ဖော်မြူလာနို့လေးနဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်လိုက်ပါ ကလေးကို နွေပူတာကြောင့် မစားဖြစ်ဘဲ လိုအပ်သွားတဲ့ အာဟာရ လိုအပ်ချက်ကို ဖြည့်ဖို့ဆိုရင် ကလေးလည်း ကြိုက် အာဟာရလည်း ပြည့်စေဖို့ ထောက်ကူပေးနိုင်မယ့် ဖော်မြူလာနို့ကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဖော်မြူလာနို့ကို ပုံမှန် တစ်ခွက်စီ တိုက်ပေးတာက ကလေးကို လိုအပ်တဲ့ အာဟာရ ပြည့်ဝပြီး ကျန်းမာစေဖို့ရော ကြီးထွားဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ဖော်မြူလာနို့နဲ့ ဖြည့်စွက်ပါလို့ ပြောရတာက ဖော်မြူလာနို့မှာ ကလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်စေဖို့ ထောက်ကူပေးနိုင်မယ့် ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သွေးအားမနည်းစေဖို့ ထောက်ကူပေးနိုင်မယ့် သံဓာတ်၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်လို့ ဖေဖေမေမေတိုင်း သိပြီးဖြစ်တဲ့ DHA နဲ့ အစာခြေစနစ် ကျန်းမာပြီး စားတိုင်း အာဟာရတွေကို အူနံရံတွေက ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ Dual Fiber နဲ့ ကိုယ်ခံအား ကောင်းပြီး အရိုးနဲ့ ကြွက်သားတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ပရိုတင်း စတာတွေ ပါဝင်နေလို့ပါ။
နွေပူလို့ ကလေးက အအေးသောက်မယ် တောင်းတဲ့အခါ ဖော်မြူလာနို့ အေးအေးလေးကို ပေးလိုက်တာက ကလေးကို အချိုတွေ မကျွေးမိသလို ကာကွယ်ပြီးသား ဖြစ်သလို အာဟာရ လိုအပ်ချက်ကိုပါ ဖြည့်ပေးနိုင်မှာပါ။
နွေပူလို့ ကလေး အစားမစားချင်ဘူးဆိုပြီး ဘူးခံ ငြင်းတဲ့ ပြဿနာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်တော့နော် မေမေတို့ရေ ……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။