စတော်ဘယ်ရီသီးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမျိုး မဟုတ်ဘဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ ဦးနှောက် ကျန်းမာစေဖို့ စတော်ဘယ်ရီသီး ကျွေးပေးလို့ ရပါတယ်။
စတော်ဘယ်ရီသီးက ဗီတာမင် E ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် C ပါဝင်တာက အနာကျက်စေဖို့ရော အရေပြား ပြဿနာ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ဘာတွေ သတိထားရမလဲ!
ဘေဘီလေးကို စတော်ဘယ်ရီ ပြင်ဆင်ပြီးတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားပြီး သေချာ မှည့်နေတာမျိုးကို ရွေးချယ်ဖို့ လိုသလို အစာနင်တာ သီးတာမျိုး မဖြစ်စေဖို့ အရွယ်တော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။ အမှည့်လွန်တာ မှိုလိုက်တာမျိုး မဖြစ်ဖို့ သေချာလေး ဂရုစိုက်ဖို့ လိုသလို ရေသေချာ ဆေးကြောဖို့လည်း မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။