖြင့် ခဏခဏ ခေါင်းကိုက်တတ်ရင် ပိုခံစားရပါတယ်။ ဘာတွေကများ ခေါင်းကိုက်စေတာလဲ။ ဘယ်လိုကာကွယ် ကုသကြမလဲ။ ခေါင်းကိုက်ခြင်း အမျိုးမျိုးအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ

ခေါင်းကိုက်တာ သက်သက်က အရေးပေါ်ကျန်းမာရေး ပြဿနာ တစ်ခု မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာဆိုပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ကောင်းကောင်း အာရုံမစိုက်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပါ။ ဒီလို ခေါင်းကိုက်တဲ့အခါ အာရုံ စုစည်းဖို့ ခက်သလို လုပ်နေကျ ကိစ္စတွေကိုတောင် လုပ်ဆောင်ဖို့ ခက်ခဲတာတော့ အမှန်ပါ။ ခေါင်းကိုက်လာတဲ့အခါ ဆေးလည်း မသောက်ချင်ဘူး။ ဒါပေမယ့်လည်း ခေါင်းကိုက်တာကို မြန်မြန်လေးတော့ သက်သာသွားစေချင်တယ် ဆိုတဲ့သူလေးတွေ ရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ခေါင်းကိုက်တယ် ဆိုတာ ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲ၊ ကဖင်း […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

ခေါင်းတွေကိုက် လိုက်တာဆိုတဲ့ ဝေဒနာမျိုးက နေပူထဲမှာ နေတာကြာလာသူတွေမှာ အတော်လေး တွေ့ရတတ်ပါတယ်။ နေပူထဲမှာ အနေကြာလာတဲ့အခါခေါင်းတွေ အုံလာတာဖြစ်တတ်သလို တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက် လာတာလည်း ကြုံရတတ်ပါတယ်။ တချို့ဆို ဖျားတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ နေပူထဲမှာ နေတာကြာရင် ဘာလို့ ခေါင်းကိုက် တာလဲ။ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာ နည်းလမ်းတွေကို ပြောပြပေးပါမယ်။ နေပူထဲမှာ နေတာကြာရင် ဘာကြောင့် ခေါင်းတွေကိုက် တာလဲ။ ဒါကို Heat headaches လို့ ခေါ်ပါတယ်။ ပူတာသက်သက်ကတော့ ခေါင်းကိုက်စေတာ ရှားပါတယ်။ တခြားသော အချက်တွေက အားပေးကူညီနေလို့သာ ခေါင်းကိုက်တဲ့အထိ ဖြစ်လာတာပါ။ ဒီအချက်တွေကတော့ ရေဓာတ်ခမ်းခြောက်တာ Baylor College of Medicine အရ နေပူထဲမှာ ခေါင်းကိုက်ရတာက ရေဓာတ်ဆုံးရှုံးလို့ ဖြစ်နိုင်ပါတယ်တဲ့။ ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးကြောတွေ ကျုံ့လာတာကြောင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ခေါင်းကိုက်လိုက်တာ...... ပြောတော့သာ ဘာမှမဟုတ်သလိုနော်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး။ ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ။ ခေါင်းကိုက်တာကို မခံစားဘူးသူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ။ ကဲ ...... ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား........ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ ခေါင်းကိုက်တာ အမြန်ဆုံး သက်သာစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ (၁) ရေသောက်ပါ ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေဓာတ် မလုံလောက်တာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊ သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ ပုံမှန်ခေါင်းကိုက်ခြင်းများကဲ့သို့ သိပ်ပြီးစိုးရိမ်စရာ မရှိပေမဲ့လည်း ခေါင်းကိုက်ခြင်းဝေဒနာကြောင့် ကိုယ့်ရဲ့ တစ်နေ့လာ လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့အထိ၊ ဘာမှလုပ်ချင်စိတ် ကိုင်ချင်စိတ်မရှိတော့တဲ့အထိ ဆိုးရွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ ဟော်မုန်းအပြောင်းအလဲနှင့် ခေါင်းကိုက်ခြင်းအကြောင်းရင်း အမျိုးသမီးတွေမှာ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းရဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းများ မျှခြေပျက်ယွင်းမှုကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီမဟော်မုန်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နည်းသွားတဲ့အခါ (သို့မဟုတ်) များသွားတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ၁။ ရာသီစက်ဝန်းကြောင့် ခေါင်းကိုက်ခြင်း အမျိုးသမီးများ လစဉ် ဓမ္မတာလာစဉ်မှာ မအကျိုးပြု […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ

