လူတိုင်းနီးပါး ခေါင်းကိုက်တယ်ဆိုတာကို ခံစားဖူးပါတယ်။ ခေါင်းကိုက် နေပြီ ဆိုရင် ဘာမှ လုပ်လို့ အဆင်မပြေတော့ဘူး။ မဆိုစလောက်လေး ခေါင်းကိုက်နေရင်တောင် ကိုယ့်ရဲ့ လုပ်စရာကိစ္စတွေမှာ အနှောင့်အယှက်တွေဖြစ် စဉ်းစားလို့မရ လုပ်နေကျ အလုပ်တွေကိုတောင် လုပ်မရဖြစ်၊ အရမ်းဆိုးရင်တော့ အိပ်ရာထဲကကို မထနိုင်အောင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလောက်အောင် ခံစားရပါတယ်။