ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။
ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။
သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏
ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။
သုံးစွဲရန်မလို။
ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။
ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ ကလေး မွေးပြီး ၆လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ရသောကြောင့် နို့ထွက်နည်း လျှင် ကလေးအာဟာရမပြည့်ပေ။
ကလေး၆လကျော်ရင် ဟော်မုန်းပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ကလေး၆လကျော်လျှင် ဖြည့်စွက်စာစားသောကြောင့် မိခင်နို့ထွက်နည်းသော်လည်း စိုးရိမ်စရာမရှိချေ။
ဟော်မုန်းပါသောဆေးမသုံးရန်။ ဖြစ်နိုင်ပါက ၃လခံဆေး မသုံးရန်။ progestrone တားဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ဟော်မုန်းပါသောဆေးများသည် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည်တို့ကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်။
ဟော်မုန်းပါသော ဆေးကဒ်များ မသုံးရန်။ ၃လခံဆေး သုံးနိုင်သည်။ တီဘီဆေးသည် ဆေးကဒ်များ၏ အာနိသင်ကို ကျစေပြီး ဆေးသောက်နေရင်း ကိုယ်ဝန်ရတတ်သောကြောင့်ဖြစ်သည်။
ဟော်မုန်းပါသောတားဆေးများကို တတ်နိုင်သမျှရှောင်ရန်။ ဟော်မုန်းမပါသော သားအိမ်အတွင်းထည့်ပစ္စည်းIUDသုံးနိုင်သည်။
လက်မောင်းတွင်းထည့် တားဆေးImplanon NXT၊ သားအိမ်အတွင်းထည့် ပစ္စည်းIUDသုံးနိုင်သည်။
သားဆက်ခြားနည်း သာမန်သုံးသူ နည်းစနစ်မှန်သုံးသူ
ဟော်မုန်းပါသောက်ဆေးများ၊ ကွန်ဒုံးများ၊ အရေးပေါ်တားဆေးများအား ဆေးဆိုင်အများအပြား၌ အလွယ်တကူ ရရှိနိုင်သော်လည်း ၃လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ကိုယ်ဝန်တားနည်းနှင့် သားအိမ်တွင်းထည့်ပစ္စည်းတို့မှာ ဆေးရုံဆေးခန်းများတွင် ကျွမ်းကျင်သော ဆရာဝန်များအကူအညီဖြင့်သာ ရရှိနိုင်သည်။
တားဆေးကဒ်သောက်ရန် မေ့လျော့လျှင် ကိုယ်ဝန်ရတတ်သောကြောင့် အောက်ပါအတိုင်းဆောင်ရွက်ပါ။
သတိရရခြင်း တစ်လုံးသောက်ပါ။ ပုံမှန်အချိန်တွင်လည်း တစ်လုံးသောက်ပါ။ ကျန်ဆေးများအား အစဉ်အတိုင်းဆက်သောက်ပါ။ ကွန်ဒုံးကို ၇ရက်သုံးပါ။
သတိရရခြင်း တစ်လုံးသောက်ပါ ။အဆိုပါ အတန်းမှ ဆေးများအား ကုန်အောင်ဆက်သောက်ပါ။ ပြီးလျှင်နောက်ဆုံးအတန်းကို မသောက်ဘဲ ဆေးကဒ်အသစ် ပြန်စသောက်ပါ ။ ကွန်ဒုံးကို ၇ရက်သုံးပါ။
မေ့သွားသောဆေးလုံးများအား ထုတ်ပစ်ပြီး ကျန်ဆေးများကို ဆက်သောက်ပါ။
ရေးသားသူ – Dr. May Thazin Oo
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။