ဘယ်သူမှ ခေါင်းမကိုက်ချင် ကြပေမယ့် လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ များသောအားဖြင့် ခေါင်းကိုက်ရင် နှိပ်နယ်တာနဲ့ ဆေးဝါးမှီဝဲတာတွေ အသုံးပြုပြီး ကုစားကြတာများတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်သလို လူနေမှုပုံစံ မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။