ဟစ်စတာမင်းဓာတ်ဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ချိစ်၊ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်လို အစားအစာမျိုး၊ ဘီယာ၊ ဝိုင်၊ ငါးကင်တွေဟာ ဟစ်စတာမင်းဓာတ်ပါတဲ့ ပြင်ပအစားအစာတွေပါ။ ဟစ်စတာမင်းဟာ ခေါင်းကိုက်လွယ်ခြင်းကို ဖြစ်စေတာကြောင့် အထက်ပါအစားအစာတွေ မကြာခဏ စားတာကို ရှောင်ပေးပါ။
(၆) ဗီတာမင်ဘီပါဝင်အောင် စုံလင်စွာ သောက်သုံးပါ။
ဗီတာမင် B1 , B2 , B6 , B12 အစရှိတဲ့ ဗီတာမင်အရောအားဆေးတွေကိုလည်း မှီဝဲနိုင်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဘီအစုအဝေးဟာ အာရုံကြောအတွက် အလွန်ကောင်းတာကြောင့် ခေါင်းကိုက်ခြင်းကို လျော့နည်းစေမှာပါ။
(၇) ရေခဲကပ်ပါ။
ခေါင်းကိုက်တဲ့အခါ ရေခဲကို အဝတ်သန့်သန့်နဲ့ ထုပ်ပိုးကာ ကိုက်ခဲတဲ့နေရာမှာ ညင်သာစွာ ကပ်ပေးပါ။ အရောင်သက်သာစေပြီး သွေးကြောကျဉ်းစေတာမို့ ဝေဒနာ သက်သာစေမှာပါ။
(၈) ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် သောက်ပါ။
လက်ဖက်ရည်၊ ကော်ဖီမှာပါဝင်တဲ့ ကဖင်း ဓာတ်ဟာ စိတ်ကြည်လင်လန်းစေပြီး သွေးကြောတွေ ကျဉ်းစေပါတယ်။ ခေါင်းကိုက် ပျောက်ဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုအစွမ်းထက်စေပါတယ်။ ဒါပေမယ့် ကော်ဖီ၊ လက်ဖက်ရည် ရုတ်တရက်ဖြတ်လိုက်သူတွေမှာ ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတာ၊ ညအိပ်မပျော်တာလည်း ဖြစ်တတ်တာကြောင့် အလွန်အကျွံ သောက်တာကိုတော့ ရှောင်ကြဉ်ပါ။
(၉) ယောဂပြုလုပ်ပါ။
ယောဂလေ့ကျင့်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေလို နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ ကောင်းမွန်တဲ့ဘဝကိုလည်း ပေးစွမ်းနိုင်ပါတယ်။ နာတာရှည် ခေါင်းကိုက်ဝေဒနာကိုတောင် ယောဂလေ့ကျင့်ခြင်းနဲ့ သက်သာသွားစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။