backup og meta

နေပူထဲသွားတိုင်း ခေါင်းကိုက်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူထဲသွားတိုင်း ခေါင်းကိုက်နေပြီလား

    ရာသီဥတုက ပူလာပြီနော်။ နေပူရှိန်က ခပ်ပြင်းပြင်းရယ်။ နေ့ခင်းနေ့လယ်ဆို နေရောင်ကလည်း စူးစူးရှရှကြီးနဲ့ ပူပူလောင်လောင်ကြီး။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ကြရဖို့ ကြုံလာရပြီဆို လူအတော်များများအတွက် စိတ်ညစ်ဖို့ သိပ်ကောင်းလှပါတယ်။

    ဒီလောက်ပူလောင်နေတဲ့ ကာလမျိုးမှာ အပြင်ထွက်တဲ့အခါ မကြာခနလည်း ခေါင်းကိုက်တဲ့ဝေဒနာမျိုး ခံစားရလေ့ရှိကြပါတယ်။ နဂိုအခံရှိတဲ့ ရောဂါအခြေအနေတွေအပေါ် မူတည်ပြီး ခေါင်းကိုက်တာ (Headache) ခေါင်းတစ်ခြမ်းကိုက်တဲ့ ဦးယဉ်းနာ (Migraine) စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။

    ခေါင်းကိုက်တယ်ဆိုတက ပြောရရင်သာ လွယ်သလောက် ကုစားရခက်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကတော့ ဦးနှောက်အတွင်းက နာ့ဗ်ကြောလေးတွေ ဟန်ချက်ညီညီအလုပ်မလုပ်နိုင်ချိန်မှာ ခေါင်းကိုက်ဝေဒနာခံစားရမှာဖြစ်ပါတယ်။

    ထူးခြားတဲ့ ဆေးပညာဆိုင်ရာ သီအိုရီတစ်ခုရှိပါတယ်။ ပူပြင်းတဲ့အချိန်တွေမှာ ခေါင်းကိုက်တာဟာ ဝေဒနာတစ်မျိုးဆိုတာမှန်ပေမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့ ဦးနှောက်က သဘာဝအလျောက် တုန့်ပြန်ခြင်းတစ်မျိုးဖြစ်တယ်ဆိုတဲ့ ယူဆချက်ပါပဲ။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို ဦးနှောက်က သဘာဝအလျောက် သတိပေးတဲ့ သဘောလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒါဟာ သီအိုရီယူဆချက်တစ်ခုသာဖြစ်ပြီးတော့ ဘယ်လောက် မှန်ကန်တယ်ဆိုတာကို ဘယ်သူမှ သက်သေမပြနိုင်ကြသေးပါဘူး။

    အပူချိန်ကြောင့် ခေါင်းကိုက်တာက လူကို မထိခိုက်စေဘူးလား

    မဟုတ်ပါဘူး။ မှားပါတယ်။ ခေါင်းကိုက်တယ်ဆိုတာက လူကို အမြဲထိခိုက်စေပါတယ်။ အပူချိန်ကြောင့်ပဲဖြစ်ဖြစ် တခြားသော ရာသီဥတုအခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ်ပါ ခေါင်းကိုက်တာဟာ လူကို ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

    ကိုယ်ဟာ ပုံမှန်အချိန်တွေမှာတောင် ခေါင်းကိုက်သူ တစ်ယောက်ဆိုရင် ရာသီဥတုပြင်းထန်ချိန်မျိုးတွေ အပြင်မထွက်ခင်မှာ အောက်ပါ လက္ခဏာတွေ ကိုယ့်မှာ ရှိနေလား စစ်ဆေးသင့်ပါတယ်။ အဲဒါတွေကတော့

  • စိတ်ကသိကအောက်ဖြစ်တာ၊
  • စိတ်ဓာတ်ကျတာ၊
  • အိပ်ရေးမဝတာ၊
  • မကြာခနသမ်းဝေနေတတ်တာ၊
  • အရမ်းစိတ်လှုပ်ရှားနေတာတွေ ပါပဲ။
  • အဲလို လက္ခဏာတွေ ရှိနေပြီဆိုရင် ပူပြင်းတဲ့နေရောင်ထဲကို မထွက်သင့်ပါဘူး။ ဒီလိုမဟုတ်ပဲ အပူချိန်ပြင်းပြင်း နေရောင်အောက်ကို ထွက်မိပြီဆိုရင်တော့ သေချာပေါက် ခေါင်းကိုက်ပါလိမ့်မယ်။

    အပူချိန် အလွန်အမင်းပြင်းထန်တာကြောင့် ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ခံစားလာရပြီဆိုရင် သတိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂရုမစိုက်မိရင် နောက်ထပ် ပြဿနာတွေထပ်ပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ အော့အန်တာ၊ အနံဆိုးတွေ ခံစားမိလာတာနဲ့ အမြင်အာရုံတွေ ဝေဝါးပြာဝေတာတွေဖြစ်လာနိုင်ပါတယ်။ အဆိုးရွားဆုံးအခြေအနေမှာ ဦးနှောက်သွေးကြော ပြတ်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

