အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့နေ တဲ့ပြဿနာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများပေမယ့် တခါတရံ အသက် ၄၀-၅၀ အရွယ်တွေမှာ ဖြစ်တာလည်း တွေ့ရတတ်ပါတယ်။ အသက်လေးဆယ်ကျော်အရွယ်တွေမှာ အယ်လ်ဇိုင်းမားဖြစ်ရင် ရောဂါအမည်တပ်ဖို့ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။