၁။ အချိန်ဇယားဆွဲပါ
ပုံမှန် အိမ်ထောင်တစ်ခုနဲ့ မတူတဲ့အချက်က ဘာလဲဆိုတော့ Single mother တွေ ဟာ စီးပွားရေး၊ လူမှုရေးကိုပါ တာဝန်ယူရခြင်းပဲ ဖြစ်ပါတယ်။ နဂိုကတည်းက ငွေကြေးတောင့်တင်းတဲ့ အသိုင်းအဝန်းက ဆင်းသက်လာသူအဖို့ မထောင်းသာလှပေမယ့် ကိုယ့်တစ်ယောက်တည်း ဝင်ငွေနဲ့ မိသားစုရပ်တည်နေရတဲ့ Single mother တွေ အတွက်တော့ အချိန်တိုင်းဟာ အရေးကြီးလှပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အချိန်ပြည့်အလုပ်တစ်ခုကိုလည်း လုပ်နေရတယ်ဆိုရင် အချိန်ဇယားကောင်းကောင်းတခုကို ဆွဲထားဖို့ လိုပါလိမ့်မယ်။
မနက်အိပ်ရာထမယ့်အချိန်၊ ချက်ပြုတ်ရမယ့်အချိန်၊ ကလေးဝေယျာဝေစ္စ လုပ်ရမယ့်အချိန်၊ အလုပ်သွားဖို့ ပြင်ဆင်ရမယ့်အချိန် စသဖြင့် အကွက်ကျကျ စီမံရပါမယ်။ ဒါမှသာ စီးပွားရေး၊လူမှုရေး၊သားသမီး ပြုစုရေးတို့မှာ တတ်နိုင်သမျှ အလစ်အဟင်း နည်းမှာ ဖြစ်ပါတယ်။
တစ်နေကုန် ကလေးနဲ့ ခွဲပြီး အလုပ်လုပ်နေရတဲ့အတွက် ညဖက်ကျမှ ညဉ့်နက်တဲ့အထိ ကလေးနဲ့ အတူနေလိုက်မဟဲ့လို့လည်း မလုပ်ပါနဲ့။ ကလေးငယ်တွေဟာ ကျွန်တော်တို့ထက် အိပ်ချိန်ပိုမို လိုအပ်သလို မိခင်အနေနဲ့လည်း နေ့သစ်အတွက် အားမွေးဖို့ လိုပါတယ်။ ဒါကြောင့် အပတ်ကုန်အားလပ်ရက်တွေကျမှ ကလေးကို အချိန်ပိုပေးပါ။ အဓိက အချက်ကတော့ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် အချိန်ဇယားကို ရေးဆွဲပြီး အမှန်တကယ် လိုက်နာဖို့ပဲ ဖြစ်ပါတယ်။
၂။ ကလေးနဲ့ ကစားပေးပါ
သာမန်လူလွတ်တစ်ယောက်အတွက်တောင် ဒီခေတ်ကြီးက ဖိစီးပင်ပန်းလှပါတယ်။ အိမ်ထောင်တစ်ခုရဲ့ တာဝန်၊ ကလေးတစ်ယောက်ရဲ့ တာဝန်ကို တစ်ယောက်တည်း ထမ်းနေရသူအဖို့ ပိုလို့တောင် ဖိစီးမှုတွေများပါလိမ့်ဦးမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်များများ သင့်ကလေးနဲ့ အတူကစားပေးဖို့ အချိန်ကိုတော့ မရရအောင် ထားပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် ကစားကွင်းလိုက်ပို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။