    ဒါဆို ခေါင်းကိုက်တာ သက်သာအောင် ဘယ်လို လုပ်မလဲ

    ခေါင်းကိုက်လာပြီဆိုရင် ဘာကြောင့်ကိုက်ကိုက် အလျှင်အမြန်သက်သာအောင် ကုစားတာက အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ပူပြင်းတဲ့နေရောင်အောက်မှာ အပြင်သွားလာရင်း ခေါင်းကိုက်လာပြီဆိုရင် ရေများများသောက်ပေးတာက နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် အပူချိန်မြင့်မားတာကြောင့် ရေဓာတ်ဆုံးရှုံးပြီး ခေါင်းပိုကိုက်တာဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် ဒီဝေဒနာကို ရေရှည် ဖယ်ရှားဖို့ ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါတွေကတော့

    • နေ့စဉ် ရေ ဝဝလင်လင် သောက်ပါ
    • မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစားအစားတွေ များများစားပေးပါ (အစိမ်းရောင် အသီးအရွက်၊ ထောပတ်သီး၊ ပဲ၊ အဆေ့အစံ၊ ငှက်ပျောသီး)
    • အရက်သောက်တာ ရပ်ပါ
    • အိပ်ရေးဝဝ အိပ်စက်အနားယူပါ
    • Histamine ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ (ဘီယာ၊ ဒိန်ခဲ၊ ဝိုင်၊ ငါးကျပ်တိုက်)
    • Peppermint oil ဒါမှမဟုတ် Lavender oil သုံးပါ
    • ဗီတာမင် B ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို မှီဝဲပါ
    • Diet လုပ်တာ လျှော့ပါ
    • ကော်ဖီ၊ လက်ဖက်ရည် မှီဝဲပါ
    • ယောဂလေ့ကျင့်ခန်း လုပ်ပါ
    • မွေးသည်ဖြစ်စေ နံသည်ဖြစ်စေ ပြင်းထန်တဲ့ ရနံ့တွေကို ရှောင်ပါ
    • Nitrates နဲ့ Nitrites တို့ပါဝင်တဲ့ hot dogs တွ sausages တွေနဲ့ bacon တွေကို ရှောင်ပါ
    • ဂျင်းပါဝင်တဲ့ လက်ဖက်ရည်ကြမ်းမျိုး စွဲသောက်ပေးပါ
    • ကိုယ်ကာယ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    တခြားရာသီဥတု အခြေအနေတွေကြောင့်လည်း သင် ခေါင်းကိုက်နိုင်တာကိုလည်း မမေ့ပါနဲ့

    ပြင်ပအပူချိန်ကြောင့် ခေါင်းကိုက်တာဟာ အဖြစ်များတဲ့ဝေဒနာဖြစ်ပါတယ်။ ပူပြင်းမှု တစ်ခုတည်းက ခေါင်းကိုက်ဝေဒနာကို ခံစားစေရတာမဟုတ်ပါဘူး။ တစ်ချို့လူတွေဟာ တခြားသော ရာသီဥတုအခြေအနေတွေကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။

    National Headache Foundation ရဲ့ သုတေသနပြုချက်တွေအရဆိုရင် အမျိုးမျိုးသော ရာသီဥတုအခြေအနေ ၁၂ မျိုးကြောင့် ခေါင်းကိုက်ဝေဒနာခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေကတော့

    • စိုထိုင်းဆ ပြောင်းလဲတာ
    • အပူချိန် ပြောင်းလဲတာ
    • မုန်တိုင်းတိုက်တာ
    • အလွန်အမင်း ခြောက်သွေ့တာ
    • ဖုန်ထူတာ
    • လေဖိအား ပြောင်းလဲတာ
    • အနံအသက် ပြောင်းလဲတာ
    • အလင်းရောင် စူးရှတောက်ပလွန်း
    • မီးခိုးမွှန်တာ
    • လေတိုက်နှုန်းပြင်းထန်တာ
    • အလွန်အမင်း အပူချိန်ကျဆင်းတာ
    • ရုတ်တရက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ကွာဟချက် ပြောင်းလဲတာတွေဖြစ်ပါတယ်။

    နောက်ထပ် သတိထားရမှာက ခေါင်းကိုက်ဝေဒနာခံစားရတဲ့ လူနာအများစုဟာ သူတို့ ခေါင်းကိုက်ကြရင် တခြားပြဿနာတွေ၊ ရောဂါတွေကြောင့်လို့ ထင်မြင်တတ်ကြပြီး ဆရာဝန်တွေကို ရောဂါအခြေအနေပြောပြကြရာမှာ ပတ်ဝန်းကျင်အခြေအနေနဲ့ ရာသီဥတုအကြောင်းကို ထည့်သွင်းပြောဆိုကြလေ့မရှိဘူးလို့ ဆိုပါတယ်။ ဒီအချက်ဟာ သတိထားသင့်တဲ့အချက်ဖြစ်ပြီး ရှောင်ကျဉ်နိုင်ဖို့ အသိပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement