ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

တကယ်တော့ ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း က မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုအပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေဆိုတာ မိဘတွေ ထားရာနေ၊ ကျွေးတာစား၊ သင်ပေးတဲ့အတိုင်း ကြီးပြင်းလာရတာမလား။ ကလေးတစ်ယောက် ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တစ်နည်းအားဖြင့် ဦးနှောက်လည်း ဖွံ့ဖြိုး၊ ခန္ဓာကိုယ်လည်း ဖွံ့ဖြိုးစေဖို့ မိဘတွေ ဘယ်လိုများ စောင့်ရှောက်ကြရင် ကောင်းမလဲ။ ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း ကို စတင်လှမ်းလျှောက်နိုင်ဖို့ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဆိုတာ ကလေးလေး ပေါင်ချိန်တက်လာတာနဲ့တင် မပြီးသေးပါဘူး။ သူ့အရွယ်အလိုက် milestonesတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေ ရှိဖို့ လိုသလို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့လည်း လိုသေးတယ်မလား။ ဒီလိုဆိုတော့ ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ရတာ မလွယ်ပါလားလို့ မေမေတို့ တွေးမိကြတယ်ဟုတ်။ ဒါတွေကို တစ်ခုချင်းဆီ ရှင်းပြသွားမှာမို့လို့ ဆောင်းပါးအဆုံးကျရင် မေမေတို့ ဘာလုပ်ရမလဲဆိုတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တဲ့အခါ

မွေးခါစ ကလေးငယ်လေးတွေမှာ ဝက်ခြံပေါက် တာမျိုး မြင်ဖူးပါသလား။ လူကြီးတွေကတော့ ကလေးလေးက မသန့်လို့လား ဒါမှမဟုတ် မေမေ ဘာစားမိလို့များလဲလို့ စိုးရိမ်ကြပေမယ့် ဒါတွေကြောင့်  ဖြစ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာ ပေါက်တဲ့ ဝက်ခြံက များသောအားဖြင့်တော့ အန္တရာယ်မရှိလှပါဘူး။ ကလေးငယ်လေးတွေမှာ ပေါက်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲ ကလေးငယ်လေးတွေမှာ ပေါက်တဲ့ ဝက်ခြံက လူကြီးတွေမှာလိုမျိုး ဘက်တီးရီးယားတွေကြောင့်  ဖြစ်တာ မဟုတ်ပါဘူး။ များသောအားဖြင့် ၂ပတ်သားလောက်ဆို စပေါက်တတ်ပါတယ်။ ပြီးရင်တော့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ လူကြီးတွေလို ဝက်ခြံအမာရွတ်တွေ ဘာတွေလည်း မကျန်ပါဘူး။ (လူကြီးတွေက ကလေးဝက်ခြံကို သွားမညှစ်ဖို့တော့ လိုတာပေါ့) ကလေးဝက်ခြံက ၂ပတ်သားလောက်မှာ အဖြစ်များပေမယ့် ကလေးအသက် ၂လကနေ ၁နှစ်အတွင်း ဖြစ်တဲ့ ဝက်ခြံလည်း ရှိပါတယ်။ ဒါကိုတော့ infantile acneလို့ ခေါ်ပါတယ်။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ ……. ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား! ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ နို့ပွေး

မေမေတို့ ကလေးလေးတွေရဲ့ ပါးနားတစ်ဝိုက်မှာ၊ နဖူးမှာ နီရဲပြီး အဖက်လေးတွေ လန်နေမှာကို တွေ့ဖူးမှာပါ။ မေမေတို့ ထင်တာက ဒါက ကလေးကို ရေပုံမှန်မချိုးပေးလို့ ဒါမှမဟုတ် နို့တိုက်လို့ ဖြစ်တာလို့ တွေးကြမှာပါ။ တကယ်တော့ ဒါက ကလေးတွေမှာ အဖြစ်များတဲ့ နို့ပွေး ပါ။ နို့ပွေး ဆိုတာ နို့ပွေးဆိုလို့ ဒါက လူကြီးတွေမှာ ဖြစ်တဲ့ ပွေးကွက်တွေ မဟုတ်ပါဘူး။ ပွေးလိုမျိုး အကွက်လိုက်လေးတွေ ပေါ်တတ်ပေမယ့် ဒါက ပွေးလို ကူးစက်ရောဂါမဟုတ်ပါဘူး။ မေမေတို့ နားလည်အောင် ပြောရရင် လူကြီးတွေမှာ ဖြစ်တဲ့ နှင်းခူနဲ့ တူပါတယ်။ အလာဂျီရောဂါနဲ့ အနီးစပ်ဆုံးတူပါတယ်။ ဘာလို့ ကိုယ့်ကလေးမှာမှ နို့ပွေးဖြစ်ရတာလဲ တကယ်တော့ နို့ပွေးက တွေ့ရတာ မရှားပါဘူး။ မေမေတို့ကတော့ ထင်မှာပေါ့။ ဘာဖြစ်လို့ သူများကလေးတွေမှာ မဖြစ်ဘဲ ကိုယ့်ကလေးကျမှ လာဖြစ်ရတာလဲ။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။  ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ! ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင် အချိန်အကြာကြီး မမောမပန်းတမ်း ဆော့တာ ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးတာ ချော်လဲတာ ထိခိုက်မိတာ ပြုတ်ကျတာ တစ်ခုခုနဲ့ ဆောင့်မိတာလိုမျိုး အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ https://wp.hellosayarwon.com/parenting/stay-quiet-can-sick-child/ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။ အနားပေးပါ ကလေးက အဆစ်နာတာမျိုး […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

သားသားမီးမီးလေးတွေက လူစိမ်းတွေကို ကြောက်တာ၊ လူကြောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို ဘယ်လိုများ ကျော်လွှားရမလဲဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား! ဒါဆိုရင်တော့ ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင် နော်။ ကလေးတွေက ဘယ်အရွယ်မှာ စပြီး လူကြောက်တတ်သလဲ! ကလေးတွေက အသက် ၈ လ ကနေ ၁၀ လလောက် ရောက်လာချိန်မှာ သူစိမ်းတွေကို ကြောက်တတ်တဲ့ လူကြောက်တတ်တဲ့ ခံစားချက်ကို စခံစားလာရပါတယ်။ မိသားစုဝင် မဟုတ်သူတွေ မျက်နှာစိမ်းသူတွေကို မြင်ရင် ကြောက်တတ်ကြတာ သဘာဝပါ။ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ ဘေဘီလေးတွေက မြင်နေကျ လူက ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစားတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် မဝင်စေဖို့

မွေးချင်း များတဲ့ ကလေးတွေက တစ်ဦးတည်းသောသာ ဖြစ်လိုက်ချင်တယ်လို့ ပြောရင် သူတို့လေးတွေက တစ်ကိုယ်ကောင်းဆန်လိုက်တာလို့ မတွေးလိုက်ပါနဲ့ မေမေဖေဖေတို့ရေ ….. သူတို့လေးတွေ ဒီလို ဖြစ်ရတာက အကြောင်းရင်းခံတွေ အများကြီး ရှိပါတယ်။ အငယ်လေးတွေကို မုန်းလိုက်တာလို့ တွေးတာ၊ ပြိုင်ဘက်လိုမျိုး တွေးတာတွေက အကြီးလေးတွေမှာ ဖြစ်တတ်ကြပါတယ်။ ဒါကို အကြီးစိတ် မရှိဘူးလို့ မဆိုစေချင်ပါဘူး။ ဒီလိုမျိုး အကြီးဆုံးလေးတွေက အငယ်လေးတွေအပေါ် မုန်းစိတ် ဝင်တဲ့အခါ ကလေးကို အပြစ်မတင်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။  မောင်နှမ အချင်းချင်း၊ ညီအစ်မ အချင်းချင်း၊ ညီအစ်ကို အချင်းချင်းကြား ပြိုင်ဘက်တွေလို တွေးတာ မုန်းစရာလေးလို့ တွေးတာက မေမေဖေဖေတို့ရဲ့ အုပ်ထိန်းမှုနဲ့ အများကြီး ဆိုင်ပါတယ်။ အကြီးလေးတွေက သူ့နောက်က မွေးလာတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!

ကျောင်းတက်ရတာကို ကလေးတိုင်းကတော့ မပျော်ကြပါဘူး။ ကျောင်းတက်ရတာကိုက အတော်လေး စိတ်ပျက်စရာကောင်းပြီး ကြီးမားတဲ့ အခက်အခဲ တစ်ခုလို့ ယူဆနေတဲ့ ကလေးတွေက အများကြီး ရှိနေပါတယ်။ အထူးသဖြင့် မူကြိုအရွယ်လေးတွေနဲ့ မူလတန်း အရွယ်လေးတွေမှာပေါ့။ အချို့ဆိုရင် အသက်ရလို့ အလယ်တန်းအရွယ်လောက်ဖြစ်နေတာတောင် ကျောင်းတက်မပျော်ကြတဲ့ သားသားမီးမီးတွေက အများကြီးပါ။ ဒီလို ကျောင်းတက်ရတာ မပျော်ဖြစ်ပြီး ကျောင်းသွားခါနီးတိုင်း ကလေးက ငိုနေတာ မှိုင်နေတာတွေက မေမေအတွက်ရော ဖေဖေ့အတွက်ပါ အတော်လေး ခက်ခဲပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ကျောင်းပျင်းတာ ကလေးအပြစ်လား! မေမေဖေဖေတို့က ဘယ်လို မြင်လဲ မသိပေမယ့် ကျောင်းပျင်းတာကို ကလေးအပြစ်လို့တော့ ကျွန်မက မမြင်မိပါဘူး။  သားသားမီးမီးတွေက မွေးစကနေ အရင်ကဆို ၄ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)