လူတိုင်းနီးပါး ခေါင်းကိုက်တယ်ဆိုတာကို ခံစားဖူးပါတယ်။ ခေါင်းကိုက် နေပြီ ဆိုရင် ဘာမှ လုပ်လို့ အဆင်မပြေတော့ဘူး။ မဆိုစလောက်လေး ခေါင်းကိုက် နေရင်တောင် ကိုယ့်ရဲ့ လုပ်စရာကိစ္စတွေမှာ အနှောင့်အယှက်တွေဖြစ် စဉ်းစားလို့မရ လုပ်နေကျ အလုပ်တွေကိုတောင် လုပ်မရဖြစ်၊ အရမ်းဆိုးရင်တော့ အိပ်ရာထဲကကို မထနိုင်အောင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလောက်အောင် ခံစားရပါတယ်။ ပြောတော့သာ ခေါင်းကိုက် တယ်ဆိုတဲ့ တစ်ခွန်းတည်းပါ။ နားထင်က ထိုးတာ၊ တဒိတ်ဒိတ်နဲ့ ကိုက်တာ၊ ဟိုဟိုဒီဒီ စူးခနဲ ခေါင်းကိုက်တာ၊ နောက်စေ့က အုံခဲနေတာ၊ နဖူးနဲ့ မျက်ရိုးနား ကိုက်တာ စတဲ့ ခေါင်းကိုက်နည်းတွေ မျိုးစုံပါပဲ။ ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ ကို နည်းနည်းအဖြေရှာကြည့်ရအောင်။ https://youtu.be/gVxnBnOJxTs ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ ခေါင်းကိုက်စေနိုင်တဲ့ အကြောင်းရင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအများကြီးပါ။ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ခေါင်းကိုက်ခြင်းဟာ လူအတော်များများမှာ ကြုံတွေ့နေရတတ်တဲ့ အခြေအနေတစ်ခုပါ။ ခေါင်းအနည်းငယ်သာ ကိုက်ခြင်းကနေ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိ ခေါင်းကိုက်နေခြင်းမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလို ခေါင်းကိုက်ဝေဒနာတွေကို ကုသပေးနိုင်မယ့် ခေါင်းကိုက်ပျောက်ဆေးတွေ အမျိုးမျိုးရှိနေသလို ခေါင်းကိုက်ခြင်းအတွက် သဘာဝနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ သင်က မကြာခဏ ခေါင်းကိုက်တတ်သူ ဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်သူ များ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ (၁) ရေသောက်ပါ။ ရေဓာတ်မပြည့်ဝခြင်းကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ရေဓာတ်မပြည့်ဝတာကြောင့် အာရုံမစူးစိုက်နိုင်တော့ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာနိုင်တာမို့ ခေါင်းကိုက်ခြင်းကို ပိုဆိုးစေမှာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရေကိုလုံလောက်စွာ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတဲ့အစားအစာတွေ၊ အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။ (၂) မဂ္ဂနီဆီယမ် သတ္တုဓာတ်မှီဝဲပါ။ မဂ္ဂနီဆီယမ်နည်းပါးခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို အာရုံကြောတွေအတွက်လည်း ကောင်းပါတယ်။ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း

သင့်အနေနဲ့ ရေကိုလုံလောက်စွာ သောက်သုံးခြင်းမရှိရင် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရပေမယ့် သုတေသနတချို့အရ ရေဓာတ်နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း ရဲ့ လက္ခဏာများ ရေဓာတ်နည်းပါးခြင်းကြောင့် ခေါင်းကိုက်ခြင်းဟာ တယောက်နဲ့ တယောက် ကွဲပြားမှုရှိနိုင်ပါတယ်။ အများစုကတော့ ဆင်တူကြပါတယ်။ များသောအားဖြင့် လှုပ်လှုပ်ရှားရှားလုပ်တိုင်း ခေါင်းရဲ့ တဖက်တချက်စီမှာ တဒိတ်ဒိတ်ထိုးပြီး ကိုက်နေတတ်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ခေါင်းကိုက်သူဆယ်ဦးအနက် တဦးမှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူများရဲ့ ခေါင်းကိုက်ခြင်းဟာ ခေါင်းကို လှုပ်ရှားခြင်း၊ ငုံ့ခြင်း၊ လမ်းလျှောက်ခြင်း စတာတွေလုပ်ဆောင်ရင် ပိုဆိုးတတ်ပါတယ်။ သူတို့အများစုဟာ ရေသောက်ပြီး နာရီဝက်ကနေ ၃နာရီအတွင်း သက်သာသွားတတ်ပါတယ်။ နာတာရှည်ခေါင်းတခြမ်းကိုက်လူနာတွေနဲ့ ခေါင်းကိုက်လူနာတွေကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

နေပူထဲသွားတိုင်း ခေါင်းကိုက်နေပြီလား

ရာသီဥတုက ပူလာပြီနော်။ နေပူရှိန်က ခပ်ပြင်းပြင်းရယ်။ နေ့ခင်းနေ့လယ်ဆို နေရောင်ကလည်း စူးစူးရှရှကြီးနဲ့ ပူပူလောင်လောင်ကြီး။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ကြရဖို့ ကြုံလာရပြီဆို လူအတော်များများအတွက် စိတ်ညစ်ဖို့ သိပ်ကောင်းလှပါတယ်။ ဒီလောက်ပူလောင်နေတဲ့ ကာလမျိုးမှာ အပြင်ထွက်တဲ့အခါ မကြာခနလည်း ခေါင်းကိုက်တဲ့ဝေဒနာမျိုး ခံစားရလေ့ရှိကြပါတယ်။ နဂိုအခံရှိတဲ့ ရောဂါအခြေအနေတွေအပေါ် မူတည်ပြီး ခေါင်းကိုက်တာ (Headache) ခေါင်းတစ်ခြမ်းကိုက်တဲ့ ဦးယဉ်းနာ (Migraine) စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတက ပြောရရင်သာ လွယ်သလောက် ကုစားရခက်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကတော့ ဦးနှောက်အတွင်းက နာ့ဗ်ကြောလေးတွေ ဟန်ချက်ညီညီအလုပ်မလုပ်နိုင်ချိန်မှာ ခေါင်းကိုက်ဝေဒနာခံစားရမှာဖြစ်ပါတယ်။ ထူးခြားတဲ့ ဆေးပညာဆိုင်ရာ သီအိုရီတစ်ခုရှိပါတယ်။ ပူပြင်းတဲ့အချိန်တွေမှာ ခေါင်းကိုက်တာဟာ ဝေဒနာတစ်မျိုးဆိုတာမှန်ပေမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့ ဦးနှောက်က သဘာဝအလျောက် တုန့်ပြန်ခြင်းတစ်မျိုးဖြစ်တယ်ဆိုတဲ့ ယူဆချက်ပါပဲ။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို ဦးနှောက်က သဘာဝအလျောက် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............

ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တာကြောင့် ခံစားရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ သတ်မှတ်လို့ရတဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းက ဘာတွေများလဲ၊ လို့ သိချင်နေပြီလား။ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်နော်။ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ဘာလဲ........... ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။ ဒီတော့ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ.......... ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ ဆိုတော့ မျိုးရိုး မိဘမျိုးရိုးမှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရဖူးသူရှိမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။ အသက်အရွယ် အသက်အရွယ်ကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

Migraine ဆိုတာ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ပါ။ ဖြစ်လာရင် တဒိန်းဒိန်းနဲ့ ခေါင်းထိုးနေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ခါကိုက်ရင် နာရီပိုင်းလောက်ကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။ မကြာခဏခေါင်းကိုက်တတ်သူတွေ ဒီmigraineရဲ့ ထူးခြားတဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ရဲ့ လက္ခဏာများ Migraineက တခြားခေါင်းကိုက်တာနဲ့မတူဘဲ သူ့မှာအဆင့်၄ဆင့်ရှိပါတယ်။ လူတိုင်းဒီ၄ဆင့် ရှိချင်မှရှိပါတယ်။ (၁)အကြိုအဆင့် ခေါင်းမကိုက်ခင် ၁ရက် ၂ရက်အလိုမှာ ဝမ်းချုပ်တာ စိတ်အပြောင်းအလဲဖြစ်တာ (စိတ်ကျတာ) အစာစားချင်စိတ်များတာ ရေဆာတာ၊ ဆီးသွားများတာ မကြာခဏသမ်းတာ (၂) Aura (ဖြစ်ခါနီးအဆင့်) တချို့သူတွေက ခေါင်းမကိုက်ခင် ဒီအဆင့်ကိုဖြတ်ရပါတယ်။ ၈၀ရာခိုင်နှုန်းမှာတော့ မရှိပါဘူး။ ဒါကို migraine without auraလို့ခေါ်ပါတယ်။ ဖြည်းဖြည်းခြင်းစဖြစ်လာပြီး မိနစ်၂၀ကနေ ၆၀အထိကြာတတ်ပါတယ်။ လက္ခဏာတွေကတော့ မျက်လုံးထဲမှာ အစက်အပြောက်တွေဖြစ်တာ၊ လျှပ်စီးလက်သလိုဖြစ်တာ အမြင်ခဏပျောက်သွားတာ လက်နဲ့ခြေထောက်မှာ အပ်နဲ့ထိုးသလို စူးတာ မျက်နှာ ဒါမှမဟုတ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း